iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ဆုိရွယ္မီဒီယာ

အလုပ္လုပ္ေနရင္း သံုးတဲ့အခါ အဆုိးဆံုးျဖစ္ပါတယ္။ ပို႔စ္တစ္ခုတိုင္းဟာ သင့္စိတ္ကို အေႏွာင့္အယွက္ေပးေနပါတယ္။ အလုပ္လုပ္ေနခ်ိန္မွာ ေဖ့စ္ဘြတ္ကေန Log Out လုပ္ထားသင့္ပါတယ္။

၂ - ဖုန္း

အလုပ္လုပ္ေနတဲ့ အရွိန္ကို ပ်က္ေစပါတယ္။ ၾကာျမင့္စြာ ေျပာရမယ့္ ဖုန္းေခၚဆိုမႈေတြကို အေရးမၾကီးရင္ ေနာက္ဆုတ္ ထားသင့္ပါတယ္။

၃ - တစ္ျပိဳင္နက္လုပ္ျခင္း

အလုပ္အမ်ားၾကီးကို တစ္ျပိဳင္နက္လုပ္ျခင္းဟာ အာရုံေတြကို ေထြျပားေစျပီး အလုပ္မတြင္ပါဘူး။ အာရုံျပန္စုစည္းဖို႔လည္း ခက္ပါတယ္။ အေရးၾကီးအလုပ္ေတြ လုပ္ဖို႔ ရွိေနတယ္ဆိုရင္ သံုးေလးခု ျပိဳင္မလုပ္မိဖို႔ သတိထားသင့္ပါတယ္။

၄ - အေသးအဖြဲ

လုပ္စရာအေသးအဖြဲေတြ တအားမ်ားေနရင္လည္း အာရုံေတြ စုစည္းလို႔မရပါဘူး။ အေသးအဖြဲပဲဆိုျပီး ေနာက္မွလုပ္ဖို႔ ရည္ရြယ္ထားေပမဲ့ သင့္အာရုံကို ေႏွာင့္ယွက္ေနပါတယ္။ အေသးအဖြဲေတြကို စာရင္းလုပ္ျပီး အရင္ ရွင္းသင့္ပါတယ္။

၅ - ဖိအား

ဖိအားေတြမ်ားေနရင္လည္း လုပ္ရတဲ့ အလုပ္ေပၚ စိတ္မပါေတာ့ပါဘူး။ ခႏၶာကိုယ္မွာပါ ေခါင္းမူးတာေတြ၊ နာက်င္ကိုက္ခဲတာေတြ ျဖစ္လာပါတယ္။

၆ - ေလးလံျခင္း

 အိပ္ေရးမဝတဲ့အခါမ်ိဳးမွာလည္း ေလးလံထုိင္းမိႈင္းေနတတ္ပါတယ္။ ေနာက္ေန႔အလုပ္ပိတ္ရက္ရွိမွပဲ ပံုမွန္ထက္ေနာက္က်ျပီး အိပ္သင့္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁ - ဆိုရှယ်မီဒီယာ

အလုပ်လုပ်နေရင်း သုံးတဲ့အခါ အဆိုးဆုံးဖြစ်ပါတယ်။ ပို့စ်တစ်ခုတိုင်းဟာ သင့်စိတ်ကို အနှောင့်အယှက်ပေးနေပါတယ်။ အလုပ်လုပ်နေချိန်မှာ ဖေ့စ်ဘွတ်ကနေ Log Out လုပ်ထားသင့်ပါတယ်။

၂ - ဖုန်း

အလုပ်လုပ်နေတဲ့ အရှိန်ကို ပျက်စေပါတယ်။ ကြာမြင့်စွာ ပြောရမယ့် ဖုန်းခေါ်ဆိုမှုတွေကို အရေးမကြီးရင် နောက်ဆုတ် ထားသင့်ပါတယ်။

၃ - တစ်ပြိုင်နက်လုပ်ခြင်း

အလုပ်အများကြီးကို တစ်ပြိုင်နက်လုပ်ခြင်းဟာ အာရုံတွေကို ထွေပြားစေပြီး အလုပ်မတွင်ပါဘူး။ အာရုံပြန်စုစည်းဖို့လည်း ခက်ပါတယ်။ အရေးကြီးအလုပ်တွေ လုပ်ဖို့ ရှိနေတယ်ဆိုရင် သုံးလေးခု ပြိုင်မလုပ်မိဖို့ သတိထားသင့်ပါတယ်။

၄ - အသေးအဖွဲ

လုပ်စရာအသေးအဖွဲတွေ တအားများနေရင်လည်း အာရုံတွေ စုစည်းလို့မရပါဘူး။ အသေးအဖွဲပဲဆိုပြီး နောက်မှလုပ်ဖို့ ရည်ရွယ်ထားပေမဲ့ သင့်အာရုံကို နှောင့်ယှက်နေပါတယ်။ အသေးအဖွဲတွေကို စာရင်းလုပ်ပြီး အရင် ရှင်းသင့်ပါတယ်။

၅ - ဖိအား

ဖိအားတွေများနေရင်လည်း လုပ်ရတဲ့ အလုပ်ပေါ် စိတ်မပါတော့ပါဘူး။ ခန္ဓာကိုယ်မှာပါ ခေါင်းမူးတာတွေ၊ နာကျင်ကိုက်ခဲတာတွေ ဖြစ်လာပါတယ်။

၆ - လေးလံခြင်း

 အိပ်ရေးမဝတဲ့အခါမျိုးမှာလည်း လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ နောက်နေ့အလုပ်ပိတ်ရက်ရှိမှပဲ ပုံမှန်ထက်နောက်ကျပြီး အိပ်သင့်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top