iMyanmarHouse.com - Best Property Website for Myanmar
×

သင္ သူ႔ကို ဘယ္လိုမွ မုန္းေမ့လို႔မရႏုိင္ျဖစ္ေနတာနဲ႔ပဲ သူ သင့္အေပၚ ဆုိးသမွ်ကို တစ္သက္လံုးခံစရာ မလုိပါဘူး။ သင္က သူ႔ကို အေလးေပးမဲ့ သင္ေမွ်ာ္လင့္သလို သူ႔ဘက္က တံု႔ျပန္မႈမ်ဳိး မရွိဘူးဆုိရင္ တြယ္ဖက္မေနပါနဲ႔။

ဒီအခ်က္ေတြကို ဖတ္ၾကည့္လိုက္ရင္ သင့္အေပၚ မေကာင္းသူကို စြန္႔ခြာႏုိင္ဖုိ႔ သတၱိေတြ ရွိလာမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။

၁။ သင္ခ်စ္သေလာက္ ျပန္အခ်စ္ခံရသင့္ပါတယ္

သင့္မွာ သူ႔ကို အျမဲခ်စ္ျမတ္ႏိုးေနရၿပီး သူက သင္လိုခ်င္တဲ့ ပံုစံ ဒါမွမဟုတ္ သင္နဲ႔ ထုိက္တန္တဲ့အခ်စ္မ်ဳိးနဲ႔ ခ်စ္မလာဘူး။ ကိုယ္က အစြမ္းကုန္ခ်စ္ရေပမဲ့ သူ႔ဘက္က သင္နဲ႔ ပတ္သက္ၿပီး ႀကိဳးစားမႈက သင့္တစ္ဝက္ေတာင္ မရွိဘူးဆုိရင္ ထားလိုက္ပါေတာ့။ လူတစ္ေယာက္ ကိုယ့္ကို ခ်စ္လာဖုိ႔ ေတာင္းပန္တုိး႐ႈိးရမယ့္ မိန္းကေလးမ်ဳိး ျဖစ္စရာမလိုပါဘူး။ သင္နဲ႔ထိုက္တန္တဲ့အခ်စ္ကို ေပးႏုိင္တဲ့သူ တစ္ေန႔ ေတြ႕ရမွာပါ။

၂။ သင္ သူ႔ကိုခ်စ္တာနဲ႔ပဲ သူက သင့္ရဲ႕ဘဝအေဖာ္မြန္လို႔ မဆုိႏုိင္ပါဘူး

မိန္းကေလးအမ်ားစုဟာ ကိုယ့္အိမ္ေထာင္ဖက္ကို မေတြ႕ခင္ တျခားအမ်ဳိးသားေတြနဲ႔ ေမတၱာမွ်ဖူးၾကပါတယ္။ အဲဒါဟာတကယ္ခ်စ္တာ ျဖစ္ေပမဲ့ အဲဒီလူက သင့္ကို ေပ်ာ္ရႊင္မႈ မေပးႏုိင္ဘူးဆုိရင္ တစ္သက္တာအတြက္ ရည္ရြယ္စရာမလိုပါဘူး။

၃။ သင့္အခ်စ္ကိုရတာ ကံေကာင္းတယ္လို႔ မထင္တဲ့သူက သင္နဲ႔ထုိက္တန္သူ မဟုတ္ဘူး

သူနဲ႔ ဆံုစည္းရတာ သင္ကံေကာင္းတယ္လို႔ ေတြးမိေပမဲ့ သူကေရာ သင့္လုိပဲ ေတြးမိရဲ႕လား။ သင္ဟာ သူ႔ဘဝအတြက္ မရွိမျဖစ္တဲ့သူတစ္ေယာက္လုိ႔ ေတြးလုိ႔ရရဲ႕လား။ သူ႔ရဲ႕အနာဂတ္မွာ သင္ပါရဲ႕လား။ အေျဖအားလံုးက ႏိုးဆုိရင္ေတာ့ ဘာလုပ္ေတာ့မွာလဲ။

၄။ သင့္ကို တကယ္ခ်စ္တဲ့သူက သင့္အေပၚ ေကာင္းေကာင္းမြန္မြန္ဆက္ဆံမွာပါ

သင့္ကို ဒီထက္ေကာင္းေအာင္ေနဖုိ႔ တုိက္တြန္းေျပာဆုိေနတဲ့သူဆုိရင္ေတာ့ သင့္အခ်စ္ေရး အဆင္မေျပႏုိင္ပါဘူး။ သူသာ သင့္ကို တကယ္ခ်စ္တယ္ဆုိရင္ သင့္ရဲ႕ပံုစံကို မေက်မနပ္ျဖစ္စရာ အေၾကာင္းမရွိဘူး။

၅။ သင္တုိ႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးမွာ အားလံုးက သူ႔ဆႏၵခ်ည္း မျဖစ္သင့္ဘူး

သင္လိုခ်င္တာဘာလဲ။ သင့္ကို ဘယ္သူက ဂ႐ုစိုက္လဲ။ ႏွစ္ေယာက္ေပါင္း တည္ေထာင္ထားတဲ့ အခ်စ္ေရးမွာ သူအေရးပါသလို သင္လည္း ဆတူ အေရးပါပါတယ္။ သူစိတ္ေက်နပ္ဖို႔ပဲ ဦးစားေပးေနတဲ့  ေယာက္်ားတစ္ေယာက္ကို တြယ္ဖက္ေနစရာ အေၾကာင္းမရွိပါဘူး။

၆။ ယံုၾကည္ရတဲ့ ခ်စ္သူျဖစ္ဖို႔လုိတယ္

သင္႐ုိးသားသလို သင့္အေပၚ သူ႐ိုးသားဖုိ႔လုိပါတယ္။ သူက သင့္အေပၚ ဘယ္ေတာ့မွ သစၥာေဖာက္မယ့္သူ မဟုတ္ဘူးလို႔ သင့္စိတ္က ယံုၾကည္မႈရွိေနဖုိ႔လုိတယ္။ သင္ မယံုၾကည္ရတဲ့သူတစ္ေယာက္နဲ႔ အတူရွိေနရရင္ ဘယ္ေတာ့မွ စိတ္ခ်မ္းသာမွာ မဟုတ္ပါဘူး။

၇။ အခ်စ္စစ္မွန္ရင္ သင္ စိတ္ပ်က္မွာ မဟုတ္ဘူး

သင္ သူ႔ကိုခ်စ္တာမွန္ေပမဲ့ တစ္ခါတစ္ရံမွာ ခ်စ္ေန႐ံုနဲ႔ မၿပီးပါဘူး။ သူနဲ႔အတူေနရလို႔ သင္ေပ်ာ္တာလား၊ တစ္ေယာက္တည္းေနရမွာ ေၾကာက္လို႔ သူနဲ႔အတူရွိေနတာလား။ သင့္ကို ေပ်ာ္ရႊင္မႈေပးႏုိင္တဲ့သူကို တစ္ေန႔မွာ မလြဲမေသြ သင္ရွာေတြ႕မွာပါ။ ဒါေပမဲ့ သင္သယ္ထားတဲ့ ဝန္ထုပ္ဝန္ပိုးႀကီးကို အရင္ခ်ဖုိ႔ေတာ့ လုိပါတယ္။

Credit :duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင် သူ့ကို ဘယ်လိုမှ မုန်းမေ့လို့မရနိုင်ဖြစ်နေတာနဲ့ပဲ သူ သင့်အပေါ် ဆိုးသမျှကို တစ်သက်လုံးခံစရာ မလိုပါဘူး။ သင်က သူ့ကို အလေးပေးမဲ့ သင်မျှော်လင့်သလို သူ့ဘက်က တုံ့ပြန်မှုမျိုး မရှိဘူးဆိုရင် တွယ်ဖက်မနေပါနဲ့။

ဒီအချက်တွေကို ဖတ်ကြည့်လိုက်ရင် သင့်အပေါ် မကောင်းသူကို စွန့်ခွာနိုင်ဖို့ သတ္တိတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်။

၁။ သင်ချစ်သလောက် ပြန်အချစ်ခံရသင့်ပါတယ်

သင့်မှာ သူ့ကို အမြဲချစ်မြတ်နိုးနေရပြီး သူက သင်လိုချင်တဲ့ ပုံစံ ဒါမှမဟုတ် သင်နဲ့ ထိုက်တန်တဲ့အချစ်မျိုးနဲ့ ချစ်မလာဘူး။ ကိုယ်က အစွမ်းကုန်ချစ်ရပေမဲ့ သူ့ဘက်က သင်နဲ့ ပတ်သက်ပြီး ကြိုးစားမှုက သင့်တစ်ဝက်တောင် မရှိဘူးဆိုရင် ထားလိုက်ပါတော့။ လူတစ်ယောက် ကိုယ့်ကို ချစ်လာဖို့ တောင်းပန်တိုးရှိုးရမယ့် မိန်းကလေးမျိုး ဖြစ်စရာမလိုပါဘူး။ သင်နဲ့ထိုက်တန်တဲ့အချစ်ကို ပေးနိုင်တဲ့သူ တစ်နေ့ တွေ့ရမှာပါ။

၂။ သင် သူ့ကိုချစ်တာနဲ့ပဲ သူက သင့်ရဲ့ဘဝအဖော်မွန်လို့ မဆိုနိုင်ပါဘူး

မိန်းကလေးအများစုဟာ ကိုယ့်အိမ်ထောင်ဖက်ကို မတွေ့ခင် တခြားအမျိုးသားတွေနဲ့ မေတ္တာမျှဖူးကြပါတယ်။ အဲဒါဟာတကယ်ချစ်တာ ဖြစ်ပေမဲ့ အဲဒီလူက သင့်ကို ပျော်ရွှင်မှု မပေးနိုင်ဘူးဆိုရင် တစ်သက်တာအတွက် ရည်ရွယ်စရာမလိုပါဘူး။

၃။ သင့်အချစ်ကိုရတာ ကံကောင်းတယ်လို့ မထင်တဲ့သူက သင်နဲ့ထိုက်တန်သူ မဟုတ်ဘူး

သူနဲ့ ဆုံစည်းရတာ သင်ကံကောင်းတယ်လို့ တွေးမိပေမဲ့ သူကရော သင့်လိုပဲ တွေးမိရဲ့လား။ သင်ဟာ သူ့ဘဝအတွက် မရှိမဖြစ်တဲ့သူတစ်ယောက်လို့ တွေးလို့ရရဲ့လား။ သူ့ရဲ့အနာဂတ်မှာ သင်ပါရဲ့လား။ အဖြေအားလုံးက နိုးဆိုရင်တော့ ဘာလုပ်တော့မှာလဲ။

၄။ သင့်ကို တကယ်ချစ်တဲ့သူက သင့်အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ

သင့်ကို ဒီထက်ကောင်းအောင်နေဖို့ တိုက်တွန်းပြောဆိုနေတဲ့သူဆိုရင်တော့ သင့်အချစ်ရေး အဆင်မပြေနိုင်ပါဘူး။ သူသာ သင့်ကို တကယ်ချစ်တယ်ဆိုရင် သင့်ရဲ့ပုံစံကို မကျေမနပ်ဖြစ်စရာ အကြောင်းမရှိဘူး။

၅။ သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ အားလုံးက သူ့ဆန္ဒချည်း မဖြစ်သင့်ဘူး

သင်လိုချင်တာဘာလဲ။ သင့်ကို ဘယ်သူက ဂရုစိုက်လဲ။ နှစ်ယောက်ပေါင်း တည်ထောင်ထားတဲ့ အချစ်ရေးမှာ သူအရေးပါသလို သင်လည်း ဆတူ အရေးပါပါတယ်။ သူစိတ်ကျေနပ်ဖို့ပဲ ဦးစားပေးနေတဲ့  ယောက်ျားတစ်ယောက်ကို တွယ်ဖက်နေစရာ အကြောင်းမရှိပါဘူး။

၆။ ယုံကြည်ရတဲ့ ချစ်သူဖြစ်ဖို့လိုတယ်

သင်ရိုးသားသလို သင့်အပေါ် သူရိုးသားဖို့လိုပါတယ်။ သူက သင့်အပေါ် ဘယ်တော့မှ သစ္စာဖောက်မယ့်သူ မဟုတ်ဘူးလို့ သင့်စိတ်က ယုံကြည်မှုရှိနေဖို့လိုတယ်။ သင် မယုံကြည်ရတဲ့သူတစ်ယောက်နဲ့ အတူရှိနေရရင် ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။

၇။ အချစ်စစ်မှန်ရင် သင် စိတ်ပျက်မှာ မဟုတ်ဘူး

သင် သူ့ကိုချစ်တာမှန်ပေမဲ့ တစ်ခါတစ်ရံမှာ ချစ်နေရုံနဲ့ မပြီးပါဘူး။ သူနဲ့အတူနေရလို့ သင်ပျော်တာလား၊ တစ်ယောက်တည်းနေရမှာ ကြောက်လို့ သူနဲ့အတူရှိနေတာလား။ သင့်ကို ပျော်ရွှင်မှုပေးနိုင်တဲ့သူကို တစ်နေ့မှာ မလွဲမသွေ သင်ရှာတွေ့မှာပါ။ ဒါပေမဲ့ သင်သယ်ထားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို အရင်ချဖို့တော့ လိုပါတယ်။

Credit :duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top