iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖုိ ့အတြက္ အေကာင္းဆုံးနည္းလမ္းဟာ က်န္းမာေရးညီညြတ္တဲ့အစားအစာကိုသာစားျပီး ေလ့က်င့္ခန္းပုံမွန္လုပ္ဖုိ ့ပါ။ ဒါေပမယ့္ ဒီနည္းလမ္းတစ္ခုကပဲ သင့္ရဲ့ ပုိလွ်ံေနတဲ့ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစတာမဟုတ္ပါဘူး။ သင့္ခႏၶာကိုယ္က အဆီေလာင္ကၽြမ္းမွဳပမာဏကို ျမွင့္တင္ေပးႏိုင္တဲ့ ေသာက္စရာေဖ်ာ္ရည္ေတြလည္း ရွိပါေသးတယ္။ေအာက္မွာ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ဖုိ ့အတြက္ အေကာင္းဆုံးျဖစ္မယ့္ ေဖ်ာ္ရည္ ၇ မ်ိဳးကို ေဖာ္ျပလုိက္ပါတယ္။

၁။ ေရခဲေရ

ဟုတ္ပါတယ္။ ေရခဲေရပါ။ ေရခဲေရေသာက္သုံးျခင္းက ဇီ၀ျဖစ္ပ်က္မွဳျဖစ္စဥ္ကို ျမန္ဆန္ေစတာေၾကာင့္ ကယ္လုိရီပမာဏ အမ်ားအျပားကို ေလာင္ကၽြမ္းေစႏိုင္ပါတယ္။ ေန ့တုိင္း တစ္ေန ့ကို ေရခဲေရ ၁၆ ေအာင္စ အနည္းဆုံးေသာက္ေပးျပီး ရလဒ္ကို သင္ကိုယ္တုိင္ေစာင့္ၾကည့္ႏိုင္ပါတယ္။

၂။ အုန္းေရ

အုန္းေရမွာ တျခားအရည္ေတြထက္ အီလက္ထရိုလုိက္(လွ်ပ္ကူးေပ်ာ္ရည္)ပုိမုိပါ၀င္ျပီး ခႏၶာကိုယ္က လုိအပ္တဲ့ ေရဓာတ္ပမာဏကို ပုိမုိျဖည့္တင္းေပးႏိုင္ပါတယ္။ အုန္းေရရဲ့ အရသာကိုက ေကာင္းမြန္တာေၾကာင့္ သၾကား ဒါမွမဟုတ္ တျခားအနံ ့အရသာေတြ ျဖည့္စြက္ဖုိ ့မလုိပါဘူး။ ဒါ့အျပင္ အုန္းေရဟာ ခႏၶာကိုယ္အတြက္ စြမ္းအင္အမ်ားအျပား ေပးႏိုင္ျပီး ဇီ၀ကမၼျဖစ္စဥ္ကိုလည္း ျမန္ဆန္ေစပါတယ္။

၃။ မလုိင္ထုတ္ျပီးႏြားႏို ့

မလုိင္ထုတ္ျပီးႏြားႏို ့ကိုေသာက္သုံးေပးျခင္းက သင့္ကိုယ္အတြင္းမွာရွိတဲ့ အဆီေတြကို အလြယ္တကူေျခဖ်က္ႏိုင္ျပီး အဆီေတြ စုပုံလာမွာ စိုးရိမ္စရာမလုိေတာ့ပါဘူး။ အာဟာရေဗဒပညာရွင္အမ်ားအျပားရဲ့ အဆုိအရ မလုိင္ထုတ္ျပီးႏြားႏို ့ေသာက္တဲ့လူ ေတြဟာ ႏို ့ထြက္ပစၥည္းေတြကို ေရွာင္ျပီး အဆီခ်တဲ့လူေတြထက္ အဆီပမာဏ ၇၀ ရာခိုင္ႏွုန္းေက်ာ္ ေျခဖ်က္ႏိုင္တယ္လုိ ့ဆုိပါတယ္။ တစ္ေန ့ကို တစ္ခြက္ေသာက္ေပး ရုံနဲ ့တင္ လုံေလာက္ပါတယ္။

၄။ အသီးအရြက္ေဖ်ာ္ရည္

အသီးအရြက္ေဖ်ာ္ရည္ဟာ က်န္းမာေရးအတြက္ေကာင္းမြန္ေစရုံသာမက အသီးအရြက္ ေဖ်ာ္ရည္ခြက္ေသးတစ္ခြက္ေလာက္ ေသာက္သုံးေပးရုံနဲ ့တင္ စိတ္ပင္ပန္းမွဳေတြကို ေျပေျပာက္ေစႏိုင္ပါတယ္။ အၾကမ္းျဖင္းအားျဖင့္ အသီးအရြက္ေဖ်ာ္ရည္မ်ားမ်ားေသာက္ေလ သင့္ခႏၶာကိုယ္က ကယ္လုိရီေတြ ပုိေလာင္ကၽြမ္းေလပါ။

၅။ အာဟာရျဖည့္ေဖ်ာ္ရည္မ်ားက်န္းမာေရးနဲ ့ကိုက္ညီတဲ့ေဖ်ာ္ရည္ေတြျဖစ္တာေၾကာင့္ လူေတြကို ေကာင္းက်ိဳးအမ်ားအျပားေပးစြမ္းႏိုင္ပါတယ္။ အထူးသျဖင့္ က်န္းမာေရး ပုိမုိေကာင္းမြန္ေစပါတယ္။ ဒါတင္မကေသးဘဲ ဒီ အာဟာရျဖည့္ေဖ်ာ္ရည္ေတြက သင့္ရဲ့ ခႏၶာကိုယ္အေလးခ်ိန္ကိုပါ က်ေစပါတယ္။ ဒီေဖ်ာ္ရည္ေတြဟာ တစ္ခြက္ေလာက္ ေသာက္ရုံနဲ ့တင္ ဗုိက္ျပည့္တယ္ထင္ရေပမယ့္ ၀ိတ္က်ခ်င္တယ္ဆုိရင္ေတာ့ ပုိေသာက္ ေပးဖို ့လုိပါတယ္။ မေသာက္ခင္မွာေတာ့ သင္ေရြးခ်ယ္ထားတဲ့ အာဟာရျဖည့္ေဖ်ာ္ရည္က သင့္အတြက္ ေကာင္းမြန္ရဲ့လားဆုိတာ ဆရာ၀န္နဲ ့တုိင္ပင္ ၾကည့္ဖုိ ့ေတာ့ လုိပါတယ္။

၆။ Green Tea နဲ ့Black Tea

၀ိတ္က်ခ်င္တဲ့လူေတြအတြက္ green tea က ဘယ္ေလာက္ေကာင္းမြန္လဲဆုိတာ သင္သိျပီးျဖစ္မွာပါ။ ဇီ၀ကမၼျဖစ္စဥ္ကို ျမန္ဆန္ေစတာေၾကာင့္ ကယ္လုိရီပမာဏ အမ်ားအျပားကို ေလာင္ကၽြမ္းေစႏိုင္ပါတယ္။ သင္ပုံမွန္ေသာက္သုံးေနတဲ့ ေဖ်ာ္ရည္ေတြထက္ green tea က အဆီပမာဏ ၄၃ ရာခိုင္ႏွုန္း ပုိေလာင္ကၽြမ္းေပးပါတယ္။ black tea ကလည္း green tea အတုိင္း လုပ္ေဆာင္ ေပးႏိုင္ျပီး ခႏၶာကိုယ္သြယ္လ်ခ်င္သူေတြ အားထားေသာက္သုံးၾကပါတယ္။

၇။ ဖရဲသီးေဖ်ာ္ရည္

အခ်ိဳအရသာထပ္မံျဖည့္သြင္းျခင္းမလုပ္ဘူးဆုိရင္ေတာ့ သဘာဖရဲသီးေဖ်ာ္ရည္က သင့္ ၀မ္းဗိုက္အဆီက်မယ့္ မိတ္ေဆြေကာင္းတစ္ဦးပါပဲ။ ဖရဲသီးေဖ်ာ္ရည္မွာ ကယ္လုိရီ ပါ၀င္မွဳနည္းပါျပီး ေရဓာတ္အမ်ားအျပား ပါ၀င္ပါတယ္။ ဒါ့အျပင္ အာဂီႏိုင္း ေခၚ အမိုင္ႏို အက္ဆစ္ပါ၀င္ျပီး ၾကြက္သားက်စ္လ်စ္ေတာင့္တင္းေစကာ ခႏၶာကိုယ္အဆီကို ေလ်ာ့ခ် ေပးပါတယ္။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်အလေးချိန်လျော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းဟာ ကျန်းမာရေးညီညွတ်တဲ့အစားအစာကိုသာစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ပါ။ ဒါပေမယ့် ဒီနည်းလမ်းတစ်ခုကပဲ သင့်ရဲ့ ပိုလျှံနေတဲ့ ကိုယ်အလေးချိန်ကို လျော့ကျစေတာမဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်က အဆီလောင်ကျွမ်းမှုပမာဏကို မြှင့်တင်ပေးနိုင်တဲ့ သောက်စရာဖျော်ရည်တွေလည်း ရှိပါသေးတယ်။အောက်မှာ ကိုယ်အလေးချိန် လျော့ကျဖို့အတွက် အကောင်းဆုံးဖြစ်မယ့် ဖျော်ရည် ၇ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁။ ရေခဲရေ

ဟုတ်ပါတယ်။ ရေခဲရေပါ။ ရေခဲရေသောက်သုံးခြင်းက ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို မြန်ဆန်စေတာကြောင့် ကယ်လိုရီပမာဏ အများအပြားကို လောင်ကျွမ်းစေနိုင်ပါတယ်။ နေ့တိုင်း တစ်နေ့ကို ရေခဲရေ ၁၆ အောင်စ အနည်းဆုံးသောက်ပေးပြီး ရလဒ်ကို သင်ကိုယ်တိုင်စောင့်ကြည့်နိုင်ပါတယ်။

၂။ အုန်းရေ

အုန်းရေမှာ တခြားအရည်တွေထက် အီလက်ထရိုလိုက်(လျှပ်ကူးပျော်ရည်)ပိုမိုပါဝင်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ပမာဏကို ပိုမိုဖြည့်တင်းပေးနိုင်ပါတယ်။ အုန်းရေရဲ့ အရသာကိုက ကောင်းမွန်တာကြောင့် သကြား ဒါမှမဟုတ် တခြားအနံ့အရသာတွေ ဖြည့်စွက်ဖို့မလိုပါဘူး။ ဒါ့အပြင် အုန်းရေဟာ ခန္ဓာကိုယ်အတွက် စွမ်းအင်အများအပြား ပေးနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြန်ဆန်စေပါတယ်။

၃။ မလိုင်ထုတ်ပြီးနွားနို့

မလိုင်ထုတ်ပြီးနွားနို့ကိုသောက်သုံးပေးခြင်းက သင့်ကိုယ်အတွင်းမှာရှိတဲ့ အဆီတွေကို အလွယ်တကူခြေဖျက်နိုင်ပြီး အဆီတွေ စုပုံလာမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ အာဟာရဗေဒပညာရှင်အများအပြားရဲ့ အဆိုအရ မလိုင်ထုတ်ပြီးနွားနို့သောက်တဲ့လူ တွေဟာ နို့ထွက်ပစ္စည်းတွေကို ရှောင်ပြီး အဆီချတဲ့လူတွေထက် အဆီပမာဏ ၇၀ ရာခိုင်နှုန်းကျော် ခြေဖျက်နိုင်တယ်လို့ဆိုပါတယ်။ တစ်နေ့ကို တစ်ခွက်သောက်ပေး ရုံနဲ့တင် လုံလောက်ပါတယ်။

၄။ အသီးအရွက်ဖျော်ရည်

အသီးအရွက်ဖျော်ရည်ဟာ ကျန်းမာရေးအတွက်ကောင်းမွန်စေရုံသာမက အသီးအရွက် ဖျော်ရည်ခွက်သေးတစ်ခွက်လောက် သောက်သုံးပေးရုံနဲ့တင် စိတ်ပင်ပန်းမှုတွေကို ပြေပြောက်စေနိုင်ပါတယ်။ အကြမ်းဖြင်းအားဖြင့် အသီးအရွက်ဖျော်ရည်များများသောက်လေ သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေ ပိုလောင်ကျွမ်းလေပါ။

၅။ အာဟာရဖြည့်ဖျော်ရည်များကျန်းမာရေးနဲ့ကိုက်ညီတဲ့ဖျော်ရည်တွေဖြစ်တာကြောင့် လူတွေကို ကောင်းကျိုးအများအပြားပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး ပိုမိုကောင်းမွန်စေပါတယ်။ ဒါတင်မကသေးဘဲ ဒီ အာဟာရဖြည့်ဖျော်ရည်တွေက သင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုပါ ကျစေပါတယ်။ ဒီဖျော်ရည်တွေဟာ တစ်ခွက်လောက် သောက်ရုံနဲ့တင် ဗိုက်ပြည့်တယ်ထင်ရပေမယ့် ဝိတ်ကျချင်တယ်ဆိုရင်တော့ ပိုသောက် ပေးဖို့လိုပါတယ်။ မသောက်ခင်မှာတော့ သင်ရွေးချယ်ထားတဲ့ အာဟာရဖြည့်ဖျော်ရည်က သင့်အတွက် ကောင်းမွန်ရဲ့လားဆိုတာ ဆရာဝန်နဲ့တိုင်ပင် ကြည့်ဖို့တော့ လိုပါတယ်။

၆။ Green Tea နဲ့Black Tea

ဝိတ်ကျချင်တဲ့လူတွေအတွက် green tea က ဘယ်လောက်ကောင်းမွန်လဲဆိုတာ သင်သိပြီးဖြစ်မှာပါ။ ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေတာကြောင့် ကယ်လိုရီပမာဏ အများအပြားကို လောင်ကျွမ်းစေနိုင်ပါတယ်။ သင်ပုံမှန်သောက်သုံးနေတဲ့ ဖျော်ရည်တွေထက် green tea က အဆီပမာဏ ၄၃ ရာခိုင်နှုန်း ပိုလောင်ကျွမ်းပေးပါတယ်။ black tea ကလည်း green tea အတိုင်း လုပ်ဆောင် ပေးနိုင်ပြီး ခန္ဓာကိုယ်သွယ်လျချင်သူတွေ အားထားသောက်သုံးကြပါတယ်။

၇။ ဖရဲသီးဖျော်ရည်

အချိုအရသာထပ်မံဖြည့်သွင်းခြင်းမလုပ်ဘူးဆိုရင်တော့ သဘာဖရဲသီးဖျော်ရည်က သင့် ဝမ်းဗိုက်အဆီကျမယ့် မိတ်ဆွေကောင်းတစ်ဦးပါပဲ။ ဖရဲသီးဖျော်ရည်မှာ ကယ်လိုရီ ပါဝင်မှုနည်းပါပြီး ရေဓာတ်အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် အာဂီနိုင်း ခေါ် အမိုင်နို အက်ဆစ်ပါဝင်ပြီး ကြွက်သားကျစ်လျစ်တောင့်တင်းစေကာ ခန္ဓာကိုယ်အဆီကို လျော့ချ ပေးပါတယ်။

Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top