iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးႏွင့္ ပတ္သက္၍ အားလံုးေသခ်ာၿပီဆိုသည့္ အခ်ိန္မွသာ ပရိသတ္မ်ားကို အသိေပးရန္ အစီအစဥ္ရွိေၾကာင္း သင္ ဇာ၀င့္ေက်ာ္က ေျပာသည္။

‘‘အားလံုးေသခ်ာသြားၿပီဆို တဲ့အခ်ိန္မွ ကိုယ့္ခ်စ္သူဘယ္သူ လဲဆိုတာကို ထုတ္ျပခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မုန္႔စားမယ္ဆိုရင္ေတာင္ ႏႈတ္ခမ္းနားေရာက္ မွ လြတ္က်တတ္ေသးတာပဲ။ လူ ဆိုတာလည္း ေျပာလို႔မရဘူးေလ။ စိတ္အမ်ဳိးမ်ဳိးျဖစ္ႏိုင္တယ္။ အခု ဒီတစ္ေယာက္ကို ခ်စ္ေနေပမယ့္ လည္း ေျပာင္းလဲရင္လည္း ေျပာင္းလဲသြားႏိုင္တယ္ေလ။ အဲဒါ ေၾကာင့္ ထုတ္မျပျဖစ္တာပါ’’ဟု ၎က ေျပာသည္။

အခ်စ္ေရးႏွင့္ ပတ္သက္၍ ကိုယ့္ကိုယ္ကိုယ္ကံေကာင္းသူ တစ္ေယာက္ဟု ခံယူထားၿပီး အိမ္ ေထာင္ျပဳသင့္သည့္ အသက္အ ရြယ္ေရာက္လာေသာ္လည္း အိမ္ ေထာင္ျပဳရန္ အစီအစဥ္မရွိေသး ေၾကာင္း ၎က ဆိုသည္။

‘‘အိမ္ေထာင္မျပဳေသးပါဘူး။အမ်ားႀကီးႀကိဳးစားရဦးမွာပါ။ ဒါေပမဲ့ မိန္းကေလးတစ္ေယာက္ အိမ္ေထာင္ျပဳသင့္တဲ့အရြယ္က ၃၀ ေလာက္ေပါ့။ ကိုယ္လည္း ၃၀နီးေနေပမယ့္ အိမ္ေထာင္ျပဳဖို႔ ေတာ့ အစီအစဥ္မရွိေသးပါဘူး’’ ဟု သင္ဇာ၀င့္ေက်ာ္က ေျပာ သည္။

လတ္တေလာအႏုပညာ လႈပ္ရွားမႈအေနျဖင့္ ေအာင္ရဲ လင္း၊ စိုးျမတ္သူဇာတို႔ႏွင့္အတူ ‘ေမာင့္ကို ဘယ္ေတာ့မွ မမုန္းဘူး’႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးေန ေၾကာင္း သင္ဇာ၀င့္ေက်ာ္က ေျပာသည္။

‘‘ဇာတ္လမ္းေလးကေတာ့ ဖန္စီဟာသေလးပါ။ ညီမကာ႐ိုက္ တာက အေမနဲ႔ ေယာက်္ားၾကား မွာညပ္တာေပါ့။ ေယာက်္ားကို လည္း ခ်စ္တယ္။ အေမနဲ႔လည္း မခြဲႏုိင္ဘူး။ ရည္းစားဘ၀ကတည္း က သူက အလြဲလြဲ အေခ်ာ္ေခ်ာ္ ေတြလုပ္တယ္။ ဒါေပမဲ့ သည္းခံ ၿပီး ခြင့္လႊတ္ရတယ္။ ေနာက္ဆံုး ယူၿပီး အိမ္ ေပၚမွာလာတက္ေန ေတာ့ အေမနဲ႔ ျပႆနာေတြျဖစ္ တာ’’ဟု သင္ဇာ၀င့္ေက်ာ္က ေျပာသည္။

ယင္းဇာတ္ကား႐ိုက္ကူးၿပီး ပါက ျပင္ဦးလြင္တြင္ ႐ုပ္ရွင္တစ္ ကား႐ိုက္ကူးရန္ လက္ခံထားၿပီး ေျပတီဦး၊ ေဇရဲထက္တို႔ႏွင့္လည္း ဇာတ္ကားမ်ား ႐ိုက္ကူးရန္ရွိေၾကာင္း ၎က ဆိုသည္။

Credit: 7 Day Daily


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


အချစ်ရေးနှင့် ပတ်သက်၍ အားလုံးသေချာပြီဆိုသည့် အချိန်မှသာ ပရိသတ်များကို အသိပေးရန် အစီအစဉ်ရှိကြောင်း သင် ဇာဝင့်ကျော်က ပြောသည်။

‘‘အားလုံးသေချာသွားပြီဆို တဲ့အချိန်မှ ကိုယ့်ချစ်သူဘယ်သူ လဲဆိုတာကို ထုတ်ပြချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မုန့်စားမယ်ဆိုရင်တောင် နှုတ်ခမ်းနားရောက် မှ လွတ်ကျတတ်သေးတာပဲ။ လူ ဆိုတာလည်း ပြောလို့မရဘူးလေ။ စိတ်အမျိုးမျိုးဖြစ်နိုင်တယ်။ အခု ဒီတစ်ယောက်ကို ချစ်နေပေမယ့် လည်း ပြောင်းလဲရင်လည်း ပြောင်းလဲသွားနိုင်တယ်လေ။ အဲဒါ ကြောင့် ထုတ်မပြဖြစ်တာပါ’’ဟု ၎င်းက ပြောသည်။

အချစ်ရေးနှင့် ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ်ကံကောင်းသူ တစ်ယောက်ဟု ခံယူထားပြီး အိမ် ထောင်ပြုသင့်သည့် အသက်အ ရွယ်ရောက်လာသော်လည်း အိမ် ထောင်ပြုရန် အစီအစဉ်မရှိသေး ကြောင်း ၎င်းက ဆိုသည်။

‘‘အိမ်ထောင်မပြုသေးပါဘူး။အများကြီးကြိုးစားရဦးမှာပါ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုသင့်တဲ့အရွယ်က ၃၀ လောက်ပေါ့။ ကိုယ်လည်း ၃၀နီးနေပေမယ့် အိမ်ထောင်ပြုဖို့ တော့ အစီအစဉ်မရှိသေးပါဘူး’’ ဟု သင်ဇာဝင့်ကျော်က ပြော သည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် အောင်ရဲ လင်း၊ စိုးမြတ်သူဇာတို့နှင့်အတူ ‘မောင့်ကို ဘယ်တော့မှ မမုန်းဘူး’ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေ ကြောင်း သင်ဇာဝင့်ကျော်က ပြောသည်။

‘‘ဇာတ်လမ်းလေးကတော့ ဖန်စီဟာသလေးပါ။ ညီမကာရိုက် တာက အမေနဲ့ ယောကျ်ားကြား မှာညပ်တာပေါ့။ ယောကျ်ားကို လည်း ချစ်တယ်။ အမေနဲ့လည်း မခွဲနိုင်ဘူး။ ရည်းစားဘဝကတည်း က သူက အလွဲလွဲ အချော်ချော် တွေလုပ်တယ်။ ဒါပေမဲ့ သည်းခံ ပြီး ခွင့်လွှတ်ရတယ်။ နောက်ဆုံး ယူပြီး အိမ် ပေါ်မှာလာတက်နေ တော့ အမေနဲ့ ပြဿနာတွေဖြစ် တာ’’ဟု သင်ဇာဝင့်ကျော်က ပြောသည်။

ယင်းဇာတ်ကားရိုက်ကူးပြီး ပါက ပြင်ဦးလွင်တွင် ရုပ်ရှင်တစ် ကားရိုက်ကူးရန် လက်ခံထားပြီး ပြေတီဦး၊ ဇေရဲထက်တို့နှင့်လည်း ဇာတ်ကားများ ရိုက်ကူးရန်ရှိကြောင်း ၎င်းက ဆိုသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top