iMyanmarHouse.com - Best Property Website for Myanmar
×

ျမင္းတစ္ေကာင္အရမ္းလိမၼာတယ္။ အဲဒီျမင္းကို ေရေခ်ာင္းနားအထိ ဆြဲဲေခၚရတာ လြယ္ကူေပမဲ့ ေရေသာက္ခိုင္းဖို႔ မလြယ္ကူလွပါဘူး။ ျမင္းေရငတ္မွ သူအလိုအေလ်ွာက္ေသာက္မွာပါ။ ကေလးေတြလည္း ဒီအတိုင္းပါပဲ၊ ဘယ္ေလာက္ပဲ လိမၼာလိမၼာ၊ ဘယ္ေလာက္ပဲ ေက်ာင္းေကာင္းေတြထားေပးထားေပး၊ ဘယ္လိုပဲ သင္တန္းေတြ ပို႔ခ် ပို႔ခ် ၊ ပညာကို တကယ္ လိုခ်င္ပါမွ အက်ဳိးျဖစ္ထြန္းလာမွာပါ။ ကေလးကို စာမၿငီးေငြ႔ေအာင္၊ စာႀကိဳးစားလာေအာင္ ဘယ္လိုလုပ္သင့္ပါသလဲ၊ ေအာက္ပါအခ်က္ေတြကို ေလ့လာ စမ္းစစ္ၾကည့္ပါ။ ကိုယ့္ကေလးနဲ႔ ကိုက္ညီတဲ့ အခ်က္ကို ရွာေဖြၿပီး စမ္းသံုးၾကည့္ပါ။

အိမ္စာကို ကိုယ္တိုင္လုပ္လာေအာင္ပ်ဳိးေထာင္နည္း

၁။ အိမ္စာလုပ္ခ်ိန္ မၾကာသင့္ပါ။
၂။ ကေလးရဲ႔ ေကာင္းကြက္ကို ပံုႀကီးခ်ဲ႔ ပါ။
၃။ ကေလးတိုးတက္မူအတြက္ အလ်င္စလို မေလာသင့္ပါ။
၄။ သူတို႔ႏွစ္သက္တဲ့ သူငယ္ခ်င္းကို အိမ္ ေခၚလာလည္ခိုင္းပါ။
၅။ ကေလး အရင္၀ေအာင္ေစာ့ခိုင္းပါ။
၆။ အစြမ္းကုန္ႀကိဳးစားတတ္ေအာင္ တြန္းအားေပးပါ။
ရ။ စာေလ့လာလို႔ ေကာင္းတဲ့ ပတ္၀န္းက်င္ျဖစ္ေအာင္ ဖန္တီးေပးပါ။ အေနာက္အယွက္ ကင္းၿပီး အလင္းေရာင္အျပည့္အ၀ ရေအာင္ဖန္တီးေပးထားတာမ်ဳိး။
၈။ အိမ္စာ အစီအစဥ္ ( သို႔) အိမ္စာၿပီးေျမာက္မူ ဇယား တစ္ခု ဆြဲခိုင္းပါ။
၉။ သင့္ကေလးရဲ႔ ေရွ႔မွာ သူ႔ဆရာဆရာမ မ်ားကို ဘယ္ေတာ့မွ မေ၀ဖန္ပါႏွင့္။
၁၀။ အိမ္စာ မွန္မွန္ ၿပီးဆံုးတာကို အၿမဲ အသိအမွတ္ျပဳေပးပါ။ ခ်ီးက်ဴးေပးပါ။

သင့္ကေလးစာက်ဳိးစားခ်င္လာေအာင္ အားေပးနည္းလမ္းမ်ား

၁၁။ ကေလးကို အားေပးတဲ့ ပံုျပင္ေတြ၊ ေအာင္ျမင္ပုဂၢိဳလ္ မ်ားရဲ႔ အေၾကာင္းကို မၾကာခဏ ေျပာျပေပးပါ။
၁၂။ ေရတို တိုးတက္မူ၊ ေရတို ရည္မွန္းခ်က္ မ်ားျဖင့္ ကေလးကို အားေပးပါ။
၁၃။ ယာယီ စိတ္အားထက္သန္မူ၊ ေကာက္ရိုးမီး အက်င့္ ကို သတိထား ကူညီ ေဖ်ာက္ေပးပါ။
၁၄။ အားကစား ကစားေစျခင္းျဖင့္ ကေလးပိုတက္ၾကြတတ္ပါတယ္။
၁၅။ အားနည္းတဲ့ ဘာသာ၊ ( သို႔) သိပ္မႀကိဳက္ႏွစ္သက္တဲ့ ဘာသာကို အရင္ လုပ္ခိုင္းပါ။ အားေကာင္းတဲ့ ဘာသာကို အိပ္ခါနီးမွ လုပ္လည္း အိပ္မငိုက္ပါ။
၁၆။ အျပဳသေဘာ ေဆာင္ေသာ ေလသံနဲ႔ ကေလးရဲ႔ ဆံုးရံူးမူ ကို ကေလးနဲ႔ တိုင္ပင္ပါ။
၁ရ။ ကေလးရဲ႔ စိတ္ဓါတ္ တိုးတက္ ေျပာင္းလဲ ဖြံ႔ ၿဖိဳးမူ ကို အစဥ္တစိုက္ သတိထားပါ။

Credit: Sayar U Aung Ko Latt

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မြင်းတစ်ကောင်အရမ်းလိမ္မာတယ်။ အဲဒီမြင်းကို ရေချောင်းနားအထိ ဆွဲခေါ်ရတာ လွယ်ကူပေမဲ့ ရေသောက်ခိုင်းဖို့ မလွယ်ကူလှပါဘူး။ မြင်းရေငတ်မှ သူအလိုအလျှောက်သောက်မှာပါ။ ကလေးတွေလည်း ဒီအတိုင်းပါပဲ၊ ဘယ်လောက်ပဲ လိမ္မာလိမ္မာ၊ ဘယ်လောက်ပဲ ကျောင်းကောင်းတွေထားပေးထားပေး၊ ဘယ်လိုပဲ သင်တန်းတွေ ပို့ချ ပို့ချ ၊ ပညာကို တကယ် လိုချင်ပါမှ အကျိုးဖြစ်ထွန်းလာမှာပါ။ ကလေးကို စာမငြီးငွေ့အောင်၊ စာကြိုးစားလာအောင် ဘယ်လိုလုပ်သင့်ပါသလဲ၊ အောက်ပါအချက်တွေကို လေ့လာ စမ်းစစ်ကြည့်ပါ။ ကိုယ့်ကလေးနဲ့ ကိုက်ညီတဲ့ အချက်ကို ရှာဖွေပြီး စမ်းသုံးကြည့်ပါ။

အိမ်စာကို ကိုယ်တိုင်လုပ်လာအောင်ပျိုးထောင်နည်း

၁။ အိမ်စာလုပ်ချိန် မကြာသင့်ပါ။
၂။ ကလေးရဲ့ ကောင်းကွက်ကို ပုံကြီးချဲ့ ပါ။
၃။ ကလေးတိုးတက်မူအတွက် အလျင်စလို မလောသင့်ပါ။
၄။ သူတို့နှစ်သက်တဲ့ သူငယ်ချင်းကို အိမ် ခေါ်လာလည်ခိုင်းပါ။
၅။ ကလေး အရင်ဝအောင်စော့ခိုင်းပါ။
၆။ အစွမ်းကုန်ကြိုးစားတတ်အောင် တွန်းအားပေးပါ။
ရ။ စာလေ့လာလို့ ကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးပါ။ အနောက်အယှက် ကင်းပြီး အလင်းရောင်အပြည့်အ၀ ရအောင်ဖန်တီးပေးထားတာမျိုး။
၈။ အိမ်စာ အစီအစဉ် ( သို့) အိမ်စာပြီးမြောက်မူ ဇယား တစ်ခု ဆွဲခိုင်းပါ။
၉။ သင့်ကလေးရဲ့ ရှေ့မှာ သူ့ဆရာဆရာမ များကို ဘယ်တော့မှ မဝေဖန်ပါနှင့်။
၁၀။ အိမ်စာ မှန်မှန် ပြီးဆုံးတာကို အမြဲ အသိအမှတ်ပြုပေးပါ။ ချီးကျူးပေးပါ။

သင့်ကလေးစာကျိုးစားချင်လာအောင် အားပေးနည်းလမ်းများ

၁၁။ ကလေးကို အားပေးတဲ့ ပုံပြင်တွေ၊ အောင်မြင်ပုဂ္ဂိုလ် များရဲ့ အကြောင်းကို မကြာခဏ ပြောပြပေးပါ။
၁၂။ ရေတို တိုးတက်မူ၊ ရေတို ရည်မှန်းချက် များဖြင့် ကလေးကို အားပေးပါ။
၁၃။ ယာယီ စိတ်အားထက်သန်မူ၊ ကောက်ရိုးမီး အကျင့် ကို သတိထား ကူညီ ဖျောက်ပေးပါ။
၁၄။ အားကစား ကစားစေခြင်းဖြင့် ကလေးပိုတက်ကြွတတ်ပါတယ်။
၁၅။ အားနည်းတဲ့ ဘာသာ၊ ( သို့) သိပ်မကြိုက်နှစ်သက်တဲ့ ဘာသာကို အရင် လုပ်ခိုင်းပါ။ အားကောင်းတဲ့ ဘာသာကို အိပ်ခါနီးမှ လုပ်လည်း အိပ်မငိုက်ပါ။
၁၆။ အပြုသဘော ဆောင်သော လေသံနဲ့ ကလေးရဲ့ ဆုံးရူံးမူ ကို ကလေးနဲ့ တိုင်ပင်ပါ။
၁ရ။ ကလေးရဲ့ စိတ်ဓါတ် တိုးတက် ပြောင်းလဲ ဖွံ့ ဖြိုးမူ ကို အစဉ်တစိုက် သတိထားပါ။

Credit: Sayar U Aung Ko Latt

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top