iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္ေတာ့ သမီးရည္းစားဆက္ဆံေရးကေန အိမ္ ေထာင္ေရးအထိ တစ္ဦးနဲ႕တစ္ဦး အေပးအယူညီညီေလးနဲ႕ နားလည္မႈရွိဖုိ႕ဟာ တကယ္ကို အေရးပါလြန္းပါတယ္။ ဒါ့အျပင္ အိမ္ေထာင္ျမဲဖုိ႕ နဲ႕ အခ်စ္ေရး မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေရွ႔ဆက္ေလ်ွာက္လွမ္းႏိုင္ဖုိ႕ သိထားရမယ့္ အခ်က္ (၅) ခ်က္ကေတာ့

၁။ တစ္ဖက္လူေျပာတာကို ေသခ်ာ နားေထာင္ေပးပါ။

ျပီးျပီးေရာ မဟုတ္ပဲ၊ ျပီးေတာ့ ေျပာေနခ်ိန္ စကားျဖတ္မေျပာပဲ တစ္ဖက္လူေျပာတာကို ေသခ်ာအာရံုစိုက္ျပီး နားေထာင္တတ္ပါေစ။ သူအားလံုးေျပာျပီးသြားတဲ့အခါမွသာ သင့္ရဲ႕ထင္ျမင္ခ်က္၊ အၾကံေပးတာ၊ အယူအဆ စတာေတြကို ဖြင့္ဟပါ။

၂။သင္လိုခ်င္တဲ့အရာကို ေတာင္းဆုိတတ္ပါေစ။

ခ်စ္သူစံုတြဲေတြဟာ မ်ားေသာအားျဖင့္ ကိုယ္လုိခ်င္တာ ဘာဆုိတာ မေျပာပဲ ေရငံုႏႈတ္ပိတ္ေနတတ္ၾကပါတယ္။ စံုတြဲတစ္တြဲမွာ တစ္ေယာက္ကေတာ့ မ်ားေသာအားျဖင့္ အဲ့ဒီလို ေနတတ္တာမ်ားပါတယ္။ ဒါ့ေၾကာင့္ သင္လိုခ်င္တာဟာ ဘယ္လိုမ်ိဳး၊ သင္ျဖစ္ခ်င္တဲ့အရာက ဘယ္လိုမ်ိဳး ဆုိတာ သင့္ခ်စ္သူကို ပြင့္ပြင့္လင္းလင္း ဖြင့္ဟပါ။

၃။မလုပ္ဖူးေသးတဲ့ အရာေတြကို ႏွစ္ဦးသားအတူ စမ္းသပ္လုပ္ေဆာင္ၾကည့္ပါ။

ေန႕စဥ္လုပ္ေဆာင္ေနက်၊ အျမဲတမ္းလိုလိုေရာက္ျဖစ္ေနက် ေဟာင္းေနတဲ့ လမ္းစဥ္ကို ခဏထားခဲ့ျပီး ႏွစ္ဦးသားအတြက္ အသစ္ျဖစ္ေစမယ့္ အရာေတြကို အတူျပဳမူလုပ္ေဆာင္ပါ။ သင္တန္းအသစ္တစ္ခုကို အတူတက္တာမ်ိဳး လည္းေကာင္းပါတယ္။ ေနရာသစ္တစ္ခုကို အတူသြားေရာက္လည္ပတ္တာမ်ိဳးလည္း ေကာင္းပါတယ္။

၄။တစ္ေယာက္ကို တစ္ေယာက္ ေက်းဇူးတင္တတ္ပါေစ။

တစ္ေယာက္အေပၚ တစ္ေယာက္ ဘယ္ေလာက္ေကာင္းေၾကာင္း တစ္ဦးနဲ႕တစ္ဦး မၾကာခဏ ဖြင့္ဟေျပာဆုိေပးျခင္းဟာ သင္တုိ႕ႏွစ္ဦးရဲ႕ သံေယာဇဥ္ႀကိဳးကို ပိုျမဲေစပါတယ္။ ဒါ့ျပင္ ေက်းဇူးတင္တယ္ဆုိတဲ့ စကားမ်ိဳးကိုလည္း ဖြင့္ဟေျပာဆုိဖုိ႕ ၀န္မေလးပါနဲ႕။

၅။အမွတ္တရေန႕ေလးေတြကို အျမဲ သတိရမွတ္မိေနတတ္ပါေစ။

ဘယ္သူမဆုိ ႏွစ္ဦးသားစေတြ႔တဲ့ ေန႕ေလးကို ျပန္ေျပာျပတာမ်ိဳး၊ ႏွစ္ပတ္လည္ေန႕ေလးေတြမွာ အမွတ္တရလက္ေဆာင္ေပးတာမ်ိဳး၊ ကိုယ့္ခ်စ္သူ အေလးထားတဲ့ အရာေလးေတြကို လက္ေဆာင္ေပးတာမ်ိဳး စတာေတြကို ကိုယ့္ခ်စ္သူဆီက လိုခ်င္ၾကပါတယ္။ အသိအမွတ္ျပဳလည္း ခံခ်င္ၾကပါတယ္။ ဒါကိုလည္း ထည့္တြက္ေပးဖုိ႕ လိုပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တကယ်တော့ သမီးရည်းစားဆက်ဆံရေးကနေ အိမ် ထောင်ရေးအထိ တစ်ဦးနဲ့တစ်ဦး အပေးအယူညီညီလေးနဲ့ နားလည်မှုရှိဖို့ဟာ တကယ်ကို အရေးပါလွန်းပါတယ်။ ဒါ့အပြင် အိမ်ထောင်မြဲဖို့ နဲ့ အချစ်ရေး မှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက်ကတော့

၁။ တစ်ဖက်လူပြောတာကို သေချာ နားထောင်ပေးပါ။

ပြီးပြီးရော မဟုတ်ပဲ၊ ပြီးတော့ ပြောနေချိန် စကားဖြတ်မပြောပဲ တစ်ဖက်လူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်တတ်ပါစေ။ သူအားလုံးပြောပြီးသွားတဲ့အခါမှသာ သင့်ရဲ့ထင်မြင်ချက်၊ အကြံပေးတာ၊ အယူအဆ စတာတွေကို ဖွင့်ဟပါ။

၂။သင်လိုချင်တဲ့အရာကို တောင်းဆိုတတ်ပါစေ။

ချစ်သူစုံတွဲတွေဟာ များသောအားဖြင့် ကိုယ်လိုချင်တာ ဘာဆိုတာ မပြောပဲ ရေငုံနှုတ်ပိတ်နေတတ်ကြပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ယောက်ကတော့ များသောအားဖြင့် အဲ့ဒီလို နေတတ်တာများပါတယ်။ ဒါ့ကြောင့် သင်လိုချင်တာဟာ ဘယ်လိုမျိုး၊ သင်ဖြစ်ချင်တဲ့အရာက ဘယ်လိုမျိုး ဆိုတာ သင့်ချစ်သူကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပါ။

၃။မလုပ်ဖူးသေးတဲ့ အရာတွေကို နှစ်ဦးသားအတူ စမ်းသပ်လုပ်ဆောင်ကြည့်ပါ။

နေ့စဉ်လုပ်ဆောင်နေကျ၊ အမြဲတမ်းလိုလိုရောက်ဖြစ်နေကျ ဟောင်းနေတဲ့ လမ်းစဉ်ကို ခဏထားခဲ့ပြီး နှစ်ဦးသားအတွက် အသစ်ဖြစ်စေမယ့် အရာတွေကို အတူပြုမူလုပ်ဆောင်ပါ။ သင်တန်းအသစ်တစ်ခုကို အတူတက်တာမျိုး လည်းကောင်းပါတယ်။ နေရာသစ်တစ်ခုကို အတူသွားရောက်လည်ပတ်တာမျိုးလည်း ကောင်းပါတယ်။

၄။တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်တတ်ပါစေ။

တစ်ယောက်အပေါ် တစ်ယောက် ဘယ်လောက်ကောင်းကြောင်း တစ်ဦးနဲ့တစ်ဦး မကြာခဏ ဖွင့်ဟပြောဆိုပေးခြင်းဟာ သင်တို့နှစ်ဦးရဲ့ သံယောဇဉ်ကြိုးကို ပိုမြဲစေပါတယ်။ ဒါ့ပြင် ကျေးဇူးတင်တယ်ဆိုတဲ့ စကားမျိုးကိုလည်း ဖွင့်ဟပြောဆိုဖို့ ဝန်မလေးပါနဲ့။

၅။အမှတ်တရနေ့လေးတွေကို အမြဲ သတိရမှတ်မိနေတတ်ပါစေ။

ဘယ်သူမဆို နှစ်ဦးသားစတွေ့တဲ့ နေ့လေးကို ပြန်ပြောပြတာမျိုး၊ နှစ်ပတ်လည်နေ့လေးတွေမှာ အမှတ်တရလက်ဆောင်ပေးတာမျိုး၊ ကိုယ့်ချစ်သူ အလေးထားတဲ့ အရာလေးတွေကို လက်ဆောင်ပေးတာမျိုး စတာတွေကို ကိုယ့်ချစ်သူဆီက လိုချင်ကြပါတယ်။ အသိအမှတ်ပြုလည်း ခံချင်ကြပါတယ်။ ဒါကိုလည်း ထည့်တွက်ပေးဖို့ လိုပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top