iMyanmarHouse.com - Best Property Website for Myanmar
×

ငိုေၾကြးျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းမြန္ေၾကာင္း သိပၸံနည္းက် သက္ေသျပထားတဲ့ အခ်က္မ်ားစြာ ရိွပါတယ္။ အမ်ားအားျဖင့္ေတာ့ ငိုေၾကြးျခင္းဟာ ဝမ္းနည္းေၾကာင္းကိုျပသတဲ့ ခံစားမႈ ျဖစ္ေပမဲ့ ဝမ္းသာလို႔က်တဲ့ မ်က္ရည္မ်ိဳးလည္း ရွိပါတယ္။

တကယ္ေတာ့ ခံစားမႈကိုမဖံုးကြယ္ဘဲ သည္းသည္းထန္ထန္ငိုေၾကြး တတ္သူေတြဟာ စိတ္ဓာတ္ႀကံ႕ခိုင္သူေတြျဖစ္ေၾကာင္း သက္ေသျပေနတဲ့ အခ်က္ (၅) ခ်က္ရွိပါတယ္။

၁။ ဟန္မေဆာင္တတ္

ခံစားမႈကို မမ်ိဳသိပ္ဘဲ ငိုေၾကြးတတ္သူေတြဟာ ကုိယ့္ရဲ႕ခံစားခ်က္အစစ္အမွန္ကို ေဖာ္ထုတ္ျပသရမွာ ဝန္မေလးသူေတြ ျဖစ္ပါတယ္။ လူအမ်ားက ဝမ္းသာရင္သာ ခံစားမႈကို ျပသတတ္ၾကေပမဲ့ ဝမ္းနည္းေၾကာင္းကိုေတာ့ ေတာ္႐ံုျပေလ့ မရွိပါဘူး။ သင္ေပ်ာ္စရာ ႀကံဳတဲ့အခါ ၿပံဳးလိုက္ဖို႔ ဝန္မေလးသလို ဝမ္းနည္းစရာ ႀကံဳလာရင္လည္း ငိုလိုက္ဖို႔ ဝန္မေလးသင့္ပါဘူး။ ဒီလူေတြဟာ တကယ္ေတာ့ စိတ္ဓာတ္ႀကံ႕ခိုင္သူေတြ ျဖစ္ေနတတ္ပါတယ္။

၂။ မ်က္ရည္ရဲ႕ အစြမ္းသတၱိကို နားလည္

ငိုေၾကြးတတ္သူေတြက မ်က္ရည္က်ျခင္းရဲ႕ အစြမ္းသတၱိကို နားလည္ၾကပါတယ္။ မ်က္ရည္က်လုိုက္ျခင္းဟာ ထိခိုက္နာက်င္ ခံစားရမႈကို သက္သာဖို႔ အေကာင္းဆံုး နည္းလမ္းပါ။ ဒါကို ငိုေၾကြးတတ္သူေတြက နားလည္ၾကပါတယ္။ ကိုယ္ထဲမွာ နာက်ည္းဝမ္းနည္းမႈေတြ၊ ေဒါသေတြကို မ်ိဳသိပ္ထားတဲ့ စိတ္က်န္းမာေရးအရ လံုးဝ မေကာင္းပါဘူး။

၃။ က်န္းမာေစ

ငိုေၾကြးျခင္းက က်န္းမာေစပါတယ္။ ခႏၶာကိုယ္တင္မဟုတ္ပါဘူ။ စိတ္ကိုလည္း က်န္းမာေစပါတယ္။ နံပါတ္-၂ အခ်က္နဲ႔ ဆက္စပ္ေနၿပီး ဆိုး႐ြားတဲ့ ခံစားမႈေတြကို ခ်က္ျခင္းထြက္သြားေစဖို႔ နည္းလမ္းေတြထဲမွာ ငိုေၾကြးျခင္းေလာက္ ေကာင္းတာ မရွိပါဘူး။ ငိုေၾကြးၿပီး စိတ္က တစ္ခါျပန္လည္ အားေကာင္းလာကာ ေနလို႔ ေကာင္းလာပါတယ္။

၄။ က်ား/ မ ခြဲျခားတတ္သူေတြမဟုတ္

မိန္ကေလးတစ္ေယာက္ ငိုတဲ့အခါ လူေတြမအံ့ၾသၾကေပမဲ့ ေယာက္်ားတစ္ေယာက္ ငိုတဲ့အခါ ေလွာင္ေျပာင္ခ်င္တတ္ၾကပါတယ္။ ငိုေၾကြးျခင္းဟာ ေယာက္်ားမိန္းမ မေ႐ြး၊ လိင္အမ်ိဳးအစားမေ႐ြး သင့္ေတာ္ပါတယ္။ ေနရာမေရွာင္ ငိုတတ္သူေတြရဲ႕ စိတ္ဟာ က်ား/ မ ခြဲျခားဆက္ဆံတတ္တဲ့စိတ္ နည္းပါးေလ့ရွိပါတယ္။

၅။ အျခားသူေတြကို ေဖးမကူညီ

အျခားသူေတြကိုလည္း စိတ္ထဲမွာ ခံစားရတာေတြကို ၿမိဳသိပ္မထားဘဲ ဖြင့္ခ်လိုက္ဖို႔ ငိုေၾကြးတတ္သူေတြက အႀကံေပး တုိက္တြန္းေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ အျခားသူ ငိုေၾကြးေနရင္ ေလွာင္ေျပာင္ျခင္း၊ ဝမ္းနည္းျခင္း အလ်ဥ္းမရွိဘဲ ကိုယ္ခ်င္းစာစိတ္အျပည့္နဲ႔ နားလည္ေဖးမတတ္ၾကသူေတြပါ။ ကိုယ့္ရဲ႕ခႏၶာကုိယ္နဲ႔ စိတ္ကို မလိမ္ညာ၊ မဖံုးကြယ္ျခင္းဟာ အေကာင္းဆံုးျဖစ္ပါတယ္။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


ငိုကြွေးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတဲ့ အချက်များစွာ ရှိပါတယ်။ အများအားဖြင့်တော့ ငိုကြွေးခြင်းဟာ ဝမ်းနည်းကြောင်းကိုပြသတဲ့ ခံစားမှု ဖြစ်ပေမဲ့ ဝမ်းသာလို့ကျတဲ့ မျက်ရည်မျိုးလည်း ရှိပါတယ်။

တကယ်တော့ ခံစားမှုကိုမဖုံးကွယ်ဘဲ သည်းသည်းထန်ထန်ငိုကြွေး တတ်သူတွေဟာ စိတ်ဓာတ်ကြံ့ခိုင်သူတွေဖြစ်ကြောင်း သက်သေပြနေတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ဟန်မဆောင်တတ်

ခံစားမှုကို မမျိုသိပ်ဘဲ ငိုကြွေးတတ်သူတွေဟာ ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်ကို ဖော်ထုတ်ပြသရမှာ ဝန်မလေးသူတွေ ဖြစ်ပါတယ်။ လူအများက ဝမ်းသာရင်သာ ခံစားမှုကို ပြသတတ်ကြပေမဲ့ ဝမ်းနည်းကြောင်းကိုတော့ တော်ရုံပြလေ့ မရှိပါဘူး။ သင်ပျော်စရာ ကြုံတဲ့အခါ ပြုံးလိုက်ဖို့ ဝန်မလေးသလို ဝမ်းနည်းစရာ ကြုံလာရင်လည်း ငိုလိုက်ဖို့ ဝန်မလေးသင့်ပါဘူး။ ဒီလူတွေဟာ တကယ်တော့ စိတ်ဓာတ်ကြံ့ခိုင်သူတွေ ဖြစ်နေတတ်ပါတယ်။

၂။ မျက်ရည်ရဲ့ အစွမ်းသတ္တိကို နားလည်

ငိုကြွေးတတ်သူတွေက မျက်ရည်ကျခြင်းရဲ့ အစွမ်းသတ္တိကို နားလည်ကြပါတယ်။ မျက်ရည်ကျလိုက်ခြင်းဟာ ထိခိုက်နာကျင် ခံစားရမှုကို သက်သာဖို့ အကောင်းဆုံး နည်းလမ်းပါ။ ဒါကို ငိုကြွေးတတ်သူတွေက နားလည်ကြပါတယ်။ ကိုယ်ထဲမှာ နာကျည်းဝမ်းနည်းမှုတွေ၊ ဒေါသတွေကို မျိုသိပ်ထားတဲ့ စိတ်ကျန်းမာရေးအရ လုံးဝ မကောင်းပါဘူး။

၃။ ကျန်းမာစေ

ငိုကြွေးခြင်းက ကျန်းမာစေပါတယ်။ ခန္ဓာကိုယ်တင်မဟုတ်ပါဘူ။ စိတ်ကိုလည်း ကျန်းမာစေပါတယ်။ နံပါတ်-၂ အချက်နဲ့ ဆက်စပ်နေပြီး ဆိုးရွားတဲ့ ခံစားမှုတွေကို ချက်ခြင်းထွက်သွားစေဖို့ နည်းလမ်းတွေထဲမှာ ငိုကြွေးခြင်းလောက် ကောင်းတာ မရှိပါဘူး။ ငိုကြွေးပြီး စိတ်က တစ်ခါပြန်လည် အားကောင်းလာကာ နေလို့ ကောင်းလာပါတယ်။

၄။ ကျား/ မ ခွဲခြားတတ်သူတွေမဟုတ်

မိန်ကလေးတစ်ယောက် ငိုတဲ့အခါ လူတွေမအံ့သြကြပေမဲ့ ယောက်ျားတစ်ယောက် ငိုတဲ့အခါ လှောင်ပြောင်ချင်တတ်ကြပါတယ်။ ငိုကြွေးခြင်းဟာ ယောက်ျားမိန်းမ မရွေး၊ လိင်အမျိုးအစားမရွေး သင့်တော်ပါတယ်။ နေရာမရှောင် ငိုတတ်သူတွေရဲ့ စိတ်ဟာ ကျား/ မ ခွဲခြားဆက်ဆံတတ်တဲ့စိတ် နည်းပါးလေ့ရှိပါတယ်။

၅။ အခြားသူတွေကို ဖေးမကူညီ

အခြားသူတွေကိုလည်း စိတ်ထဲမှာ ခံစားရတာတွေကို မြိုသိပ်မထားဘဲ ဖွင့်ချလိုက်ဖို့ ငိုကြွေးတတ်သူတွေက အကြံပေး တိုက်တွန်းလေ့ရှိကြပါတယ်။ ဒါကြောင့် အခြားသူ ငိုကြွေးနေရင် လှောင်ပြောင်ခြင်း၊ ဝမ်းနည်းခြင်း အလျဉ်းမရှိဘဲ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ နားလည်ဖေးမတတ်ကြသူတွေပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ကို မလိမ်ညာ၊ မဖုံးကွယ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top