iMyanmarHouse.com - Best Property Website for Myanmar
×




Credit: 7Day Daily



#Unicode Version

အမေရိကန် သရုပ်ဆောင်မင်းသား ဂျွန်နီဒပ် သည် အမ်ဘာဟာ့ဒ်နှင့် ကွာရှင်းပြတ်စဲခဲ့မှု ညှိနှိုင်းချက်အရ သဘော တူခဲ့သောငွေ ကန်ဒေါ်လာ ၇ သန်းကို ဇနီးဟောင်း အမ်ဘာ ဟာ့ဒ်အား တိုက်ရိုက်မပေးဘဲ အမ်ဘာဟာ့ဒ်လှူဒါန်းမည်ဟု ကတိပြုထားသော ပရဟိတအဖွဲ့ နှစ်ဖွဲ့ထံ တိုက်ရိုက်လှူဒါန်းလိုက် သည်။သရုပ်ဆောင်မင်းသမီး အမ် ဘာဟာ့ဒ်က ဂျွန်နီဒပ်ထံမှ ရရှိ သော ကန်ဒေါ်လာ ၇ သန်းကို လှူဒါန်းမည်ဟု သြဂုတ် ၁၈ ရက် တွင် ကြေညာခဲ့သည်။

ဂျွန်နီဒပ်သည် ၎င်းပေးမည့် ပိုက်ဆံများကို အမ်ဘာဟာ့ဒ်လှူ ဒါန်းမည်ဟု ကြေညာထားသော American Civil Liberties Unionအဖွဲ့နှင့် လော့စ်အန်ဂျလိစ်မြို့ ကလေးဆေးရုံသို့ အမ်ဘာဟာ့ဒ် ချက်လက်မှတ်များ ပေးပို့ခဲ့သည် ဟု ဂျွန်နီဒပ်၏ ပြောရေးဆိုခွင့်ရ သူက အတည်ပြုပြောကြားသည်။

သို့ရာတွင် အမ်ဘာဟာ့ဒ်က ဂျွန်နီဒပ်သည် ၎င်းအား ငွေမပေး ဘဲ ပရဟိတအဖွဲ့များထံ တိုက်ရိုက်လှူဒါန်းခြင်းဖြင့် အခွန်ကင်းလွတ်ခွင့်ရရန် ကြိုးစားသည်ဟုစွပ်စွဲပြီး ယင်းငွေပမာဏ နှစ်ဆဖြစ်သည့် ကန်ဒေါ်လာ ၁၄ သန်း လှူဒါန်းရန် တောင်းဆိုလိုက်သည်။      

Credit: 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top