iMyanmarHouse.com - Best Property Website for Myanmar
×

သင္ တစ္ေယာက္ေယာက္ရဲ႕ အတိတ္ကို သိေလေလ၊ သူ႔ရဲ႕ မေကာင္းတဲ့အခ်က္ေတြကို ဂ႐ုစိုက္ဖို႔ လြယ္ေလေလပါ။

တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ျမတ္ႏိုးၾကလို႔ ခ်စ္ဇာတ္လမ္းတစ္ခု စတင္ၾကၿပီ ဆိုတာနဲ႔ တစ္ေယာက္ရဲ႕ ဘဝထဲ တစ္ေယာက္ ဝင္ေရာက္ရစျမဲပါ။

သင္က သူ႔ရဲ႕ ဘဝေဟာင္းက သင္နဲ႔ ဘာမွ မဆိုင္ဘူး ထင္ေနပါလိမ့္မယ္။ အတိတ္ကို အတိတ္မွာ ထားခဲ့လို ရတယ္ ထင္ေနပါလိမ့္မယ္။ ဒါေပမယ့္ အဲဒါက သဘာဝမက်တာ သင္သိပါသလား။

ကြၽန္မဟာ လူတစ္ေယာက္နဲ႔ ခ်စ္မိခဲ့ဖူးပါတယ္။ မိုးမျမင္ ေလမျမင္ပါ။ ကြၽန္မတို႔ ႏွစ္ေယာက္လံုး ခ်စ္လြန္းလို႔ ေနာက္တစ္ဆင့္ တက္ၿပီး လက္ထပ္ဖို႔ေတာင္ ျပင္ဆင္ေနပါၿပီ။

တစ္ရက္ေတာ့ စားေသာက္ဆိုင္ တစ္ဆိုင္က အျပန္မွာ သူစိတ္ေျပာင္းသြားတယ္။ ပန္းျခံထဲ လမ္းေလ်ွာက္ေတာ့ ကြၽန္မရဲ႕ လက္ကို မကိုင္ဘူး။ ခံုတန္းတစ္ခုမွာ ထိုင္မိေတာ့ သူ႔ရဲ႕ အတိတ္ကို ျပန္ဖြင့္ခ်ပါေတာ့တယ္။

ကြၽန္မသူနဲ႔ မေတြ႕ခင္ တစ္လအလိုမွာပဲ သူ႔ရည္းစားနဲ႔ ျဖတ္ခဲ့တာပါ။ သူမရဲ႕ စိတ္က်ေရာဂါေၾကာင့္ျဖစ္ၿပီး သူက သူမကို ခ်စ္ေနတုန္းပါ တဲ့။

ကြၽန္မကေတာ့လက္ထပ္ဖို႔ထိ အစီအစဥ္ေတြ ခ်ၿပီးပါၿပီ။ သူ႔မွာ ပါလာတဲ့ အတိတ္ရဲ႕ အရိပ္ကို မသိပဲဲနဲ႔ေပါ့။ အဲဒါေၾကာင့္ တစ္ေယာက္ေယာက္ရဲ႕ အတိတ္ကို မသိပဲ အနာဂါတ္ကို မစဥ္းစားဖို႔ အစီအစဥ္ေတြ ခ်ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့….

၁. လူတစ္ေယာက္ရဲ႕ လ်ိႈ့ဝွက္ခ်က္ဟာ အႀကီးအက်ယ္ ျဖစ္သြားႏိုင္လို႔ပါ

ေဖာက္ျပန္တတ္တာ၊ ေဆးလိပ္ေသာက္တတ္တာ၊ လိမ္တတ္တာ၊ ဆိုတာေတြဟာ အႀကီးအက်ယ္ဆံုး အခ်စ္ကို ဖ်က္ဆီးတဲ့ အရာေတြပါ။ အဲဒါေတြကို မသိပဲ ခ်စ္မိသြားၿပီး အခ်ိန္လြန္မွ သိလိုက္ရရင္ မွားပါၿပီ။

၂. သူတို႔ဟာ သူတို႔ျဖစ္ေနရတဲ့ အေၾကာင္း ႐ွိလို႔ပါ

အစပိုင္း Date ေတြမွာ သင့္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ေတြကို ဝွက္ထားႏိုင္ပါတယ္။ ဒါေပမယ့္ အခ်ိန္ၾကာလာတာနဲ႔ အမ်ွ တျဖည္းျဖည္း ေပၚလာမွာပါ။ ဘာ့ေၾကာင့္ စိတ္ညစ္ရတယ္။ ဘာ့ေၾကာင့္ အေၾကာင္းမ႐ွိပဲ စိတ္ဆိုးရတယ္ ဆိုတာေတြေပါ့။ အဲဒါေတြက အလကားမဟုတ္ပါဘူး။ သူ႔ရဲ႕ အတိတ္နဲ႔ ဆိုင္ေနပါတယ္။ အရင္ရည္းစားနဲ႔ ဆိုင္ရင္ ဆိုင္ေနပါလိမ့္မယ္။

ဒါေပမယ့္ လူတစ္ေယာက္ရဲ႕ အတိတ္ကို သိထားေလေလ၊ သူ႔ခ်ိဳ႕ယြင္းခ်က္ေတြကို ရင္ဆိုင္ဖို႔ ပုိလြယ္ေလေလပါ။

၃. လ်ိဳ႕ဝွက္ျခင္းဆိုတာ အိုေဟာင္းသြားမွာမို႔ပါ

ခုေခတ္မွာ လ်ိႈ့ဝွက္တာ ေခတ္စားေနပါတယ္။ အဲဒါကလဲ အတိုင္းအတာ တစ္ခုထိပါပဲ။ ဒီလူနဲ႔ ရည္းစားျဖစ္တာ ၆ လ႐ွိၿပီ သူ႔အေၾကာင္း ဘာမွမသိေသးဘူးဆိုရင္ သင္ စိတ္ညစ္ရမွာပါ။

သင္နဲ႔သူ ဘဝျခင္းဆက္ခ်င္ရင္ တစ္ေယာက္အေၾကာင္း တစ္ေယာက္ သိေနရမွာပါ။ လ်ိႈ့ဝွက္ေနရင္ေတာ့ အလံနီသာ ျပလိုက္ပါေတာ့။

၄. အတိတ္ရဲ႕ အရိပ္ဟာ အျမဲေျခာက္လွန္႔ေနမွာမို႔ပါ

ရည္းစားေဟာင္းေတြ မသင့္တင့္ဆံုး အခ်ိန္ေတြမွာ ေပၚလာမယ္။ သင့္ရဲ႕ ႏွစ္မ်ားစြာက မေကာင္းသတင္းေတြ ျပန္ေပၚလာမယ္။ သင္ဘယ္ေလာက္ ႀကိဳးစားစား အတိတ္ဟာ ေဖ်ာက္ဖ်က္မရပါဘူး။

အဲဒါနဲ႔ ၾကံဳရင္ လန္႔မသြားေအာင္၊ စီစဥ္သင့္တာ စီစဥ္ရေအာင္ အတိတ္ကို ႀကိဳသိထားသင့္ပါတယ္။

၅. သင္က အျမဲ စူးစမ္းေနမွာမို႔ပါ

သင့္ခ်စ္သူက ” အဲဒါ မေျပာခ်င္ဘူးကြာ” ဆိုရင္ သင္ ေတြးမိမွာက ” သိဖို႔လိုတယ္ ” ဆိုတာပါပဲ။

အဲဒါ သဘာဝပါ။ လူတစ္ေယာက္ေယာက္က တစ္ခုခု လ်ိႉဝွက္ထားရင္ သင္က အဲဒါကိုပဲ သိခ်င္မွာပါပဲ။ အဲဒီ သိခ်င္စိတ္ကို ၿဖိဳခြဲဖို႔ မလြယ္လွပါဘူး။

၆. အခ်စ္ဆိုတာ တစ္စံုတစ္ေယာက္ရဲ႕ အစိတ္အပိုင္း အားလံုးကို သိေနရမွာမို႔ပါ

တစ္စံုတစ္ေယာက္ ကုိ ခ်စ္တာဟာ သူ႔ရဲ႕ ဘဝတစ္ခုလံုးကို ခ်စ္ရမွာပါ။ သူနဲ႔ အနာဂါတ္ကို စီစဥ္ဖို႔ သူ႔ရဲ႕ အစိတ္အပိုင္းေတြကို သိသင့္ပါတယ္။ သူလုပ္တဲ့ အမွားေတြကို သိရပါမယ္။

သင့္ခ်စ္သူမွာ သင္မပါတဲ့ ဘဝတစ္ခု ႐ွိခဲ့ဘူးတာ ျငင္းလို႔ မရပါဘူး။ သင္က အဲဒါကို ဖက္တြယ္ၿပီး သူမရဲ႕ အတိတ္ကေန အနာဂါတ္ေကာင္း ျဖစ္လာေအာင္ ျပဳစုေပးရမွာပါ။


Credit:Gentleman Magazine

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင် တစ်ယောက်ယောက်ရဲ့ အတိတ်ကို သိလေလေ၊ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ဂရုစိုက်ဖို့ လွယ်လေလေပါ။

တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးကြလို့ ချစ်ဇာတ်လမ်းတစ်ခု စတင်ကြပြီ ဆိုတာနဲ့ တစ်ယောက်ရဲ့ ဘဝထဲ တစ်ယောက် ဝင်ရောက်ရစမြဲပါ။

သင်က သူ့ရဲ့ ဘဝဟောင်းက သင်နဲ့ ဘာမှ မဆိုင်ဘူး ထင်နေပါလိမ့်မယ်။ အတိတ်ကို အတိတ်မှာ ထားခဲ့လို ရတယ် ထင်နေပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက သဘာဝမကျတာ သင်သိပါသလား။

ကျွန်မဟာ လူတစ်ယောက်နဲ့ ချစ်မိခဲ့ဖူးပါတယ်။ မိုးမမြင် လေမမြင်ပါ။ ကျွန်မတို့ နှစ်ယောက်လုံး ချစ်လွန်းလို့ နောက်တစ်ဆင့် တက်ပြီး လက်ထပ်ဖို့တောင် ပြင်ဆင်နေပါပြီ။

တစ်ရက်တော့ စားသောက်ဆိုင် တစ်ဆိုင်က အပြန်မှာ သူစိတ်ပြောင်းသွားတယ်။ ပန်းခြံထဲ လမ်းလျှောက်တော့ ကျွန်မရဲ့ လက်ကို မကိုင်ဘူး။ ခုံတန်းတစ်ခုမှာ ထိုင်မိတော့ သူ့ရဲ့ အတိတ်ကို ပြန်ဖွင့်ချပါတော့တယ်။

ကျွန်မသူနဲ့ မတွေ့ခင် တစ်လအလိုမှာပဲ သူ့ရည်းစားနဲ့ ဖြတ်ခဲ့တာပါ။ သူမရဲ့ စိတ်ကျရောဂါကြောင့်ဖြစ်ပြီး သူက သူမကို ချစ်နေတုန်းပါ တဲ့။

ကျွန်မကတော့လက်ထပ်ဖို့ထိ အစီအစဉ်တွေ ချပြီးပါပြီ။ သူ့မှာ ပါလာတဲ့ အတိတ်ရဲ့ အရိပ်ကို မသိပဲနဲ့ပေါ့။ အဲဒါကြောင့် တစ်ယောက်ယောက်ရဲ့ အတိတ်ကို မသိပဲ အနာဂါတ်ကို မစဉ်းစားဖို့ အစီအစဉ်တွေ ချခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့….

၁. လူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဟာ အကြီးအကျယ် ဖြစ်သွားနိုင်လို့ပါ

ဖောက်ပြန်တတ်တာ၊ ဆေးလိပ်သောက်တတ်တာ၊ လိမ်တတ်တာ၊ ဆိုတာတွေဟာ အကြီးအကျယ်ဆုံး အချစ်ကို ဖျက်ဆီးတဲ့ အရာတွေပါ။ အဲဒါတွေကို မသိပဲ ချစ်မိသွားပြီး အချိန်လွန်မှ သိလိုက်ရရင် မှားပါပြီ။

၂. သူတို့ဟာ သူတို့ဖြစ်နေရတဲ့ အကြောင်း ရှိလို့ပါ

အစပိုင်း Date တွေမှာ သင့်ရဲ့ ချို့ယွင်းချက်တွေကို ဝှက်ထားနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ တဖြည်းဖြည်း ပေါ်လာမှာပါ။ ဘာ့ကြောင့် စိတ်ညစ်ရတယ်။ ဘာ့ကြောင့် အကြောင်းမရှိပဲ စိတ်ဆိုးရတယ် ဆိုတာတွေပေါ့။ အဲဒါတွေက အလကားမဟုတ်ပါဘူး။ သူ့ရဲ့ အတိတ်နဲ့ ဆိုင်နေပါတယ်။ အရင်ရည်းစားနဲ့ ဆိုင်ရင် ဆိုင်နေပါလိမ့်မယ်။

ဒါပေမယ့် လူတစ်ယောက်ရဲ့ အတိတ်ကို သိထားလေလေ၊ သူ့ချို့ယွင်းချက်တွေကို ရင်ဆိုင်ဖို့ ပိုလွယ်လေလေပါ။

၃. လျို့ဝှက်ခြင်းဆိုတာ အိုဟောင်းသွားမှာမို့ပါ

ခုခေတ်မှာ လျှို့ဝှက်တာ ခေတ်စားနေပါတယ်။ အဲဒါကလဲ အတိုင်းအတာ တစ်ခုထိပါပဲ။ ဒီလူနဲ့ ရည်းစားဖြစ်တာ ၆ လရှိပြီ သူ့အကြောင်း ဘာမှမသိသေးဘူးဆိုရင် သင် စိတ်ညစ်ရမှာပါ။

သင်နဲ့သူ ဘဝခြင်းဆက်ချင်ရင် တစ်ယောက်အကြောင်း တစ်ယောက် သိနေရမှာပါ။ လျှို့ဝှက်နေရင်တော့ အလံနီသာ ပြလိုက်ပါတော့။

၄. အတိတ်ရဲ့ အရိပ်ဟာ အမြဲခြောက်လှန့်နေမှာမို့ပါ

ရည်းစားဟောင်းတွေ မသင့်တင့်ဆုံး အချိန်တွေမှာ ပေါ်လာမယ်။ သင့်ရဲ့ နှစ်များစွာက မကောင်းသတင်းတွေ ပြန်ပေါ်လာမယ်။ သင်ဘယ်လောက် ကြိုးစားစား အတိတ်ဟာ ဖျောက်ဖျက်မရပါဘူး။

အဲဒါနဲ့ ကြုံရင် လန့်မသွားအောင်၊ စီစဉ်သင့်တာ စီစဉ်ရအောင် အတိတ်ကို ကြိုသိထားသင့်ပါတယ်။

၅. သင်က အမြဲ စူးစမ်းနေမှာမို့ပါ

သင့်ချစ်သူက ” အဲဒါ မပြောချင်ဘူးကွာ” ဆိုရင် သင် တွေးမိမှာက ” သိဖို့လိုတယ် ” ဆိုတာပါပဲ။

အဲဒါ သဘာဝပါ။ လူတစ်ယောက်ယောက်က တစ်ခုခု လျှိူဝှက်ထားရင် သင်က အဲဒါကိုပဲ သိချင်မှာပါပဲ။ အဲဒီ သိချင်စိတ်ကို ဖြိုခွဲဖို့ မလွယ်လှပါဘူး။

၆. အချစ်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ အစိတ်အပိုင်း အားလုံးကို သိနေရမှာမို့ပါ

တစ်စုံတစ်ယောက် ကို ချစ်တာဟာ သူ့ရဲ့ ဘဝတစ်ခုလုံးကို ချစ်ရမှာပါ။ သူနဲ့ အနာဂါတ်ကို စီစဉ်ဖို့ သူ့ရဲ့ အစိတ်အပိုင်းတွေကို သိသင့်ပါတယ်။ သူလုပ်တဲ့ အမှားတွေကို သိရပါမယ်။

သင့်ချစ်သူမှာ သင်မပါတဲ့ ဘဝတစ်ခု ရှိခဲ့ဘူးတာ ငြင်းလို့ မရပါဘူး။ သင်က အဲဒါကို ဖက်တွယ်ပြီး သူမရဲ့ အတိတ်ကနေ အနာဂါတ်ကောင်း ဖြစ်လာအောင် ပြုစုပေးရမှာပါ။


Credit:Gentleman Magazine



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top