iMyanmarHouse.com - Best Property Website for Myanmar
×
Credit: trend Myanmar
Unicode Version
လက်အိတ်က လက်တွေကို ကာကွယ်ကောင်း ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် အသားမာဖြစ်ပွားမှု တားဆီးပေးတဲ့ ပစ္စည်းကိရိယာတိုင်းက လေ့ကျင့်ခန်းကို အနှောင့်အယှက်ဖြစ်စေကြောင်း သိထားရပါမယ်။ အထူးသဖြင့် Kettlebell နဲ့ လေ့ကျင့်တဲ့ခါ လက်အိတ်က စနစ်ကျမှန်ကန်တဲ့ နည်းစနစ်ကို အဟန့်အတားဖြစ်စေပါတယ်။ ဒါပေမယ့် လက်နဲ့ လေ့ကျင့်ခန်းသုံးပစ္စည်းကိရိယာနှစ်ခု ပွတ်တိုက်မှုကို အောက်ပါနည်းလမ်းနဲ့ လျှော့နည်းစေနိုင်ပါတယ်။
-လေ့ကျင့်ခန်းမစခင် လက်တွေသေချာပွတ်ပေးပါ။ အသားမာတွေ မထိပါနဲ့။ အဆက်မပြတ် ထိမိပါက အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။
- အသားမာတွေကို ဆွဲနုတ်ပွတ်တိုက်ခြင်းကြောင့် ပိုမိုထူထပ်၊ မာတောင့် လာပါလိမ့်မယ်။ သွေးတွေလည်း ထွက်နိုင်ပါတယ်။
-လက်တွေကို ဆားခပ်ထားတဲ့ ရေနွေးထဲထည့်ပြီး ၁၅ - ၃၀ မိနစ် စိမ်ထားပေးပါ။ အရေပြား ပျော့ပျောင်းလပြီဆိုရင် အရေပြားဆဲလ်သေတွေ ဖယ်ရှားပါ။ ဒါပေမယ့် ထိခိုက်နာကျင်မှုမဖြစ်အောင်တော့ သေချာဂရုစိုက်ပေးရပါမယ်။ အသားမာတွေ ဖယ်ရှားတဲ့အခါ အရေပြားမှာ ရေဓာတ်ဝင်အောင် လူးရှင်းလိမ်းပါ။
- အရေပြားကြမ်းထော်မှုကို ကာကွယ်ဖို့ တစ်နေ့ ၂ ကြိမ် လုပ်ပေးရပါမယ်။ ရလဒ်က ချက်ချင်း သိသာလာပါလိမ့်မယ်။ ဒါပေမယ့် နှစ်ပတ်ကြာပြီးနောက် ထူးခြားမှုကို မြင်တွေ့ပါလိမ့်မယ်။
Credit: trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top