iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္ကာလ ဆယ္ေက်ာ္သက္ေတြနဲ႔ အသက္ ၂၀ ပတ္ဝန္းက်င္ေတြဟာ ဦးေႏွာက္ျပႆနာေၾကာင့္ ေဆးကုသမႈခံယူလာရတာ ပိုမိုမ်ားျပားလာပါတယ္။ ဒီလိုျဖစ္ရျခင္းအေၾကာင္းထဲမွာ အျပာဗီဒီယိုေတြ ၾကည့္႐ႈျခင္းကလည္း အဓိကအေၾကာင္းရင္းတစ္ခုပါပဲ။ အြန္လိုင္းေပၚမွာ လြယ္လြယ္ကူကူၾကည့္႐ႈႏိုင္တဲ့ အျပာကားေတြကို တစ္ပတ္မွာတစ္ႀကိမ္ထက္ပိုၿပီး ၾကည့္မိသူေတြရဲ႕ဦးေႏွာက္မွာ ဒါေတြျဖစ္လာႏိုင္ပါတယ္။

၁။ အ႐ြယ္အစား

ဦးေႏွာက္အ႐ြယ္အစား က်ံဳ႕သြားျခင္းဟာ အျပာကားၾကည့္ျခင္းနဲ႔ ဆက္စပ္ေနတယ္လုိ႔ Max Planck Institution က ေဖာ္ျပခဲ့ပါတယ္။

၂။ စိတ္သေဘာထားကိုယာယီေျပာင္းလဲသြားေစ

လိင္ပိုင္းဆုိင္ရာသုေတသနဂ်ာနယ္တစ္ခုမွာ ေရးသားခ်က္အရေတာ့ အျပာကားၾကည့္ၿပီးတိုင္းမွာ စိတ္သေဘာထားဟာ ယာယီေျပာင္းလဲသြားတတ္ပါသတဲ့။ ဥပမာအားျဖင့္ ကိုယ္အႀကိဳက္ဆံုးအစားအစာတို႔ အရသာတုိ႔ကို ယာယီမႏွစ္သက္ေတာ့တာပါ။

၃။ ဘာသာတရားကိုပိုအာ႐ံုစိုက္လာ

အိုကလာဟိုးမားတကၠသိုလ္ရဲ႕ ေလ့လာမႈအရ အျပာကားပံုမွန္ၾကည့္သူေတြဟာ ဘာသာေရးအေပၚ အာ႐ံုစိုက္မႈ နည္းသြားတတ္တယ္လို႔ ေတြ႔႐ွိခဲ့ေပမယ့္ အျပာကားမ်ားမ်ားၾကည့္သူေတြကေတာ့ ဘာသာေရးအေပၚ ပိုၿပီးအေကာင္းျမင္လာတတ္တာကို ေတြ႔ရွိခဲ့ရပါတယ္။ ကိုယ့္ကိုယ္ကိုယ္အျပစ္႐ွိတယ္လို႔ ခံယူမိလို႔ ဘာသာေရးအေပၚ ပိုအာ႐ံုစိုက္လာတာ ျဖစ္ႏိုင္တယ္လို႔ သုေတသီက ဆိုပါတယ္။

၄။ လူေကာင္းတစ္ေယာက္လို႔ခံယူမိ

အျပာကားၾကည့္သူေတြဟာ လိင္ပိုင္းဆိုင္ရာနဲ႔ က်ား၊မ မတူညီမႈေတြအေပၚမွာ သာတူညီမွ်ထားဖုိ႔နဲ႔ အေကာင္းျမင္စိတ္ပိုမို႐ွိလာတယ္လို႔ Sex Research ဂ်ာနယ္မွာ ေဖာ္ျပဖူးပါတယ္။

၅။ အိမ္ေထာင္ေရးကို ထိခိုက္ေစႏိုင္

အျပာကားအၾကည့္လြန္တဲ့ အမ်ိဳးသားေတြရဲ႕ အိမ္ေထာင္ေရးဟာ သာယာမႈေလ်ာ့နည္းသြားပါတယ္။ အထူးသျဖင့္ လက္ထပ္ခါစ စံုတြဲေတြမွာ ဇနီးသည္က ခ်စ္တင္းေႏွာစဥ္ ကိုယ့္ကိုယ္ကိုယ္စိတ္ေက်နပ္မႈသိပ္မရေတာ့ပါဘူး။ ၾကာလာတဲ့အခါ အိမ္ေထာင္မႈမွာ မေပ်ာ္ေမြ႕ေတာ့ဘဲ ကြာ႐ွင္းတဲ့အထိေတာင္ ျဖစ္သြားတတ္ပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ယနေ့ခေတ်ကာလ ဆယ်ကျော်သက်တွေနဲ့ အသက် ၂၀ ပတ်ဝန်းကျင်တွေဟာ ဦးနှောက်ပြဿနာကြောင့် ဆေးကုသမှုခံယူလာရတာ ပိုမိုများပြားလာပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းထဲမှာ အပြာဗီဒီယိုတွေ ကြည့်ရှုခြင်းကလည်း အဓိကအကြောင်းရင်းတစ်ခုပါပဲ။ အွန်လိုင်းပေါ်မှာ လွယ်လွယ်ကူကူကြည့်ရှုနိုင်တဲ့ အပြာကားတွေကို တစ်ပတ်မှာတစ်ကြိမ်ထက်ပိုပြီး ကြည့်မိသူတွေရဲ့ဦးနှောက်မှာ ဒါတွေဖြစ်လာနိုင်ပါတယ်။

၁။ အရွယ်အစား

ဦးနှောက်အရွယ်အစား ကျုံ့သွားခြင်းဟာ အပြာကားကြည့်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ Max Planck Institution က ဖော်ပြခဲ့ပါတယ်။

၂။ စိတ်သဘောထားကိုယာယီပြောင်းလဲသွားစေ

လိင်ပိုင်းဆိုင်ရာသုတေသနဂျာနယ်တစ်ခုမှာ ရေးသားချက်အရတော့ အပြာကားကြည့်ပြီးတိုင်းမှာ စိတ်သဘောထားဟာ ယာယီပြောင်းလဲသွားတတ်ပါသတဲ့။ ဥပမာအားဖြင့် ကိုယ်အကြိုက်ဆုံးအစားအစာတို့ အရသာတို့ကို ယာယီမနှစ်သက်တော့တာပါ။

၃။ ဘာသာတရားကိုပိုအာရုံစိုက်လာ

အိုကလာဟိုးမားတက္ကသိုလ်ရဲ့ လေ့လာမှုအရ အပြာကားပုံမှန်ကြည့်သူတွေဟာ ဘာသာရေးအပေါ် အာရုံစိုက်မှု နည်းသွားတတ်တယ်လို့ တွေ့ရှိခဲ့ပေမယ့် အပြာကားများများကြည့်သူတွေကတော့ ဘာသာရေးအပေါ် ပိုပြီးအကောင်းမြင်လာတတ်တာကို တွေ့ရှိခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ ခံယူမိလို့ ဘာသာရေးအပေါ် ပိုအာရုံစိုက်လာတာ ဖြစ်နိုင်တယ်လို့ သုတေသီက ဆိုပါတယ်။

၄။ လူကောင်းတစ်ယောက်လို့ခံယူမိ

အပြာကားကြည့်သူတွေဟာ လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊မ မတူညီမှုတွေအပေါ်မှာ သာတူညီမျှထားဖို့နဲ့ အကောင်းမြင်စိတ်ပိုမိုရှိလာတယ်လို့ Sex Research ဂျာနယ်မှာ ဖော်ပြဖူးပါတယ်။

၅။ အိမ်ထောင်ရေးကို ထိခိုက်စေနိုင်

အပြာကားအကြည့်လွန်တဲ့ အမျိုးသားတွေရဲ့ အိမ်ထောင်ရေးဟာ သာယာမှုလျော့နည်းသွားပါတယ်။ အထူးသဖြင့် လက်ထပ်ခါစ စုံတွဲတွေမှာ ဇနီးသည်က ချစ်တင်းနှောစဉ် ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်မှုသိပ်မရတော့ပါဘူး။ ကြာလာတဲ့အခါ အိမ်ထောင်မှုမှာ မပျော်မွေ့တော့ဘဲ ကွာရှင်းတဲ့အထိတောင် ဖြစ်သွားတတ်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top