iMyanmarHouse.com - Best Property Website for Myanmar
×

အဂၤါရုပ္ဖတ္တဲ့ ပညာရပ္ေတြထဲမွာ
ႏႈတ္ခမ္းကိုၾကည့္ၿပီး ထိုသူ၏စရိုက္သဘာဝ၊ ကံၾကမၼာကို ခန္႔မွန္းရေသာ ပညာရပ္ေတြရွိသည္။
ႏႈတ္ခမ္းက ထြက္လာတဲ့စကားလံုးေတြရဲ႕ အတိမ္အနက္၊တည္ၾကည္မႈကို သိရွိဖို႔ ႏႈတ္ခမ္းအေဟာေတြကိုသိထားသင့္သည္။
မိမိႏႈတ္ခမ္းကိုၾကည့္ၿပီး ဆင္ျခင္နိုင္သလို၊ မိမိနဲ႔ နီးစပ္သူေတြရဲ႕ႏႈတ္ခမ္းကိုေလ့လာၿပီး ေပါင္းသင္းဆက္ဆံေရးအပိုင္းမွာ ခ်င့္ခ်ိန္နိုင္ရန္တင္ျပလိုက္ပါသည္။

ႏႈတ္ခမ္းထူ၍ ညီေနက-

စကားေျပာနည္းတတ္သည္။ ရိုးသားေျဖာင့္ မတ္၍
ၾသဇာအာဏာ ႀကီးမားတတ္သည္။ ေက်ာ္ ေဇာထင္ရွားသူ၊ စီးပြားဥစၥာ ေငြေၾကးႂကြယ္ဝသူ ျဖစ္ တတ္ပါသည္။

ႏႈတ္ခမ္းထူ၍ အထက္သို႔လန္က -

အေပ်ာ္အပါးဝါသနာပါၿပီး စကားေျပာမတည္သူ ျဖစ္တတ္သည္။ ေဒါသ၊ ေမာဟ ႀကီးသူျဖစ္တတ္ ၿပီး ၾသဇာအာဏာမရွိသူ ျဖစ္တတ္သည္။

ႏႈတ္ခမ္းထူ၍ ေအာက္သို႔တြဲက်ေနက-

အစားအေသာက္ကို လြန္စြာမက္ေမာတတ္ သည္။
ရက္စက္ၾကမ္းတမ္းစြာ ေဆာင္႐ြက္လုပ္ကိုင္ ေျပာဆိုတတ္ၿပီး ၾသဇာအာဏာ မရွိသူျဖစ္တတ္သည္။ ခႏၶာ ကိုယ္ အပင္ပန္းခံနိုင္ၿပီး တစ္ဇြတ္ထိုးလုပ္ကိုင္ေဆာင္ ႐ြက္တတ္သူ ျဖစ္တတ္သည္။

ႏႈတ္ခမ္းပါး၍ ညီေနက -

ဉာဏ္ရည္ ဉာဏ္ေသြးေကာင္းၿပီး ထူးခြၽန္ ထက္ျမက္သူ ျဖစ္တတ္သည္။ လူခ်စ္လူခင္ေပါမ်ား ၿပီး ပညာတတ္လူတန္းစား ျဖစ္တတ္သည္။ ဘုန္း တန္ခိုးႀကီး၍ ၾသဇာအာဏာႀကီးမားသူ၊ ေက်ာ္ေဇာ ထင္ရွားသူ ျဖစ္တတ္ပါသည္။ခ်စ္ဖြယ္ေသာစကားကိုဆိုတတ္သည္။

ႏႈတ္ခမ္းပါး၍ အထက္သို႔လန္ေနက-

စကားအလြန္မ်ားတတ္ၿပီး ႂကြားဝါေျပာဆို တတ္သူ ျဖစ္တတ္သည္။ ရန္လိုတတ္သည္။ ဝီရိယ နည္းပါးတတ္ၿပီး ထိတ္လန့္ေၾကာက္႐ြံ႕ေနတတ္သူ ျဖစ္တတ္သည္။

ႏႈတ္ခမ္းပါး၍ ေအာက္သို႔တြဲက်ေနပါက -

စကားအမွန္မေျပာတတ္ဘဲ ကုန္းေခ်ာစကား ေျပာတတ္သည္။ အစားအေသာက္ လြန္စြာမက္ေမာ တတ္သည္။ ရန္လို၊ ရန္ျပဳတတ္ၿပီး၊ ေငြေၾကးဥစၥာ မၿမဲတတ္ပါ။

အေပၚႏႈတ္ခမ္းထူၿပီး ေအာက္ႏႈတ္ခမ္းပါးေနပါက-

ေလာကီစိတ္ကုန္ေနတတ္သည္။ ေနာင္တရစရာေတြလုပ္မိတတ္သည္။ ပရဟိတဝါသနာပါသည္။ အလွဴ အတန္းရက္ေရာသည္။ တစ္ပါးသူအေပၚ ကူညီ
ီခ်င္စိတ္အျပည့္ရွိသည္။လိုအပ္မွစကားေျပာသည္။

အေပၚႏႈတ္ခမ္းပါးၿပီး ေအာက္ႏႈတ္ခမ္းထူေနပါက-

မနာလိုစိတ္မ်ားသည္။ သူမ်ားကိုယ့္ထက္သာသြားမည္ကိုမလိုလားသူျဖစ္မည္။တစ္ခုခုစြဲလမ္းပါက ျဖတ္ရခက္သည္။ စိတ္ျမန္လက္ျမန္လုပ္တတ္သည္။
အရွံုးကိုရင္ဆိုင္နိုင္သည္။ စကားေျပာရာတြင္ မိမိအတြက္တစ္ကြက္ခ်န္ၿပီးေျပာတတ္သည္။

Credit : ၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အင်္ဂါရုပ်ဖတ်တဲ့ ပညာရပ်တွေထဲမှာ
နှုတ်ခမ်းကိုကြည့်ပြီး ထိုသူ၏စရိုက်သဘာဝ၊ ကံကြမ္မာကို ခန့်မှန်းရသော ပညာရပ်တွေရှိသည်။
နှုတ်ခမ်းက ထွက်လာတဲ့စကားလုံးတွေရဲ့ အတိမ်အနက်၊တည်ကြည်မှုကို သိရှိဖို့ နှုတ်ခမ်းအဟောတွေကိုသိထားသင့်သည်။
မိမိနှုတ်ခမ်းကိုကြည့်ပြီး ဆင်ခြင်နိုင်သလို၊ မိမိနဲ့ နီးစပ်သူတွေရဲ့နှုတ်ခမ်းကိုလေ့လာပြီး ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာ ချင့်ချိန်နိုင်ရန်တင်ပြလိုက်ပါသည်။

နှုတ်ခမ်းထူ၍ ညီနေက-

စကားပြောနည်းတတ်သည်။ ရိုးသားဖြောင့် မတ်၍
သြဇာအာဏာ ကြီးမားတတ်သည်။ ကျော် ဇောထင်ရှားသူ၊ စီးပွားဥစ္စာ ငွေကြေးကြွယ်ဝသူ ဖြစ် တတ်ပါသည်။

နှုတ်ခမ်းထူ၍ အထက်သို့လန်က -

အပျော်အပါးဝါသနာပါပြီး စကားပြောမတည်သူ ဖြစ်တတ်သည်။ ဒေါသ၊ မောဟ ကြီးသူဖြစ်တတ် ပြီး သြဇာအာဏာမရှိသူ ဖြစ်တတ်သည်။

နှုတ်ခမ်းထူ၍ အောက်သို့တွဲကျနေက-

အစားအသောက်ကို လွန်စွာမက်မောတတ် သည်။
ရက်စက်ကြမ်းတမ်းစွာ ဆောင်ရွက်လုပ်ကိုင် ပြောဆိုတတ်ပြီး သြဇာအာဏာ မရှိသူဖြစ်တတ်သည်။ ခန္ဓာ ကိုယ် အပင်ပန်းခံနိုင်ပြီး တစ်ဇွတ်ထိုးလုပ်ကိုင်ဆောင် ရွက်တတ်သူ ဖြစ်တတ်သည်။

နှုတ်ခမ်းပါး၍ ညီနေက -

ဉာဏ်ရည် ဉာဏ်သွေးကောင်းပြီး ထူးချွန် ထက်မြက်သူ ဖြစ်တတ်သည်။ လူချစ်လူခင်ပေါများ ပြီး ပညာတတ်လူတန်းစား ဖြစ်တတ်သည်။ ဘုန်း တန်ခိုးကြီး၍ သြဇာအာဏာကြီးမားသူ၊ ကျော်ဇော ထင်ရှားသူ ဖြစ်တတ်ပါသည်။ချစ်ဖွယ်သောစကားကိုဆိုတတ်သည်။

နှုတ်ခမ်းပါး၍ အထက်သို့လန်နေက-

စကားအလွန်များတတ်ပြီး ကြွားဝါပြောဆို တတ်သူ ဖြစ်တတ်သည်။ ရန်လိုတတ်သည်။ ဝီရိယ နည်းပါးတတ်ပြီး ထိတ်လန့်ကြောက်ရွံ့နေတတ်သူ ဖြစ်တတ်သည်။

နှုတ်ခမ်းပါး၍ အောက်သို့တွဲကျနေပါက -

စကားအမှန်မပြောတတ်ဘဲ ကုန်းချောစကား ပြောတတ်သည်။ အစားအသောက် လွန်စွာမက်မော တတ်သည်။ ရန်လို၊ ရန်ပြုတတ်ပြီး၊ ငွေကြေးဥစ္စာ မမြဲတတ်ပါ။

အပေါ်နှုတ်ခမ်းထူပြီး အောက်နှုတ်ခမ်းပါးနေပါက-

လောကီစိတ်ကုန်နေတတ်သည်။ နောင်တရစရာတွေလုပ်မိတတ်သည်။ ပရဟိတဝါသနာပါသည်။ အလှူ အတန်းရက်ရောသည်။ တစ်ပါးသူအပေါ် ကူညီ
ီချင်စိတ်အပြည့်ရှိသည်။လိုအပ်မှစကားပြောသည်။

အပေါ်နှုတ်ခမ်းပါးပြီး အောက်နှုတ်ခမ်းထူနေပါက-

မနာလိုစိတ်များသည်။ သူများကိုယ့်ထက်သာသွားမည်ကိုမလိုလားသူဖြစ်မည်။တစ်ခုခုစွဲလမ်းပါက ဖြတ်ရခက်သည်။ စိတ်မြန်လက်မြန်လုပ်တတ်သည်။
အရှုံးကိုရင်ဆိုင်နိုင်သည်။ စကားပြောရာတွင် မိမိအတွက်တစ်ကွက်ချန်ပြီးပြောတတ်သည်။

Credit : ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top