iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔ေခတ္မွာေတာ့ ကြန္ျပဴတာသံုးတဲ့သူ အရမ္းမ်ားလာပါတယ္။ ကြန္ျပဴတာနဲ႔ အလုပ္လုပ္ေနရတဲ့သူေတြရွိသလို အင္တာနက္ေခတ္ၾကီးမွာ အလုပ္ေၾကာင့္ျဖစ္ျဖစ္ အပ်င္းေျပျဖစ္ျဖစ္ အင္တာနက္သံုးရင္း အခ်ိန္ကုန္ေနတဲ့သူေတြကလည္း အမ်ားၾကီးပဲေလ။ ဂိမ္းကို စဲြစဲြလန္းလန္းကစားေနတဲ့သူေတြကလည္း ဒုနဲ႔ေဒးပါပဲ။

ကြန္ျပဴတာအသံုးမ်ားလြန္းရင္ မ်က္စိက အမ်ားၾကီးဒဏ္ခံရပါတယ္။ မ်က္လံုးေတြေ၀၀ါးလာမယ္၊ ၾကည္႕ရတာလည္း အဆင္မေျပေတာ့ဘူး၊ မ်က္လံုးအိမ္ေျခာက္ေသြ႕လာမယ္၊ မ်က္ရုိးကိုက္၊ မ်က္ရည္ပူေတြက်မယ္၊ ေခါင္းမူး၊ ေခါင္းကိုက္၊ ဇက္ေၾကာေတြလည္းတက္မယ္္၊ မ်က္မွန္သမားေတြဆိုရင္လည္း မ်က္မွန္က ၾကည္႔ရတာအဆင္မေျပေတာ့ဘူး။ ဒီလိုအေျခအေနေတြကို ေရွာင္လႊဲနုိင္မယ့္နည္းလမ္းေတြ အမ်ားၾကီးရွိပါတယ္။

ကြန္ပ်ဴတာမ်က္ႏွာျပင္ကို ပုံမွန္ ရွင္းလင္းေပးပါ

ကြန္ျပဴတာမ်က္ႏွာျပင္ေပၚက ဖုန္မွုန္႔ေလးေတြေၾကာင့္ သင့္မ်က္စိထိခိုက္ႏုိင္ပါတယ္။ ကြန္ျပဴတာမ်က္ႏွာျပင္က အျမဲထုတ္လႊင့္ေနတဲ့ လွ်ပ္စစ္လိွုင္းေတြရဲ႕ တြန္းကန္အားေၾကာင့္ ကြန္ျပဴတာမ်က္ႏွာျပင္ေပၚက ဖုန္မွုန္႔ေလးေတြက သင့္မ်က္လံုးဆီကို တန္းတန္းမတ္မတ္ကို ေရာက္လာပါတယ္။

အဲဒီဖုန္မွုန္႔ေလးေတြ မ်က္စိထဲ၀င္သြားၿပီဆိုရင္ မ်က္စိထဲမွာ ခိုးလိုးခုလုေတြျဖစ္မယ္။ မ်က္စိကလည္း ပိုဒဏ္ခံရႏိူင္တယ္။ အဲဒီေတာ့ ကြန္ျပဴတာမသံုးခင္ ကြန္ျပဴတာမ်က္ႏွာျပင္ကို အရင္ဆံုး ေသခ်ာသုတ္ထားပါ။

ေမာ္နီတာကို သင့္ေတာ္တဲ့ အကြာအေဝးနဲ႔ ေထာင့္ေနရာမွာထားပါ

ကြန္ျပဴတာက သင့္ေရွ႕တည့္တည့္မွာပဲရွိပါေစ။ သင့္မ်က္နွာနဲ႔ ကြန္ျပဴတာက ၂ေပေလာက္ ကြာေနရမယ္။  ျပီးေတာ့ ကြန္ျပဴတာရဲ႕မ်က္နွာျပင္က သင့္မ်က္လံုးေနရာထက္ နိမ့္ရမယ္။ကြန္ျပဴတာရဲ႕အေပၚေဘာင္က သင့္မ်က္လံုးနဲ႕တစ္တန္းတည္းျဖစ္ေနရင္ေတာ့ အေကာင္းဆံုးပဲေပါ့။  ဒါမွ သင့္မ်က္လံုးနဲ႔ လည္ပင္းက ပံုမွန္အေနအထားမွာရွိေနျပီး အားစိုက္စရာလည္းမလိုေတာ့ပါ။

Screen Brightness ကို ေလွ်ာ့ခ်ျပီး Contrast ကို တင္ေပးပါ

ကြန္ျပဴတာမ်က္ႏွာျပင္က အရမ္းလင္းေနရင္ မ်က္စိကိုထိခိုက္နုိင္ပါတယ္။ တကယ္လို႕ အေရာင္ကို အျဖဴနဲ႔အမည္းၾကားမွာ ေသခ်ာစြာမခ်ိန္ထားဘူးဆိုရင္ေတာ့ အေရာင္ေတြကို ေသခ်ာခြဲျခားနုိင္ဖို႔ အားစိုက္ၾကည့္ေနရတာနဲ႕ မ်က္စိကဒဏ္ျဖစ္လာေတာ့မွာပါ။ ဒါေၾကာင့္ ကြန္ျပဴတာရဲ႕ အလင္းေရာင္နဲ႔ အေရာင္ေတြကို ၾကည့္လို႔ေကာင္းၿပီး သင့္ေတာ္တဲ့အေနအထားရေအာင္ ေသခ်ာေလးခ်ိန္ေပးဖို႔ လိုပါတယ္။

စာရြက္စာတမ္းနဲ႔ စာအုပ္ေတြကို ကြန္ပ်ဴတာေဘးမွာထားပါ

တကယ္လို႔ စာရြက္ေတြ၊ စာအုပ္ေတြထဲက စာေတြကို ကြန္ျပဴတာထဲ ကူးရုိက္ရမယ္ဆိုရင္ေတာ့ လိုအပ္တဲ့စာရြက္စာတမ္းေတြကို ကြန္ျပဴတာရဲ႕ေဘးကပ္လ်က္မွာ ထားသင့္ပါတယ္။ သင့္မ်က္လံုးေတြ မ်ားမ်ားလႈပ္ရွားစရာ မလိုေအာင္ေပါ့။ သင္ဟာ ကြန္ျပဴတာကိုမၾကည္႔ဘဲ စာေတြကိုအလြတ္ရုိက္နုိင္လား။ ဒါဆိုရင္ေတာ့ အေကာင္းဆံုးပဲေနာ္။ စာကူးရုိက္ေနတုန္း စာအုပ္ကိုပဲၾကည္႕ျပီး အမွားစစ္မယ့္အခ်ိန္ေလာက္ပဲ ကြန္ျပဴတာကိုၾကည္႔ပါ။

ေမာ္နီတာက အေရာင္လိုမ်ဳိး ပတ္ဝန္းက်င္ကို ဖန္တီးပါ

 အလုပ္လုပ္ဖို႔ အဆင္အေျပဆံုးေနရာမွာ စူးရွတဲ့အလင္းေရာင္ေတြ မရွိရဘူး။ သင့္တင့္တဲ့ သဘာ၀အလင္းေရာင္ ရွိရမယ္။ ေရာင္ျပန္နုိင္တဲ့ပစၥည္းေတြလည္း မရွိရဘူး။ အခန္းရဲ႕အလင္းေရာင္ဟာလည္း ကြန္ျပဴတာရဲ႕အလင္းေရာင္နီးပါး လင္းေနရမယ္။ ၿပီးေတာ့ ျပတင္းေပါက္ (သို႔) အရမ္းလင္းေနတဲ့ေနရာနဲ႔ မ်က္ႏွာျခင္းဆိုင္ မေနမိေစဖို ့သတိထားရမည္။

အနားယူပါ

မ်က္လံုးကို ခဏအနားေပးပါ။ ကြန္ျပဴတာကို ၁၅မိနစ္ၾကည္႕ျပီးတိုင္း အေ၀းတစ္ေနရာကို တစ္မိနစ္ေလာက္ စူးစိုက္ၾကည္႕ပါ။ ၁နာရီၾကာတိုင္းလည္း မ်က္လံုးကိုခဏမွိတ္ထားျပီး အနားေပးလိုက္ပါ။

မၾကာခဏ မ်က္ေတာင္ခတ္ပါ

မ်က္စိျပသနာတစ္ခ်ဳိ႕ဟာ မ်က္ေတာင္ခတ္နည္းရာကေန မ်က္လံုးအိမ္ေျခာက္ေသြ႕လာလို႔ ျဖစ္တာပါ။ ကြန္ျပဴတာ သို႔မဟုတ္ တစ္ခုခုကို စူးစိုက္ၾကည္႔ေနစဥ္မွာ မ်က္ေတာင္ခတ္ဖို႔ ေမ့ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ နာရီ၀က္ၾကာတိုင္း မ်က္ေတာင္အခါ၂၀ ခတ္ေပးသင့္ပါတယ္။

သင့္ေတာ္တဲ့ ပါဝါ ပါရွိသည့္ မ်က္မွန္ကို သုံးပါ

 သင္ဟာ မ်က္မွန္တပ္ရသူဆိုရင္ေတာ႔ ကိုယ္႔မ်က္စိပါ၀ါနဲ႔ကိုက္ညီတဲ့ မ်က္မွန္ကိုပဲ တပ္ဆင္သင့္ပါတယ္။ မ်က္မွန္မွာ ေရာင္ျပန္ပါတဲ့မွန္ကို အသံုးျပဳျပီးေတာ့လည္း ကြန္ျပဴတာေၾကာင္႔မ်က္စိထိခိုက္ျခင္းကေန ကာကြယ္နုိင္ပါတယ္။ မ်က္မွန္တပ္စရာမလိုတဲ့ မ်က္စိေကာင္းသူေတြလည္း ပါ၀ါမပါဘဲ ေရာင္ျပန္ပါတဲ့ မ်က္မွန္ေလးနဲ႔ ကြန္ျပဴတာေၾကာင့္ မ်က္စိထိခိုက္တဲ့ဒဏ္ကေန ကာကြယ္ႏိုင္ပါတယ္။

မ်က္လုံး ေလ့က်င့္ခန္းလုပ္ပါ

အလြယ္ဆံုးနဲ႔ အေကာင္းဆံုးေလ့က်င့္ခန္းကေတာ့ ေျဖေလ်ာ့တဲ့ေလ့က်င့္ခန္းပါပဲ။လက္၀ါးႏွစ္ဘက္ကို ပူေႏြးလာတဲ့အထိ ပြတ္ေပးပါ။ ပူေႏြးလာရင္ မ်က္စိမိွတ္ၿပီး မ်က္လံုးေလးေတြေပၚ ဖြဖြေလးတင္ေပးပါ။အားစိုက္စရာမလိုပါဘူး။  ၿပီးေတာ့ လက္ေခ်ာင္းေလးေတြၾကားကေန အလင္းေရာင္မ၀င္ႏိုင္ေလာက္ေအာင္လည္း လက္ေခ်ာင္းေလးေတြကို ကပ္ထားရပါမယ္။ ဒါဆိုရင္ေတာ့ သင့္မ်က္လံုးေလးေတြ အေညာင္းသက္သာသြားပါျပီ။

Flat LCD ေမာ္နီတာကို သုံးပါ

အရင္သံုးေနတဲ့ Tube Monitor ေတြအစား Flat LCD Monitor ကို ေျပာင္းသံုးပါ။ Flat LCD Monitor ေတြမွာ အလင္းတာကိုေလွ်ာ့ခ်ေပးႏိုင္တဲ့ မ်က္ႏွာျပင္ပါရွိလို႔ မ်က္စိကို ထိခိုက္မွုနည္းေစပါတယ္။ ဒါေၾကာင့္ ကြန္ျပဴတာကို အၾကာၾကီးသံုးေနရတဲ့သူေတြဟာ Flat LCD Monitor ကိုပဲ သံုးသင့္ပါတယ္။

အဲဒီေတာ့ အထက္ပါနည္းလမ္းေလးေတြကိုလည္း လိုက္နာမယ္၊ မ်က္စိအားေကာင္းေစတဲ့အစားအစာေတြကိုလည္း အမ်ားၾကီးစားသံုးေပးမယ္ဆိုရင္ သင့္မ်က္လံုးေတြ တစ္သက္လံုးအႏၱရာယ္ကင္းေနမွာ ေသခ်ာပါတယ္။

Credit : ThitHtooLwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒီနေ့ခေတ်မှာတော့ ကွန်ပြူတာသုံးတဲ့သူ အရမ်းများလာပါတယ်။ ကွန်ပြူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေရှိသလို အင်တာနက်ခေတ်ကြီးမှာ အလုပ်ကြောင့်ဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ် အင်တာနက်သုံးရင်း အချိန်ကုန်နေတဲ့သူတွေကလည်း အများကြီးပဲလေ။ ဂိမ်းကို စွဲစွဲလန်းလန်းကစားနေတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။

ကွန်ပြူတာအသုံးများလွန်းရင် မျက်စိက အများကြီးဒဏ်ခံရပါတယ်။ မျက်လုံးတွေေ၀ဝါးလာမယ်၊ ကြည့်ရတာလည်း အဆင်မပြေတော့ဘူး၊ မျက်လုံးအိမ်ခြောက်သွေ့လာမယ်၊ မျက်ရိုးကိုက်၊ မျက်ရည်ပူတွေကျမယ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတွေလည်းတက်မယ်၊ မျက်မှန်သမားတွေဆိုရင်လည်း မျက်မှန်က ကြည့်ရတာအဆင်မပြေတော့ဘူး။ ဒီလိုအခြေအနေတွေကို ရှောင်လွှဲနိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။

ကွန်ပျူတာမျက်နှာပြင်ကို ပုံမှန် ရှင်းလင်းပေးပါ

ကွန်ပြူတာမျက်နှာပြင်ပေါ်က ဖုန်မှုန့်လေးတွေကြောင့် သင့်မျက်စိထိခိုက်နိုင်ပါတယ်။ ကွန်ပြူတာမျက်နှာပြင်က အမြဲထုတ်လွှင့်နေတဲ့ လျှပ်စစ်လှိုင်းတွေရဲ့ တွန်းကန်အားကြောင့် ကွန်ပြူတာမျက်နှာပြင်ပေါ်က ဖုန်မှုန့်လေးတွေက သင့်မျက်လုံးဆီကို တန်းတန်းမတ်မတ်ကို ရောက်လာပါတယ်။

အဲဒီဖုန်မှုန့်လေးတွေ မျက်စိထဲဝင်သွားပြီဆိုရင် မျက်စိထဲမှာ ခိုးလိုးခုလုတွေဖြစ်မယ်။ မျက်စိကလည်း ပိုဒဏ်ခံရနိူင်တယ်။ အဲဒီတော့ ကွန်ပြူတာမသုံးခင် ကွန်ပြူတာမျက်နှာပြင်ကို အရင်ဆုံး သေချာသုတ်ထားပါ။

မော်နီတာကို သင့်တော်တဲ့ အကွာအဝေးနဲ့ ထောင့်နေရာမှာထားပါ

ကွန်ပြူတာက သင့်ရှေ့တည့်တည့်မှာပဲရှိပါစေ။ သင့်မျက်နှာနဲ့ ကွန်ပြူတာက ၂ပေလောက် ကွာနေရမယ်။  ပြီးတော့ ကွန်ပြူတာရဲ့မျက်နှာပြင်က သင့်မျက်လုံးနေရာထက် နိမ့်ရမယ်။ကွန်ပြူတာရဲ့အပေါ်ဘောင်က သင့်မျက်လုံးနဲ့တစ်တန်းတည်းဖြစ်နေရင်တော့ အကောင်းဆုံးပဲပေါ့။  ဒါမှ သင့်မျက်လုံးနဲ့ လည်ပင်းက ပုံမှန်အနေအထားမှာရှိနေပြီး အားစိုက်စရာလည်းမလိုတော့ပါ။

Screen Brightness ကို လျှော့ချပြီး Contrast ကို တင်ပေးပါ

ကွန်ပြူတာမျက်နှာပြင်က အရမ်းလင်းနေရင် မျက်စိကိုထိခိုက်နိုင်ပါတယ်။ တကယ်လို့ အရောင်ကို အဖြူနဲ့အမည်းကြားမှာ သေချာစွာမချိန်ထားဘူးဆိုရင်တော့ အရောင်တွေကို သေချာခွဲခြားနိုင်ဖို့ အားစိုက်ကြည့်နေရတာနဲ့ မျက်စိကဒဏ်ဖြစ်လာတော့မှာပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အလင်းရောင်နဲ့ အရောင်တွေကို ကြည့်လို့ကောင်းပြီး သင့်တော်တဲ့အနေအထားရအောင် သေချာလေးချိန်ပေးဖို့ လိုပါတယ်။

စာရွက်စာတမ်းနဲ့ စာအုပ်တွေကို ကွန်ပျူတာဘေးမှာထားပါ

တကယ်လို့ စာရွက်တွေ၊ စာအုပ်တွေထဲက စာတွေကို ကွန်ပြူတာထဲ ကူးရိုက်ရမယ်ဆိုရင်တော့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကွန်ပြူတာရဲ့ဘေးကပ်လျက်မှာ ထားသင့်ပါတယ်။ သင့်မျက်လုံးတွေ များများလှုပ်ရှားစရာ မလိုအောင်ပေါ့။ သင်ဟာ ကွန်ပြူတာကိုမကြည့်ဘဲ စာတွေကိုအလွတ်ရိုက်နိုင်လား။ ဒါဆိုရင်တော့ အကောင်းဆုံးပဲနော်။ စာကူးရိုက်နေတုန်း စာအုပ်ကိုပဲကြည့်ပြီး အမှားစစ်မယ့်အချိန်လောက်ပဲ ကွန်ပြူတာကိုကြည့်ပါ။

မော်နီတာက အရောင်လိုမျိုး ပတ်ဝန်းကျင်ကို ဖန်တီးပါ

 အလုပ်လုပ်ဖို့ အဆင်အပြေဆုံးနေရာမှာ စူးရှတဲ့အလင်းရောင်တွေ မရှိရဘူး။ သင့်တင့်တဲ့ သဘာဝအလင်းရောင် ရှိရမယ်။ ရောင်ပြန်နိုင်တဲ့ပစ္စည်းတွေလည်း မရှိရဘူး။ အခန်းရဲ့အလင်းရောင်ဟာလည်း ကွန်ပြူတာရဲ့အလင်းရောင်နီးပါး လင်းနေရမယ်။ ပြီးတော့ ပြတင်းပေါက် (သို့) အရမ်းလင်းနေတဲ့နေရာနဲ့ မျက်နှာခြင်းဆိုင် မနေမိစေဖို့သတိထားရမည်။

အနားယူပါ

မျက်လုံးကို ခဏအနားပေးပါ။ ကွန်ပြူတာကို ၁၅မိနစ်ကြည့်ပြီးတိုင်း အဝေးတစ်နေရာကို တစ်မိနစ်လောက် စူးစိုက်ကြည့်ပါ။ ၁နာရီကြာတိုင်းလည်း မျက်လုံးကိုခဏမှိတ်ထားပြီး အနားပေးလိုက်ပါ။

မကြာခဏ မျက်တောင်ခတ်ပါ

မျက်စိပြသနာတစ်ချို့ဟာ မျက်တောင်ခတ်နည်းရာကနေ မျက်လုံးအိမ်ခြောက်သွေ့လာလို့ ဖြစ်တာပါ။ ကွန်ပြူတာ သို့မဟုတ် တစ်ခုခုကို စူးစိုက်ကြည့်နေစဉ်မှာ မျက်တောင်ခတ်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် နာရီဝက်ကြာတိုင်း မျက်တောင်အခါ၂၀ ခတ်ပေးသင့်ပါတယ်။

သင့်တော်တဲ့ ပါဝါ ပါရှိသည့် မျက်မှန်ကို သုံးပါ

 သင်ဟာ မျက်မှန်တပ်ရသူဆိုရင်တော့ ကိုယ့်မျက်စိပါဝါနဲ့ကိုက်ညီတဲ့ မျက်မှန်ကိုပဲ တပ်ဆင်သင့်ပါတယ်။ မျက်မှန်မှာ ရောင်ပြန်ပါတဲ့မှန်ကို အသုံးပြုပြီးတော့လည်း ကွန်ပြူတာကြောင့်မျက်စိထိခိုက်ခြင်းကနေ ကာကွယ်နိုင်ပါတယ်။ မျက်မှန်တပ်စရာမလိုတဲ့ မျက်စိကောင်းသူတွေလည်း ပါဝါမပါဘဲ ရောင်ပြန်ပါတဲ့ မျက်မှန်လေးနဲ့ ကွန်ပြူတာကြောင့် မျက်စိထိခိုက်တဲ့ဒဏ်ကနေ ကာကွယ်နိုင်ပါတယ်။

မျက်လုံး လေ့ကျင့်ခန်းလုပ်ပါ

အလွယ်ဆုံးနဲ့ အကောင်းဆုံးလေ့ကျင့်ခန်းကတော့ ဖြေလျော့တဲ့လေ့ကျင့်ခန်းပါပဲ။လက်ဝါးနှစ်ဘက်ကို ပူနွေးလာတဲ့အထိ ပွတ်ပေးပါ။ ပူနွေးလာရင် မျက်စိမှိတ်ပြီး မျက်လုံးလေးတွေပေါ် ဖွဖွလေးတင်ပေးပါ။အားစိုက်စရာမလိုပါဘူး။  ပြီးတော့ လက်ချောင်းလေးတွေကြားကနေ အလင်းရောင်မဝင်နိုင်လောက်အောင်လည်း လက်ချောင်းလေးတွေကို ကပ်ထားရပါမယ်။ ဒါဆိုရင်တော့ သင့်မျက်လုံးလေးတွေ အညောင်းသက်သာသွားပါပြီ။

Flat LCD မော်နီတာကို သုံးပါ

အရင်သုံးနေတဲ့ Tube Monitor တွေအစား Flat LCD Monitor ကို ပြောင်းသုံးပါ။ Flat LCD Monitor တွေမှာ အလင်းတာကိုလျှော့ချပေးနိုင်တဲ့ မျက်နှာပြင်ပါရှိလို့ မျက်စိကို ထိခိုက်မှုနည်းစေပါတယ်။ ဒါကြောင့် ကွန်ပြူတာကို အကြာကြီးသုံးနေရတဲ့သူတွေဟာ Flat LCD Monitor ကိုပဲ သုံးသင့်ပါတယ်။

အဲဒီတော့ အထက်ပါနည်းလမ်းလေးတွေကိုလည်း လိုက်နာမယ်၊ မျက်စိအားကောင်းစေတဲ့အစားအစာတွေကိုလည်း အများကြီးစားသုံးပေးမယ်ဆိုရင် သင့်မျက်လုံးတွေ တစ်သက်လုံးအန္တရာယ်ကင်းနေမှာ သေချာပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top