iMyanmarHouse.com - Best Property Website for Myanmar
×

ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာေတြဟာ ဦးေခါင္းနဲ႔လည္ပင္းကင္ဆာ ျဖစ္ႏုိင္တဲ႔ အဓိက အႏၱရာယ္ရွိအခ်က္ေတြျဖစ္ပါတယ္။ ဒီညႊန္ကိန္းေတြကိုေက်ာ္သြားတာကေတာ႔ နမ္းတာပဲျဖစ္ပါတယ္။

ဖရန္႔ခ်္ကစ္စ္လို႔ေျပာၾကတဲ႔ ႏႈတ္ခမ္းျခင္းနမ္းတာဟာ ကင္ဆာကိုျဖစ္ေစတဲ႔ ဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္တဲ႔ human papillomavirus (HPV) ကိုကူးစက္ေစႏုိင္ၿပီး ဒီဗိုင္းရပ္စ္ဟာ ဦးေခါင္းနဲ႔လည္ပင္းကင္ဆာကို ၇၀ရာခိုင္ႏႈန္းျဖစ္ေစႏုိင္တယ္လို႔ Royal Darwin ေဆးရံုမွ Dr Mahiban Thomas ကေျပာခဲ႔ပါတယ္။

အကယ္၍သင္ဟာ HPV ဗိုင္းရပ္စ္ ကူးစက္ခံရခဲ႔မယ္ဆိုရင္ သင္႔မွာ ဦးေခါင္းနဲ႔လည္ပင္း ကင္ဆာျဖစ္ႏုိင္ေခ်ဟာ ဗိုင္းရပ္စ္မရွိသူနဲ႔ယွဥ္ရင္ အဆ ၂၅၀ ျမင္႔တက္သြားမွာပါ။ HPV ဟာ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးကိုပါ သက္ေရာက္မႈရွိပါတယ္။

ဗိုင္းရပ္စ္ အမ်ိဳးေပါင္း ၁၀၀ေက်ာ္ရွိေပမဲ႔ အႏၱရာယ္ျမင္႔ HPV အမ်ိဳးအစားကေတာ႔ ၈ခုပဲရွိတယ္လို႔ သိရပါတယ္။

ေရာဂါထိန္းခ်ဳပ္ေရး နဲ႔ ကာကြယ္ေရး ဌာနက ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈ အရေတာ့ HPV ဟာ Oral Sex လို႔ ေခၚတဲ့ ပါးစပ္ နဲ႔ လိင္ဆက္ဆံျခင္း မွာလည္း ျဖစ္ေပၚႏိုင္တယ္လို႔ သိရပါတယ္။

" အေမရိက က ထြက္ေပၚလာတဲ့ ရလဒ္ေတြကို သင္ၾကည့္လိုက္ပါ။ ၇၀ ရာခိုင္ႏႈန္းေသာ ဦးေႏွာက္နဲ႔ လည္ပင္း ကင္ဆာေတြအားလံုးဟာ HPV ေၾကာင့္ျဖစ္လာတာေတြပါ။ ေျပာမယ္ဆိုရင္ ေဆးလိပ္ေသာက္တာတို႔ အရက္ေသာက္တာတို႔ထက္ပိုဆိုးတဲ့ ေရာဂါျဖစ္ႏိုင္ေခ် သက္ေရာင္မႈေတြျဖစ္ေစပါတယ္။ HPV ဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့သူေတြဟာ HPV ဗိုင္းရပ္စ္မရွိတဲ့သူေတြထက္ အဆ ၂၅၀ ထိ ကင္ဆာျဖစ္ႏိုင္ေခ်ရွိေနပါတယ္" လို႔ ေရာဂါထိန္းခ်ဳပ္ေရး နဲ႔ ကာကြယ္ေရးဌာန က ေဒါက္တာ ေသာမတ္စ္ က ဆိုပါတယ္။

 Credit: Thithtoolwin
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေဟာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာ ဖြစ်နိုင်တဲ့ အဓိက အန္တရာယ်ရှိအချက်တွေဖြစ်ပါတယ်။ ဒီညွှန်ကိန်းတွေကိုကျော်သွားတာကတော့ နမ်းတာပဲဖြစ်ပါတယ်။

ဖရန့်ချ်ကစ်စ်လို့ပြောကြတဲ့ နှုတ်ခမ်းခြင်းနမ်းတာဟာ ကင်ဆာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ human papillomavirus (HPV) ကိုကူးစက်စေနိုင်ပြီး ဒီဗိုင်းရပ်စ်ဟာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာကို ၇၀ရာခိုင်နှုန်းဖြစ်စေနိုင်တယ်လို့ Royal Darwin ဆေးရုံမှ Dr Mahiban Thomas ကပြောခဲ့ပါတယ်။

အကယ်၍သင်ဟာ HPV ဗိုင်းရပ်စ် ကူးစက်ခံရခဲ့မယ်ဆိုရင် သင့်မှာ ဦးခေါင်းနဲ့လည်ပင်း ကင်ဆာဖြစ်နိုင်ချေဟာ ဗိုင်းရပ်စ်မရှိသူနဲ့ယှဉ်ရင် အဆ ၂၅၀ မြင့်တက်သွားမှာပါ။ HPV ဟာ အမျိုးသားရော၊ အမျိုးသမီးကိုပါ သက်ရောက်မှုရှိပါတယ်။

ဗိုင်းရပ်စ် အမျိုးပေါင်း ၁၀၀ကျော်ရှိပေမဲ့ အန္တရာယ်မြင့် HPV အမျိုးအစားကတော့ ၈ခုပဲရှိတယ်လို့ သိရပါတယ်။

ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဌာနက ပြုလုပ်ခဲ့တဲ့ လေ့လာမှု အရတော့ HPV ဟာ Oral Sex လို့ ခေါ်တဲ့ ပါးစပ် နဲ့ လိင်ဆက်ဆံခြင်း မှာလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

" အမေရိက က ထွက်ပေါ်လာတဲ့ ရလဒ်တွေကို သင်ကြည့်လိုက်ပါ။ ၇၀ ရာခိုင်နှုန်းသော ဦးနှောက်နဲ့ လည်ပင်း ကင်ဆာတွေအားလုံးဟာ HPV ကြောင့်ဖြစ်လာတာတွေပါ။ ပြောမယ်ဆိုရင် ဆေးလိပ်သောက်တာတို့ အရက်သောက်တာတို့ထက်ပိုဆိုးတဲ့ ရောဂါဖြစ်နိုင်ချေ သက်ရောင်မှုတွေဖြစ်စေပါတယ်။ HPV ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူတွေဟာ HPV ဗိုင်းရပ်စ်မရှိတဲ့သူတွေထက် အဆ ၂၅၀ ထိ ကင်ဆာဖြစ်နိုင်ချေရှိနေပါတယ်" လို့ ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာန က ဒေါက်တာ သောမတ်စ် က ဆိုပါတယ်။


 Credit: Thithtoolwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top