iMyanmarHouse.com - Best Property Website for Myanmar
×

ကားေမာင္းၿပီး သြားလာသူမ်ားသည္ စက္ဘီးစီးသူမ်ားထက္ ကိုယ္အေလးခ်ိန္ပိုမ်ားေၾကာင္း ေလ့လာေတြ႕ရိွၿပီးေနာက္ ကားေမာင္းသူမ်ားအေနျဖင့္ ၎တို႔၏ အဓိကသြားလာမႈအတြက္ စက္ဘီးစီးရန္ စဥ္းစားသင့္သည္ဟု သုေတသီမ်ားကေျပာသည္။


ယခုေလ့လာမႈကို ၿဗိတိန္ႏုိင္ငံ လန္ဒန္ေကာလိပ္ရွိ သဘာ၀ပတ္၀န္းက်င္မူ၀ါဒစင္တာမွ ေဒါက္တာေအာ္ဒရီဒီနာဇယ္လီ ဦးေဆာင္ သည့္ ႏုိင္ငံတကာသုေတသီမ်ားအဖြဲ႕က ဥေရာပတုိက္တစ္၀န္း လူ ၁၁,၀၀၀ ခန္႔ကုိ ေလ့လာထားျခင္းျဖစ္သည္။

ေလ့က်င့္ခန္းမလုပ္ျခင္း၊ ကုိယ္လက္လႈပ္ရွားမႈမရိွျခင္းသည္ က်န္းမာေရးမေကာင္းျဖစ္ေစသည့္ အဓိကအေၾကာင္းရင္းတစ္ခုဟု မွတ္ယူရသည္။

ကမၻာ့က်န္းမာေရးအဖြဲ႕ WHO ၏ အဆုိအရ ကုိယ္လက္လႈပ္ရွားမႈ မလံုေလာက္ျခင္းသည္ ကမၻာတစ္၀န္းေသဆံုးမႈမ်ားအတြက္ အဓိကအႏၲရာယ္မ်ားအနက္ တစ္ခုျဖစ္ၿပီး ကင္ဆာေရာဂါ၊   ႏွလံုးေသြးေၾကာဆုိင္ရာေရာဂါ၊ ဆီးခ်ဳိေရာဂါႏွင့္ အ၀လြန္ျဖစ္ႏုိင္သည့္ အႏၲရာယ္မ်ား ျမင့္တက္လာႏုိင္သည္။

ယင္းကဲ့သုိ႔ ေကာင္းစြာအသိေပးေဖာ္ျပမႈမ်ား ရိွေနေသာ္လည္း ကမၻာတစ္၀န္း လူေလးဦးတြင္ တစ္ဦးသည္ လံုေလာက္ေသာ ကုိယ္ လက္လႈပ္ရွားမႈ ျပဳလုပ္ရန္ ပ်က္ကြက္ေနၾကသည္။

အန္တ၀ပ္၊ ဘာစီလုိနာ၊ လန္ဒန္၊ အူရီဘ႐ို၊ ေရာမ၊ ဗီယင္နာ ႏွင့္ ဇူးရစ္ၿမိဳ႕တို႔ အပါအ၀င္ ဥေရာပတိုက္တစ္၀န္းၿမိဳ႕ ခုနစ္ၿမိဳ႕မွ အ ရြယ္ေရာက္ၿပီးသူ ၁၁,၀၀၀ ခန္႔ကုိ သုေတသီမ်ား ေလ့လာရာတြင္ ကားကို အဓိကအသံုးျပဳၿပီး သြားလာသူမ်ားသည္ စက္ဘီးကို အဓိ က အသံုးျပဳသြားလာသူမ်ားထက္ ပ်မ္းမွ်ကိုယ္အေလးခ်ိန္ ၄ ကီလုိဂရမ္ (သုိ႔မဟုတ္) ၈ ဒသမ ၈ ေပါင္ ပုိေလးေၾကာင္း ေလ့လာေတြ႕ရိွခဲ့သည္။

လမ္းေလွ်ာက္သြားျခင္း (သုိ႔မဟုတ္) စက္ဘီးစီးသြားျခင္းကဲ့သို႔ ကုိယ္လက္လႈပ္ရွားမႈပုိမ်ားေသာ သြားလာမႈပံုစံမ်ိဳးကုိ ေျပာင္းလဲျခင္းျဖင့္ ကုိယ္လက္လႈပ္ရွားမႈ ပုိအားေကာင္းလာကာ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား သိသိသာသာပိုလာႏုိင္သည္ဟု သုေတသီမ်ားကေျပာသည္။

လူအမ်ား ေန႔စဥ္သြားလာမႈမ်ားအတြက္ လမ္းေလွ်ာက္သြား ျခင္းႏွင့္ စက္ဘီးစီးသြားျခင္းကဲ့သို႔ ကိုယ္လက္လႈပ္ရွားရေသာ သြား လာမႈပံုစံမ်ားျဖစ္လာေအာင္ လုပ္ေဆာင္ေပးျခင္းက ကမၻာတစ္၀န္း ကိုယ္လက္လႈပ္ရွားမႈနည္းပါးျခင္းျပႆနာကုိ တုိက္ဖ်က္ရန္ စစ္မွန္ ေသာ အေျဖတစ္ခုျဖစ္ႏုိင္သည္ဟု သုေတသီမ်ားကေျပာသည္။

Credit:7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
ကားမောင်းပြီး သွားလာသူများသည် စက်ဘီးစီးသူများထက် ကိုယ်အလေးချိန်ပိုများကြောင်း လေ့လာတွေ့ရှိပြီးနောက် ကားမောင်းသူများအနေဖြင့် ၎င်းတို့၏ အဓိကသွားလာမှုအတွက် စက်ဘီးစီးရန် စဉ်းစားသင့်သည်ဟု သုတေသီများကပြောသည်။


ယခုလေ့လာမှုကို ဗြိတိန်နိုင်ငံ လန်ဒန်ကောလိပ်ရှိ သဘာဝပတ်ဝန်းကျင်မူဝါဒစင်တာမှ ဒေါက်တာအော်ဒရီဒီနာဇယ်လီ ဦးဆောင် သည့် နိုင်ငံတကာသုတေသီများအဖွဲ့က ဥရောပတိုက်တစ်ဝန်း လူ ၁၁,၀၀၀ ခန့်ကို လေ့လာထားခြင်းဖြစ်သည်။

လေ့ကျင့်ခန်းမလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းသည် ကျန်းမာရေးမကောင်းဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဟု မှတ်ယူရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အဆိုအရ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်းသည် ကမ္ဘာတစ်ဝန်းသေဆုံးမှုများအတွက် အဓိကအန္တရာယ်များအနက် တစ်ခုဖြစ်ပြီး ကင်ဆာရောဂါ၊   နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ဖြစ်နိုင်သည့် အန္တရာယ်များ မြင့်တက်လာနိုင်သည်။

ယင်းကဲ့သို့ ကောင်းစွာအသိပေးဖော်ပြမှုများ ရှိနေသော်လည်း ကမ္ဘာတစ်ဝန်း လူလေးဦးတွင် တစ်ဦးသည် လုံလောက်သော ကိုယ် လက်လှုပ်ရှားမှု ပြုလုပ်ရန် ပျက်ကွက်နေကြသည်။

အန်တဝပ်၊ ဘာစီလိုနာ၊ လန်ဒန်၊ အူရီဘရို၊ ရောမ၊ ဗီယင်နာ နှင့် ဇူးရစ်မြို့တို့ အပါအဝင် ဥရောပတိုက်တစ်ဝန်းမြို့ ခုနစ်မြို့မှ အ ရွယ်ရောက်ပြီးသူ ၁၁,၀၀၀ ခန့်ကို သုတေသီများ လေ့လာရာတွင် ကားကို အဓိကအသုံးပြုပြီး သွားလာသူများသည် စက်ဘီးကို အဓိ က အသုံးပြုသွားလာသူများထက် ပျမ်းမျှကိုယ်အလေးချိန် ၄ ကီလိုဂရမ် (သို့မဟုတ်) ၈ ဒသမ ၈ ပေါင် ပိုလေးကြောင်း လေ့လာတွေ့ရှိခဲ့သည်။

လမ်းလျှောက်သွားခြင်း (သို့မဟုတ်) စက်ဘီးစီးသွားခြင်းကဲ့သို့ ကိုယ်လက်လှုပ်ရှားမှုပိုများသော သွားလာမှုပုံစံမျိုးကို ပြောင်းလဲခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှု ပိုအားကောင်းလာကာ ကျန်းမာရေးအကျိုးကျေးဇူးများ သိသိသာသာပိုလာနိုင်သည်ဟု သုတေသီများကပြောသည်။

လူအများ နေ့စဉ်သွားလာမှုများအတွက် လမ်းလျှောက်သွား ခြင်းနှင့် စက်ဘီးစီးသွားခြင်းကဲ့သို့ ကိုယ်လက်လှုပ်ရှားရသော သွား လာမှုပုံစံများဖြစ်လာအောင် လုပ်ဆောင်ပေးခြင်းက ကမ္ဘာတစ်ဝန်း ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းပြဿနာကို တိုက်ဖျက်ရန် စစ်မှန် သော အဖြေတစ်ခုဖြစ်နိုင်သည်ဟု သုတေသီများကပြောသည်။

Credit:7Day Daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top