iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ တစ္ပတ္ နာရီ ၄၀ ဒါမွမဟုတ္ အဲဒီထက္ ပုိအလုပ္လုပ္ေနတဲ့ ပုံမွန္အခ်ိန္ုျပည့္ဝန္ထမ္းတစ္ဦးျဖစ္ပါက စေန၊ တနဂၤေႏြအားလပ္ရက္က ဝမ္းသာစရာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၄၈ နာရီက အထူးသျဖင့္ လုပ္ငန္းခြင္မွာ အတန္ၾကာေနျပီးသူေတြအတြက္ အပန္းေျဖအနားယူဖုိ႔ လုံေလာက္ပါရဲ႕လား။

တစ္ပတ္ ၂ ရက္ၾကာ အားလပ္ရက္က မလုံေလာက္ပါဘူး။ အသက္ ၄၀ အရြယ္ဝန္ထမ္းေတြ လုပ္ငန္းခြင္မွာ ပိုမိုသြက္လက္ျပီး အကာအကြယ္ ပိုျဖစ္ေစဖုိ႔အတြက္ ဒီထက္ ပိုနားဖုိ႔ လုိအပ္ေၾကာင္း Melbourne Institute ရဲ႕ ေလ့လာမႈအရ သိရပါတယ္။

အတိအက်ဆုိရရင္ သူတုိ႔ေတြဟာ အနည္းဆုံး တစ္ပတ္ ၄ ရက္ နားရက္ လုိအပ္ပါတယ္။ အလုပ္လုပ္ခ်ိန္ၾကာျမင့္တာက အားအင္ခ်ိနဲ႔ျခင္းနဲ႔ စိတ္ဖိစီးမႈျဖစ္ေစျပီး ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ခ်က္ေတြ ထိခိုက္ေစႏုိင္ပါတယ္။ လူလတ္ပိုင္းအရြယ္နဲ႔ ဒီထက္ပိုၾကီးတဲ့ အလုပ္သမားေတြအတြက္ အခ်ိန္ပုိင္းအလုပ္က ပိုအက်ဳိးျဖစ္ထြန္းျပီး ဦးေႏွာက္စြမ္းရည္ ထိန္းသိမ္းရာမွာ မ်ားစြာပိုထိေရာက္ပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

သင်ဟာ တစ်ပတ် နာရီ ၄၀ ဒါမှမဟုတ် အဲဒီထက် ပိုအလုပ်လုပ်နေတဲ့ ပုံမှန်အချိန်ုပြည့်ဝန်ထမ်းတစ်ဦးဖြစ်ပါက စနေ၊ တနင်္ဂနွေအားလပ်ရက်က ဝမ်းသာစရာ ဖြစ်ပါတယ်။ ဒါပေမယ့် ၄၈ နာရီက အထူးသဖြင့် လုပ်ငန်းခွင်မှာ အတန်ကြာနေပြီးသူတွေအတွက် အပန်းဖြေအနားယူဖို့ လုံလောက်ပါရဲ့လား။

တစ်ပတ် ၂ ရက်ကြာ အားလပ်ရက်က မလုံလောက်ပါဘူး။ အသက် ၄၀ အရွယ်ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပိုမိုသွက်လက်ပြီး အကာအကွယ် ပိုဖြစ်စေဖို့အတွက် ဒီထက် ပိုနားဖို့ လိုအပ်ကြောင်း Melbourne Institute ရဲ့ လေ့လာမှုအရ သိရပါတယ်။

အတိအကျဆိုရရင် သူတို့တွေဟာ အနည်းဆုံး တစ်ပတ် ၄ ရက် နားရက် လိုအပ်ပါတယ်။ အလုပ်လုပ်ချိန်ကြာမြင့်တာက အားအင်ချိနဲ့ခြင်းနဲ့ စိတ်ဖိစီးမှုဖြစ်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ ထိခိုက်စေနိုင်ပါတယ်။ လူလတ်ပိုင်းအရွယ်နဲ့ ဒီထက်ပိုကြီးတဲ့ အလုပ်သမားတွေအတွက် အချိန်ပိုင်းအလုပ်က ပိုအကျိုးဖြစ်ထွန်းပြီး ဦးနှောက်စွမ်းရည် ထိန်းသိမ်းရာမှာ များစွာပိုထိရောက်ပါတယ်။


Credit : trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top