iMyanmarHouse.com - Best Property Website for Myanmar
×

ေထာပတ္သီး ၊ ဟင္းႏုႏြယ္ နဲ႔ သံလြင္ဆီေတြကို စားသံုးျခင္းဟာ ေလထုညစ္ညမ္းမႈကို ခံႏိုင္ရည္ရွိေစတယ္လို႔ သိပၸံပညာရွင္ေတြက ဆိုၾကပါတယ္။

အဲဒီအစားအစာေတြမွာ ဗီတာမင္ အီး ပမာဏ မ်ားျပားစြာ ပါ၀င္တဲ့အတြက္ အဆုတ္ကို ေသးငယ္တဲ့ အစက္ေလးေတြ ထင္ေနျခင္းကေန ကာကြယ္ေပးတယ္လို႔ သိရပါတယ္။

ထို ေသးငယ္တဲ့ အစက္ေတြကေတာ့ စက္ရံုေတြ ၊ ကုန္တင္ကားေတြ ၊ ေမာ္ေတာ္ကားေတြနဲ႔ သစ္သားေတြ မီးေလာင္ကၽြမ္းျခင္းေၾကာင့္ ျဖစ္ေပၚလာတာျဖစ္ၿပီး ထို အစက္ေတြဟာ အဆုတ္ အထိ ေကာင္းစြာ ၀င္ေရာက္သြားႏိုင္သလို ႏွလံုးေရာဂါ ျဖစ္တဲ့အထိပါ ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။

လန္ဒန္ က King's College နဲ႔ Nottingham တကၠသိုလ္တို႔က ေျပာၾကားခဲ့တာကေတာ့ ဗီတာမင္ အီး ပမာဏ ေတြ ေသြးထဲမွာ မ်ားလာတဲ့ အမွ် ထိုသို႔ အစက္မ်ား ၀င္ေရာက္ျခင္းကို ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

ဗီတာမင္ အီး ဟာ တစ္ကယ္ေတာ့ အရမ္းအေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဗီတာမင္ အီး ဟာ ဆဲလ္ေတြ ရဲ႕ အေျမွးေတြကို ကာကြယ္ေပးၿပီး က်န္းမာတဲ့ အသားအေရ ၊ မ်က္လံုးေတြ ကို ပိုမိုေကာင္းမြန္ေစၿပီး  ခုခံအားစနစ္ကို ခြန္အားျဖစ္ေစႏိုင္တယ္လို႔ NHS Choices ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

က်န္းမာေရး ၀က္ဘ္ဆိုက္ တစ္ခုကေဖာ္ျပခဲ့တာကေတာ့ အမ်ိဳးသားေတြဟာ တစ္ေန႔ကို ဗီတာမင္ အီး ၄ မီလီဂ၇မ္ လိုအပ္ၿပီး အမ်ိဳးသမီးေတြဟာ ၃ မီလီဂရမ္ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။

၁၀၀ ဂရမ္ရွိတဲ့ ေထာပတ္သီးတစ္လံုး ဟာ  ေန႔စဥ္လိုအပ္တဲ့ ဗီဆာနင္အီး ပမာဏ ရဲ႕ ၁၀ ရာခိုင္ႏႈန္းကို ပံ့ပိုးေပးႏိုင္ပါတယ္။

Credit : Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ထောပတ်သီး ၊ ဟင်းနုနွယ် နဲ့ သံလွင်ဆီတွေကို စားသုံးခြင်းဟာ လေထုညစ်ညမ်းမှုကို ခံနိုင်ရည်ရှိစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။

အဲဒီအစားအစာတွေမှာ ဗီတာမင် အီး ပမာဏ များပြားစွာ ပါဝင်တဲ့အတွက် အဆုတ်ကို သေးငယ်တဲ့ အစက်လေးတွေ ထင်နေခြင်းကနေ ကာကွယ်ပေးတယ်လို့ သိရပါတယ်။

ထို သေးငယ်တဲ့ အစက်တွေကတော့ စက်ရုံတွေ ၊ ကုန်တင်ကားတွေ ၊ မော်တော်ကားတွေနဲ့ သစ်သားတွေ မီးလောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ထို အစက်တွေဟာ အဆုတ် အထိ ကောင်းစွာ ဝင်ရောက်သွားနိုင်သလို နှလုံးရောဂါ ဖြစ်တဲ့အထိပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

လန်ဒန် က King's College နဲ့ Nottingham တက္ကသိုလ်တို့က ပြောကြားခဲ့တာကတော့ ဗီတာမင် အီး ပမာဏ တွေ သွေးထဲမှာ များလာတဲ့ အမျှ ထိုသို့ အစက်များ ဝင်ရောက်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဗီတာမင် အီး ဟာ တစ်ကယ်တော့ အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် အီး ဟာ ဆဲလ်တွေ ရဲ့ အမြှေးတွေကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ အသားအရေ ၊ မျက်လုံးတွေ ကို ပိုမိုကောင်းမွန်စေပြီး  ခုခံအားစနစ်ကို ခွန်အားဖြစ်စေနိုင်တယ်လို့ NHS Choices ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကျန်းမာရေး ဝက်ဘ်ဆိုက် တစ်ခုကဖော်ပြခဲ့တာကတော့ အမျိုးသားတွေဟာ တစ်နေ့ကို ဗီတာမင် အီး ၄ မီလီဂ၇မ် လိုအပ်ပြီး အမျိုးသမီးတွေဟာ ၃ မီလီဂရမ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

၁၀၀ ဂရမ်ရှိတဲ့ ထောပတ်သီးတစ်လုံး ဟာ  နေ့စဉ်လိုအပ်တဲ့ ဗီဆာနင်အီး ပမာဏ ရဲ့ ၁၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top