iMyanmarHouse.com - Best Property Website for Myanmar
×

အေနာက္တိုင္းပံုစံ အစားအစာမ်ား စားသံုးသည့္ အ၀ လြန္ (သို႔မဟုတ္) ကိုယ္အေလးခ်ိန္မ်ားေသာ အမ်ိဳးသမီးမ်ားတြင္ ရင္သားတစ္သွ်ဴး ပိုမိုမ်ားျပားလာႏိုင္ၿပီး ရင္သားကင္ဆာျဖစ္ႏိုင္ေျခ တိုးေစႏိုင္သည္ဟု စပိန္သုေတသီမ်ားက ေျပာၾကားသည္။


အဆိုပါ အမ်ိဳးသမီးမ်ားသည္ အသီးအရြက္ မ်ားမ်ားပါ၀င္ေသာ မက္ဒီတေရးနီးယန္းစတုိင္ အစားအစာမ်ားကို စားသံုးသည့္ အမ်ိဳး သမီးမ်ားထက္ ရင္သားတစ္သွ်ဴးက ပိုမိုမ်ားျပားႏုိင္ေျခ ၄၁ ရာခိုင္ ႏႈန္းရွိသည္။

‘‘စြမ္းအင္ျပည့္အစားအစာေတြကို ထိန္းခ်ဳပ္၊ ကယ္လိုရီစားသံုးမႈကို ထိန္းခ်ဳပ္ၿပီး ဘ၀တစ္ေလွ်ာက္လံုး ကိုယ္အေလးခ်ိန္ ထိန္းထားဖို႔ အေရးႀကီးပါတယ္’’ဟု မက္ဒရစ္ၿမိဳ႕ ကင္ဆာေရာဂါဌာနမွ ေဒါက္တာမာရီနာေပၚလန္ကေျပာသည္။

အေနာက္တုိင္းပံုစံ အစားအစာမ်ားတြင္ အဆီဓာတ္မ်ားေသာ ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းမ်ား၊ ျပဳျပင္စီရင္ထားေသာ အသားမ်ား၊ သန္႔စင္ မႈျမင့္မားေသာ ဂ်ဳံႏွင့္ဆန္မ်ားျဖင့္ ျပဳလုပ္ထားေသာ အစားအစာ မ်ား၊ အခ်ိဳရည္မ်ား၊ အာလူးေၾကာ္ႏွင့္ အျမန္ျပင္အစားအစာမ်ား၊ Mayonnaise ႏွင့္ အခ်ဥ္ရည္မ်ားပါ၀င္ေၾကာင္း ၎ကေျပာသည္။

ထိုကဲ့သို႔ အစားအစာမ်ားစားသံုးေသာ အမ်ိဳးသမီးမ်ားသည္ ရင္သားကင္ဆာျဖစ္ႏိုင္ေျခ ၄၆ ရာခုိင္ႏႈန္း ပိုမ်ားသည္။ မက္ဒီတ ေရးနီးယန္းစတုိင္ အစားအစာမ်ားတြင္ ငါး၊ ဟင္းသီးဟင္းရြက္၊ အာလူးျပဳတ္၊ သစ္သီး၀လံ၊ အသီးအရြက္ဆီ အဓိကပါ၀င္ၿပီး အခ်ိဳ ရည္ေသာက္သံုးမႈ နည္းပါးျခင္းတို႔လည္း ပါ၀င္သည္။

ယခုေလ့လာမႈအတြက္ ေဒါက္တာေပၚလန္ႏွင့္ လုပ္ေဖာ္ကိုင္ ဖက္မ်ားသည္ ၂၀၀၇ ႏွင့္ ၂၀၀၈ ၾကား ရင္သားကင္ဆာစစ္ေဆးေရး အစီအစဥ္မ်ားတြင္ ပါ၀င္ေသာ အမ်ိဳးသမီး ၃၅၀၀ ၏ အခ်က္အ လက္မ်ားကို စုေဆာင္းေလ့လာခဲ့ျခင္းျဖစ္သည္။   

Credit:7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အနောက်တိုင်းပုံစံ အစားအစာများ စားသုံးသည့် အ၀ လွန် (သို့မဟုတ်) ကိုယ်အလေးချိန်များသော အမျိုးသမီးများတွင် ရင်သားတစ်သျှူး ပိုမိုများပြားလာနိုင်ပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေ တိုးစေနိုင်သည်ဟု စပိန်သုတေသီများက ပြောကြားသည်။


အဆိုပါ အမျိုးသမီးများသည် အသီးအရွက် များများပါဝင်သော မက်ဒီတရေးနီးယန်းစတိုင် အစားအစာများကို စားသုံးသည့် အမျိုး သမီးများထက် ရင်သားတစ်သျှူးက ပိုမိုများပြားနိုင်ခြေ ၄၁ ရာခိုင် နှုန်းရှိသည်။

‘‘စွမ်းအင်ပြည့်အစားအစာတွေကို ထိန်းချုပ်၊ ကယ်လိုရီစားသုံးမှုကို ထိန်းချုပ်ပြီး ဘဝတစ်လျှောက်လုံး ကိုယ်အလေးချိန် ထိန်းထားဖို့ အရေးကြီးပါတယ်’’ဟု မက်ဒရစ်မြို့ ကင်ဆာရောဂါဌာနမှ ဒေါက်တာမာရီနာပေါ်လန်ကပြောသည်။

အနောက်တိုင်းပုံစံ အစားအစာများတွင် အဆီဓာတ်များသော နို့နှင့်နို့ထွက်ပစ္စည်းများ၊ ပြုပြင်စီရင်ထားသော အသားများ၊ သန့်စင် မှုမြင့်မားသော ဂျုံနှင့်ဆန်များဖြင့် ပြုလုပ်ထားသော အစားအစာ များ၊ အချိုရည်များ၊ အာလူးကြော်နှင့် အမြန်ပြင်အစားအစာများ၊ Mayonnaise နှင့် အချဉ်ရည်များပါဝင်ကြောင်း ၎င်းကပြောသည်။

ထိုကဲ့သို့ အစားအစာများစားသုံးသော အမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄၆ ရာခိုင်နှုန်း ပိုများသည်။ မက်ဒီတ ရေးနီးယန်းစတိုင် အစားအစာများတွင် ငါး၊ ဟင်းသီးဟင်းရွက်၊ အာလူးပြုတ်၊ သစ်သီးဝလံ၊ အသီးအရွက်ဆီ အဓိကပါဝင်ပြီး အချို ရည်သောက်သုံးမှု နည်းပါးခြင်းတို့လည်း ပါဝင်သည်။

ယခုလေ့လာမှုအတွက် ဒေါက်တာပေါ်လန်နှင့် လုပ်ဖော်ကိုင် ဖက်များသည် ၂၀၀၇ နှင့် ၂၀၀၈ ကြား ရင်သားကင်ဆာစစ်ဆေးရေး အစီအစဉ်များတွင် ပါဝင်သော အမျိုးသမီး ၃၅၀၀ ၏ အချက်အ လက်များကို စုဆောင်းလေ့လာခဲ့ခြင်းဖြစ်သည်။   

Credit:7Day Daily




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top