iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတာ့ ခ်စ္သူ။ ဒါေပမဲ့ အျမဲရန္ျဖစ္ေနတဲ့ ခ်စ္သူဆုိရင္ေတာ့ ဖူးစာရွင္ ဆုိတာထက္ အတိတ္ဘဝက အေၾကြးရွိလို႔လာျပန္ေတာင္းတဲ့ အေၾကြးရွင္လုိ႔ ဆုိတာက ပိုမွန္မွာပါ။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ျမင္ျမင္ခ်င္း အေၾကာင္းျပခ်က္ မရွိဘဲ အရမ္းခင္သြားတာ၊ ခ်စ္သြားတာမ်ဳိး ရွိသလုိ ဘာအေၾကာင္းျပခ်က္မွ မရွိဘဲ အသားလြတ္ ၾကည့္လို႔မရတဲ့သူေတြလည္း ရွိတတ္ပါတယ္။ဒါက အတိတ္က ပါလာတဲ့ ေရစက္ေဟာင္းေတြေၾကာင့္ ျဖစ္တာပါ။

လူတစ္ေယာက္က လူတစ္ေယာက္ကို ၾကိဳက္ေပမဲ့ မခ်စ္ႏုိင္တာ ၊ မၾကိဳက္ေပမဲ့ ရင္ထဲက ခ်စ္ေနတာ၊ ခ်စ္ေနရက္နဲ႔ အတူမေနႏုိင္တာ၊ မၾကိဳက္ေပမဲ့ ကြဲလို႔မရတာေတြက ဘာေၾကာင့္ပါလဲ။ အျမဲရန္ရွာ၊ စိတ္ေကာက္တတ္တဲ့ ခ်စ္သူတစ္ေယာက္ရထားလို႔ စိတ္ေတြညစ္ေနေပမဲ့ သူနဲ႔ မေတြ႔ရင္မေနႏုိင္တာ ဘာေၾကာင့္လဲ။ သူကုိယ့္အေပၚ သစၥာေဖာက္ေနမွန္းသိသိခ်ည္းနဲ႔ သူ႕ကို ခြင့္လႊတ္ျပီး သူမွသူ ျဖစ္ေနမိတာ ဘာေၾကာင့္ပါလဲ။ ကိုယ့္အေပၚ အျမဲမငဲ့ညွာဘဲ အႏုိင္ယူတတ္တဲ့သူတစ္ေယာက္ကို အျမဲ အေလွ်ာ့ေပးလိုက္ေလ်ာေနမိတာ ဘာေၾကာင့္ပါလဲ။ အတိတ္ဘဝတုန္းက သူ႔ဆီက ယူထားတဲ့ အေၾကြးေတြ မေၾကေသးလို႔ပါ။ သူ႔ကုိ တစ္ခ်ိန္တုန္းက ကိုယ္လည္း ဒီလိုပဲ ဆက္ဆံခဲ့ဖူးလို႔ သူက အခုဘဝမွာ ကိုယ့္ဆီက ရစရာရွိတာေတြကို အတုိးနဲ႔ ျပန္လာေတာင္းတာပါ။

တခါတေလမွာ ကို္ယ္က သိပ္ခ်စ္ရေပမဲ့ ကို္ယ့္အေပၚ တူညီတဲ့ အခ်စ္မ်ဳိး ျပန္ရမလာတဲ့အခါ အေဝးဆုံး ထြက္သြားခ်င္ေပမဲ့ လက္ေတြ႔ အေကာင္အထည္ မေဖာ္ႏုိင္တာကို ၾကဳံဖူးမွာပါ။ စပါးၾကီးေျမြညႈိ႔ထားသလုိ ကိုယ့္ကို ကိုက္ေတာ့မွာမွန္းသိသိၾကီးနဲ႔ ရုန္းထြက္လုိ႔ မရႏုိင္သလို ျဖစ္ေနတဲ့ အခ်စ္ေရးေတြ ရွိပါတယ္။ ဒါေပမဲ့ တစ္ခုမွတ္ထားရမွာက အေၾကြးရွင္ဆုိတာ သူရစရာရွိတဲ့ အေၾကြး ရသြားျပီးရင္ ျပန္သြားမွာပါ။ ကိုယ့္အနားမွာ တစ္သက္လုံးေနမွာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ဖူးစာရွင္ အစစ္အမွန္ကသာ ကိုယ္နဲ႔ ေသအတူ ရွင္မကြာ ဆုိးတူေကာင္းဖက္ လက္တြဲသြားမွာ ျဖစ္ပါတယ္။

ကုိယ့္ခ်စ္သူက ကို္ယ့္အေပၚ သိပ္ဆုိးလာတဲ့ အခါ သူ႔ကို ေမးၾကည့္လိုက္ပါ။ အေၾကြးရွင္လား။ ဖူးစာရွင္လားလို႔။ အေၾကြးေတာင္းဖို႔လာတဲ့သူျဖစ္ေနရင္ေတာ့ အေၾကြးျပန္ဆပ္ရုံကလြဲျပီး ဒီ့ထက္ အပိုေတြထပ္မေမွ်ာ္လင့္ပါနဲ႔။ ေမတၱာ၊ သစၥာနဲ႔ အၾကင္နာဆုိတဲ့ အဖုိးတန္ရတနာေတြကို ၅ရာ၊ ၁ေထာင္ေလာက္ အေၾကြးရွိတဲ့ အေၾကြးရွင္ကိုေတာ့ ေပးပစ္မွာ မဟုတ္လို႔ အေၾကြးရွင္နဲ႔ တူတဲ့ခ်စ္သူဆုိရင္ အေၾကြးေပးျပီးသာ ျပန္လႊတ္လိုက္ပါ။ တစ္ဘဝလုံး ပုံေအာေပးစရာမလိုပါဘူး။
ဒါေၾကာင့္ ကိုယ္ခ်စ္ရတဲ့ သူက တစ္သက္လုံး တန္ဖိုးထားျပီး အခ်စ္ခံခ်င္တဲ့သူေတြဆုိရင္ ခ်စ္သူကို ဘယ္ေတာ့မွ အေၾကြးရွင္လုိ မဆက္ဆံမိပါေစနဲ႔။

Credit : lwin pyin

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူတော့ ချစ်သူ။ ဒါပေမဲ့ အမြဲရန်ဖြစ်နေတဲ့ ချစ်သူဆိုရင်တော့ ဖူးစာရှင် ဆိုတာထက် အတိတ်ဘဝက အကြွေးရှိလို့လာပြန်တောင်းတဲ့ အကြွေးရှင်လို့ ဆိုတာက ပိုမှန်မှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် မြင်မြင်ချင်း အကြောင်းပြချက် မရှိဘဲ အရမ်းခင်သွားတာ၊ ချစ်သွားတာမျိုး ရှိသလို ဘာအကြောင်းပြချက်မှ မရှိဘဲ အသားလွတ် ကြည့်လို့မရတဲ့သူတွေလည်း ရှိတတ်ပါတယ်။ဒါက အတိတ်က ပါလာတဲ့ ရေစက်ဟောင်းတွေကြောင့် ဖြစ်တာပါ။
လူတစ်ယောက်က လူတစ်ယောက်ကို ကြိုက်ပေမဲ့ မချစ်နိုင်တာ ၊ မကြိုက်ပေမဲ့ ရင်ထဲက ချစ်နေတာ၊ ချစ်နေရက်နဲ့ အတူမနေနိုင်တာ၊ မကြိုက်ပေမဲ့ ကွဲလို့မရတာတွေက ဘာကြောင့်ပါလဲ။ အမြဲရန်ရှာ၊ စိတ်ကောက်တတ်တဲ့ ချစ်သူတစ်ယောက်ရထားလို့ စိတ်တွေညစ်နေပေမဲ့ သူနဲ့ မတွေ့ရင်မနေနိုင်တာ ဘာကြောင့်လဲ။ သူကိုယ့်အပေါ် သစ္စာဖောက်နေမှန်းသိသိချည်းနဲ့ သူ့ကို ခွင့်လွှတ်ပြီး သူမှသူ ဖြစ်နေမိတာ ဘာကြောင့်ပါလဲ။ ကိုယ့်အပေါ် အမြဲမငဲ့ညှာဘဲ အနိုင်ယူတတ်တဲ့သူတစ်ယောက်ကို အမြဲ အလျှော့ပေးလိုက်လျောနေမိတာ ဘာကြောင့်ပါလဲ။ အတိတ်ဘဝတုန်းက သူ့ဆီက ယူထားတဲ့ အကြွေးတွေ မကြေသေးလို့ပါ။ သူ့ကို တစ်ချိန်တုန်းက ကိုယ်လည်း ဒီလိုပဲ ဆက်ဆံခဲ့ဖူးလို့ သူက အခုဘဝမှာ ကိုယ့်ဆီက ရစရာရှိတာတွေကို အတိုးနဲ့ ပြန်လာတောင်းတာပါ။

တခါတလေမှာ ကိုယ်က သိပ်ချစ်ရပေမဲ့ ကိုယ့်အပေါ် တူညီတဲ့ အချစ်မျိုး ပြန်ရမလာတဲ့အခါ အဝေးဆုံး ထွက်သွားချင်ပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်တာကို ကြုံဖူးမှာပါ။ စပါးကြီးမြွေညှို့ထားသလို ကိုယ့်ကို ကိုက်တော့မှာမှန်းသိသိကြီးနဲ့ ရုန်းထွက်လို့ မရနိုင်သလို ဖြစ်နေတဲ့ အချစ်ရေးတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အကြွေးရှင်ဆိုတာ သူရစရာရှိတဲ့ အကြွေး ရသွားပြီးရင် ပြန်သွားမှာပါ။ ကိုယ့်အနားမှာ တစ်သက်လုံးနေမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ဖူးစာရှင် အစစ်အမှန်ကသာ ကိုယ်နဲ့ သေအတူ ရှင်မကွာ ဆိုးတူကောင်းဖက် လက်တွဲသွားမှာ ဖြစ်ပါတယ်။

ကိုယ့်ချစ်သူက ကိုယ့်အပေါ် သိပ်ဆိုးလာတဲ့ အခါ သူ့ကို မေးကြည့်လိုက်ပါ။ အကြွေးရှင်လား။ ဖူးစာရှင်လားလို့။ အကြွေးတောင်းဖို့လာတဲ့သူဖြစ်နေရင်တော့ အကြွေးပြန်ဆပ်ရုံကလွဲပြီး ဒီ့ထက် အပိုတွေထပ်မမျှော်လင့်ပါနဲ့။ မေတ္တာ၊ သစ္စာနဲ့ အကြင်နာဆိုတဲ့ အဖိုးတန်ရတနာတွေကို ၅ရာ၊ ၁ထောင်လောက် အကြွေးရှိတဲ့ အကြွေးရှင်ကိုတော့ ပေးပစ်မှာ မဟုတ်လို့ အကြွေးရှင်နဲ့ တူတဲ့ချစ်သူဆိုရင် အကြွေးပေးပြီးသာ ပြန်လွှတ်လိုက်ပါ။ တစ်ဘဝလုံး ပုံအောပေးစရာမလိုပါဘူး။
ဒါကြောင့် ကိုယ်ချစ်ရတဲ့ သူက တစ်သက်လုံး တန်ဖိုးထားပြီး အချစ်ခံချင်တဲ့သူတွေဆိုရင် ချစ်သူကို ဘယ်တော့မှ အကြွေးရှင်လို မဆက်ဆံမိပါစေနဲ့။

Credit : lwin pyin


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top