iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
#Unicode Version
စာဘာ့ကြောင့် ဖတ်ရသလဲဆိုပြီး စဉ်းစားတဲ့အခါ အကြောင်းအရင်းတွေက သိပ်အဆင့်အတန်းမြင့်မားပါတယ်။ သူက သင့်ကို ပိုမိုထက်မြက်စေလာနိုင်ပါတယ်။ အသိဉာဏ်ပိုကြွယ်ဝလာမယ်၊ ဗဟုသုတတွေ တိုးပွားလာမယ်။ ဒါတင်မကသေးပါဘူး။ လူ့အသိုင်းအဝိုင်းမှာလည်း ဝင်ဆန့်လာပါလိမ့်မယ်။ ဥပမာ လူအများစုရှိနေတဲ့နေရာ Cocktail party တွေမှာဆိုပါစို့။ သင်ဟာ စာတွေဖတ်ထားတဲ့သူဆိုရင် အခြားလူတွေနဲ့ စကားတွေထဲထဲဝင်ဝင် ပိုမိုပြောဆိုနိုင်လာမယ်။ ဒါပေမယ့် စာဖတ်တာက စကားတွေ ဖောင်ဖွဲ့ပြောဆိုနိုင်အောင် စကားလုံးအလှကြွယ်ဝစေရုံသာ မကပါဘူး။ အသက်လည်း ပိုရှည်စေနိုင်ပါတယ်။
စာဖတ်သူတွေဟာ လုံးဝ စာမဖတ်သူတွေထက် ပျှမ်းမျှအသက် ၂ နှစ်ခန့် ပိုရှည်ကြောင်း Social Science and Medicine ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ တစ်ပတ် အချိန် ၃ နာရီခွဲနဲ့အထက် စာဖတ်သူတွေဟာ နောက် ၁၂ နှစ်အတွင်း သေဆုံးနိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုမိုလျှော့နည်းကြပါတယ်။
စာမဖတ်ခင် အရင်စဉ်းစားသင့်တဲ့ အချက်တစ်ခုက စာအုပ်တွေဟာ သတင်းစာ သို့မဟုတ် မဂ္ဂဇင်းတွေထက် ပိုအကျိုးပြုတယ်ဆိုတာပါပဲ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top