iMyanmarHouse.com - Myanmar's No. 1 Property Website
×

သိတယ္မွတ္လား။
ကြ်န္ေတာ့္ဘဝက အခ်ဳိးမက်ဘူး။ ရယ္စရာ ေကာင္းေနတယ္။

ကြ်န္ေတာ္က
အခ်ိန္ေတြ ျဖဳန္းပစ္ေနတဲ့ လူတစ္ေယာက္ပဲ။ စဥ္းစားၾကည့္ပါ။ ကြ်န္ေတာ္က တကၠသိုလ္ႀကီး
တစ္ခုမွာ ပညာသင္ေနတဲ့သူ။ ဒါေပမဲ့ တျခား ေက်ာင္းသားေတြနဲ႔ သိပ္အေစး မကပ္လွဘူး။ ဘာေၾကာင့္တဲ့လဲ။
မသိပါဘူး။ ေက်ာင္းစာမွာလည္း ကြ်န္ေတာ္ မေပ်ာ္ဘူး။ ဒီၾကားထဲ မိဘရဲ႕ စီးပြားေရးကလည္း
က်ဆင္းလာတယ္။ ကြ်န္ေတာ့္ မိဘဆိုေပမဲ့ အေဖက ေသႏွင့္ၿပီ္။ အေမနဲ႔ ေနရတာ။ အေဖေသေတာ့
ကြ်န္ေတာ္က အထက္တန္း ေက်ာင္းသားဘဝ။ ဒါေၾကာင့္ ေနာက္ဆုံး တကၠသိုလ္ႀကီးက
ထြက္လိုက္ရေတာ့တယ္။ သူငယ္ခ်င္းေတြကေတာ့ စက္႐ုံတစ္ခုမွာ အလုပ္သြင္းေပး ပါေသးတယ္။
ႏွွစ္ႏွစ္ေလာက္ အလုပ္လုပ္ၿပီးခ်ိန္မွာ အျခား အလုပ္သမားေတြနဲ႔ စကားမ်ားၿပီး အလုပ္ ထြက္လိုက္ရပါတယ္။

ေနာက္ပိုင္း
အေရာင္းတာဝန္ခံ အလုပ္ရပါတယ္။ အလြန္ပင္ပန္းတယ္ ကြ်မ္းက်င္မႈလည္း လိုတယ္။ အႏၲရာယ္လည္း
ႀကီးတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ဘဝ လြတ္လပ္္ေရး ရသြားတယ္။ ပိုက္ဆံေတြ ပိုရတယ္။ ဒီမွာကြ်န္ေတာ့္
သူငယ္ခ်င္းေတြ ေကာင္းမႈနဲ႔ ကြ်န္ေတာ္ မိန္းမ ႐ႈပ္တတ္လာတယ္။ ကြ်န္ေတာ့္ ႐ုပ္ကလည္း
မိန္းမေတြ ႀကိဳက္တဲ့႐ုပ္။ ဒီလိုနဲ႔ တစ္ေန႔မွာ ဟိုတယ္မယ္ တစ္ေယာက္နဲ႔ အတူ
ေနထိုင္မိတယ္။ သူ႔ကို ဟိုတယ္မယ္မွန္း မသိပါဘူး။

 ၿပီးေတာ့
ဘယ္ေတာ့မဆို ကြန္ဒုံးသုံးတာပဲ။ သူနဲ႔ ေတာ္ေတာ္ၾကာၾကာ တြဲျဖစ္ခဲ့တယ္။ ဒါေပမဲ့ ကြ်န္ေတာ္
ဘယ္ေလာက္မ်ား တုံးလိုက္အလိုက္ ပါသလဲ။ သူက တျခားေယာက္်ား ေတြနဲ႔လည္း ပေရာပရီ ေနတယ္
ဆိုတာကို ကြ်န္ေတာ္မသိခဲ့ဘူး။ တစ္ေန႔ေတာ့ ကြ်န္ေတာ္ရဲ႕ ကြန္ဒုံးဟာ ေပါက္ၿပဲ သြားပါေရာ။
ဒါေပမဲ့ေလ တစ္ခါတစ္ေလ ဆိုၿပီး ကြ်န္ေတာ္က အမႈမဲ့ အမွတ္မဲ့ ေနလိုက္ပါရဲ႕
ေနာက္ပိုင္း သူနဲ႔ ျပတ္သြားတယ္။

ေနာက္ေတာ့
ကြ်န္ေတာ္ဟာ တကၠသိုလ္ေက်ာင္းသူေလး တစ္ေယာက္နဲ႔ ၿငိျဖစ္ပါတယ္။ ေသခ်ာတယ္။
အိေႁႏၵရွိတယ္။ ကြ်န္ေတာ္က သူ႔ကို တကၠသိုလ္ လိုက္ပို႔တယ္။ ျပန္ႀကိဳတယ္။

တကယ့္ကို
ခ်စ္သူဘဝ ေရာက္သြားၾကပါေရာ။ သူက ေယာက္်ားဆိုလို႔ ကြ်န္ေတာ္ တစ္ေယာက္သာ ေတြ႕ဖူးေၾကာင္း
ဖြင့္ေျပာတယ္။ ကြ်န္ေတာ္ကလည္း သူ႔ကို မခြဲပါဘူးလို႔ သစၥာျပဳတယ္။ သူူ႔ကုိ ကြ်န္ေတာ္
သိပ္ခ်စ္မိ ေနၿပီေလ။ သိတယ္မွတ္လား။ ဒါေပမဲ့ဗ်ာ..... ခ်စ္သူတို႔ဘဝ ဆိုတာ ခ်စ္ႀကိဳက္
ကြဲညား မဟုတ္လားေလ။ ႏွစ္ႏွွစ္ေလာက္ အတြင္းမွာ ကြ်န္ေတာ္တို႕ မၾကာခဏ စကားမ်ားၾကတယ္။
စိတ္ေကာက္ၾကတယ္။ ရန္ျဖစ္ၾကတယ္။ ေနာက္ဆုံး လမ္းခြဲၾကရတယ္။

ကိုင္း....
ကြ်န္ေတာ့္ဘဝ တစ္ကေန ျပန္စေရာေပါ့။ တစ္ကျပန္စ ဆိုတာက သူငယ္ခ်င္းေဟာင္း ေတြန႔ဲ
ျပန္ေတြ႕တယ္။ ေရာရီေရာေရာ ေလွ်ာက္သြားတယ္။ အလုပ္ကို ေသေသခ်ာခ်ာ မလုပ္ဘူး။ အဲဒီထဲက
သူငယ္ခ်င္း တစ္ေယာက္က ဟီး႐ုိးအင္း ဆြဲေနၿပီ။ ကြ်န္ေတာ္ တို႔ကိုလည္း အက္ဖတမင္း
ေဆးျပားေတြ သုံးဖို႔ ျမဴဆြယ္တယ္။ ပထမေတာ့ မသုံးျဖစ္ပါဘူး။ ေနာက္က်ေတာ့ ကြ်န္ေတာ္လည္း
ဘာသားနဲ႔ ထုတာမို႔လဲ။ အက္ဖတမင္း သုံးမိသြားပါေရာ။

ဟင့္အင္း။
ဟီး႐ိုးရင္းေတာ့ မသုံးရဲဘူး။ ဒါေပမဲ့ဗ်ာ ေဆးသုံးေနတုန္း ခဏပဲ ေမ့လို႔ရတယ္။
ေဆးျပယ္သြားတာနဲ႔ သူ႔ကို ျပန္သတိရေနေတာ့ တာပဲ။

ဟုတ္ပါ့
ခ်စ္သူကို။ ေနာက္ဆုံးေတာ့ ဟီး႐ိုးရင္းဘက္ကို ကြ်န္ေတာ္ ေရာက္ေတာ့တာပဲ။ အေၾကာထဲကို
တစ္လွည့္စီ ထိုးသြင္းၾကတာပါ။ ကြ်န္ေတာ့္ အလွည့္ေရာက္ေတာ့ ကြ်န္ေတာ္က ေျပာပါေသးတယ္
“ေဆးထိုးအပ္အသစ္ သုံးခ်င္တယ္” လို႔ ဒါေပမဲ့ သူငယ္ခ်င္းေတြက “တို႔ကို ယံုဘူးလား”
ဘာညာေျပာေတာ့ အားနာတယ္ေလ။ သူငယ္ခ်င္းခ်င္း စိတ္ဝမ္း မကြဲခ်င္ဘူး။ ဒီလိုနဲ႔ ဟီး႐ိုးရင္း
တစ္လေလာက္လဲ သုံးၿပီးေရာ ကြ်န္ေတာ္ဟာ ဘိန္းျဖဴရဲ႕ သားေကာင္ ျဖစ္သြားၿပီဆိုတာ
သိလိုက္ ပါေတာ့တယ္။ တစ္ခါေတာ့ အဲဒီထဲက သူငယ္ခ်င္းတစ္ေယာက္ကပဲ တို႔ လမ္းမွား
ေရာက္ေနၿပီလို႔ သတိေပးလာပါတယ္။ သူက အၾကံေပးလို႔ လုပ္ၾကည့္ေတာ့လည္း မဆိုးပါဘူး။
ေဆးသိပ္ၿပီး ဆာလာရင္ ေရခ်ိဳးကန္ထဲကို ေရခဲေတြျဖည့္ၿပီး အၾကာႀကီး စိမ္ေနလိုက္တယ္။
ေဆးထလာတာ သက္သာ သြားတယ္။ ဒီလိုနဲ႔ ေလးငါးရက္ၾကာေတာ့ ကြ်န္ေတာ္စိတ္ ေျပာင္းသြားပါေတာ့တယ္။

ဘာပဲျဖစ္ျဖစ္
ကြ်န္ေတာ္ခုေတာ့ AIDS ေရာဂါ စြဲကပ္ေနပါၿပီ။ ဘယ္သူမျပဳ မိမိမႈပါပဲ။ ကြ်န္ေတာ္ဟာ AIDS
ကုသေရး ေဆး႐ုံမွာ ေရာက္ေနပါၿပီ။ ကၽြန္ေတာ့္ဘဝ ေမွ်ာ္လင့္ခ်က္ ကင္းေနပါၿပီ။ နံပတ္ ၁
တရားခံက ကြ်န္ေတာ္ ဟိုတယ္မယ္နဲ႔ တြဲမိတာ ျဖစ္ပါလိမ့္မယ္။ နံပတ္ ၂ တရားခံက
ေဆးထိုးအပ္ အလွည့္က် သုံးမိတာပါပဲ။ ဘာပဲျဖစ္ျဖစ္ တစ္ခါမွားတာ တစ္သက္စာေပါ့။

ခုခ်ိန္မွာ
ေဆးဝါးေတြက ေရာဂါကုိ ခဏထိန္းထား႐ုံပဲ တတ္ႏိုင္ပါတယ္။ ကြ်န္ေတာ္ကလည္း ေသမထူး
ေနမထူးမို႔လို႔ တစ္ဖက္က ေဆးေတြစားရင္း တစ္ဖက္က ဘဝတူ လူနာေတြကို ကူညီေစာင့္ေရွာက္ ေနပါတယ္။
AIDS ေဝဒနာသည္မ်ား ေစာင့္ေရွာက္ေရး အသင္းမွာလည္း ကြ်န္ေတာ္ဟာ အဖြဲ႕ဝင္
ျဖစ္ေနပါျပီ။

စကားမစပ္ေျပာရဦးမယ္
......
ကြ်န္ေတာ္မွာ
HIV ပိုး ရွိေနၿပီဆိုတာ သိသိခ်င္း အႀကီးအက်ယ္ ေၾကာက္လန္႔ ငိုယိုရင္း ေဆး႐ုံတက္ခဲ့
ရပါတယ္။ အဲဲဒီမွာ ေဆး႐ုံကို ပထမဆုံး လာၿပီးၾကည့္သူ ကြ်န္ေတာ္ကို မ်က္ရည္ေတြ ၾကားက
ျပန္ၿပီး အားေပးတာကေတာ့ “ေမေမ” ပါပဲ။ ေမေမက “သားတစ္ေယာက္ထဲ ကြက္ျဖစ္တာမွ မဟုတ္ဘဲ။
အမ်ားႀကီး ျဖစ္ေနၾကတာပါ။ အားတင္းပါ သားရယ္” လို႔ ေျပာပါ တယ္။ ဒုတိ္ယ
ေရာက္လာသူကေတာ့ ကြ်န္ေတာ့္ အမႀကီးပါ။ သူကလည္း အားေပးနွစ္သိမ့္ရင္း ကြ်န္ေတာ္ကို
ေပြ႕ဖက္ပါတယ္။ တတိယ
ေရာက္လာသူ။ ဟုတ္ပါတယ္။

ကြ်န္ေတာ့္ကို AIDS ပညာေပးစာအုပ္ကို မ်က္နွာအပ္ၿပီး ဖတ္ေနတုန္း
ကြ်န္ေတာ့္ ခုတင္ေဘးမွာ လူတစ္ေယာက္ လာရပ္တာ သိလိုက္ရပါတယ္။ အဲဒီလူရဲ႕ ရနံကို
ကြ်န္ေတာ္ သိေနပါတယ္။ ၿပီးေတာ့ ကြ်န္ေတာ္ကို ေနေကာင္းလားတဲ့။ ဒီအသံနဲ႔ ဒီစကားကို
ကြ်န္ေတာ္ ေကာင္းေကာင္းႀကီး မွတ္မိတာေပါ့ဗ်ာ။ ကြ်န္ေတာ့္ ခ်စ္သူေလ သူ ကြ်န္ေတာ့္
ဆီျပန္လာပါျပီ။ ၁၅၀၀ ေမတၱာနဲ႔ မဟုတ္ပါဘူး။ သန္႔စင္တဲ့ ခ်စ္ျခင္း ေမတၱာနဲ႔ပါ။ သူက
ေျပာတယ္။ “ရွင့္ကို ကြ်န္မ နားလည္ပါတယ္” တဲ့။


Credit:HIM
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode  Vesion

သိတယ်မှတ်လား။
ကျွန်တော့်ဘဝက အချိုးမကျဘူး။ ရယ်စရာ ကောင်းနေတယ်။

ကျွန်တော်က
အချိန်တွေ ဖြုန်းပစ်နေတဲ့ လူတစ်ယောက်ပဲ။ စဉ်းစားကြည့်ပါ။ ကျွန်တော်က တက္ကသိုလ်ကြီး
တစ်ခုမှာ ပညာသင်နေတဲ့သူ။ ဒါပေမဲ့ တခြား ကျောင်းသားတွေနဲ့ သိပ်အစေး မကပ်လှဘူး။ ဘာကြောင့်တဲ့လဲ။
မသိပါဘူး။ ကျောင်းစာမှာလည်း ကျွန်တော် မပျော်ဘူး။ ဒီကြားထဲ မိဘရဲ့ စီးပွားရေးကလည်း
ကျဆင်းလာတယ်။ ကျွန်တော့် မိဘဆိုပေမဲ့ အဖေက သေနှင့်ပြီ်။ အမေနဲ့ နေရတာ။ အဖေသေတော့
ကျွန်တော်က အထက်တန်း ကျောင်းသားဘဝ။ ဒါကြောင့် နောက်ဆုံး တက္ကသိုလ်ကြီးက
ထွက်လိုက်ရတော့တယ်။ သူငယ်ချင်းတွေကတော့ စက်ရုံတစ်ခုမှာ အလုပ်သွင်းပေး ပါသေးတယ်။
နှှစ်နှစ်လောက် အလုပ်လုပ်ပြီးချိန်မှာ အခြား အလုပ်သမားတွေနဲ့ စကားများပြီး အလုပ် ထွက်လိုက်ရပါတယ်။

နောက်ပိုင်း
အရောင်းတာဝန်ခံ အလုပ်ရပါတယ်။ အလွန်ပင်ပန်းတယ် ကျွမ်းကျင်မှုလည်း လိုတယ်။ အန္တရာယ်လည်း
ကြီးတယ်။ ဒါပေမဲ့ ကျွန်တော်ဘဝ လွတ်လပ်ရေး ရသွားတယ်။ ပိုက်ဆံတွေ ပိုရတယ်။ ဒီမှာကျွန်တော့်
သူငယ်ချင်းတွေ ကောင်းမှုနဲ့ ကျွန်တော် မိန်းမ ရှုပ်တတ်လာတယ်။ ကျွန်တော့် ရုပ်ကလည်း
မိန်းမတွေ ကြိုက်တဲ့ရုပ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟိုတယ်မယ် တစ်ယောက်နဲ့ အတူ
နေထိုင်မိတယ်။ သူ့ကို ဟိုတယ်မယ်မှန်း မသိပါဘူး။

 ပြီးတော့
ဘယ်တော့မဆို ကွန်ဒုံးသုံးတာပဲ။ သူနဲ့ တော်တော်ကြာကြာ တွဲဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်
ဘယ်လောက်များ တုံးလိုက်အလိုက် ပါသလဲ။ သူက တခြားယောက်ျား တွေနဲ့လည်း ပရောပရီ နေတယ်
ဆိုတာကို ကျွန်တော်မသိခဲ့ဘူး။ တစ်နေ့တော့ ကျွန်တော်ရဲ့ ကွန်ဒုံးဟာ ပေါက်ပြဲ သွားပါရော။
ဒါပေမဲ့လေ တစ်ခါတစ်လေ ဆိုပြီး ကျွန်တော်က အမှုမဲ့ အမှတ်မဲ့ နေလိုက်ပါရဲ့
နောက်ပိုင်း သူနဲ့ ပြတ်သွားတယ်။

နောက်တော့
ကျွန်တော်ဟာ တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်နဲ့ ငြိဖြစ်ပါတယ်။ သေချာတယ်။
အိနြေ္ဒရှိတယ်။ ကျွန်တော်က သူ့ကို တက္ကသိုလ် လိုက်ပို့တယ်။ ပြန်ကြိုတယ်။

တကယ့်ကို
ချစ်သူဘဝ ရောက်သွားကြပါရော။ သူက ယောက်ျားဆိုလို့ ကျွန်တော် တစ်ယောက်သာ တွေ့ဖူးကြောင်း
ဖွင့်ပြောတယ်။ ကျွန်တော်ကလည်း သူ့ကို မခွဲပါဘူးလို့ သစ္စာပြုတယ်။ သူူ့ကို ကျွန်တော်
သိပ်ချစ်မိ နေပြီလေ။ သိတယ်မှတ်လား။ ဒါပေမဲ့ဗျာ..... ချစ်သူတို့ဘဝ ဆိုတာ ချစ်ကြိုက်
ကွဲညား မဟုတ်လားလေ။ နှစ်နှှစ်လောက် အတွင်းမှာ ကျွန်တော်တို့ မကြာခဏ စကားများကြတယ်။
စိတ်ကောက်ကြတယ်။ ရန်ဖြစ်ကြတယ်။ နောက်ဆုံး လမ်းခွဲကြရတယ်။

ကိုင်း....
ကျွန်တော့်ဘဝ တစ်ကနေ ပြန်စရောပေါ့။ တစ်ကပြန်စ ဆိုတာက သူငယ်ချင်းဟောင်း တွေနဲ့
ပြန်တွေ့တယ်။ ရောရီရောရော လျှောက်သွားတယ်။ အလုပ်ကို သေသေချာချာ မလုပ်ဘူး။ အဲဒီထဲက
သူငယ်ချင်း တစ်ယောက်က ဟီးရိုးအင်း ဆွဲနေပြီ။ ကျွန်တော် တို့ကိုလည်း အက်ဖတမင်း
ဆေးပြားတွေ သုံးဖို့ မြူဆွယ်တယ်။ ပထမတော့ မသုံးဖြစ်ပါဘူး။ နောက်ကျတော့ ကျွန်တော်လည်း
ဘာသားနဲ့ ထုတာမို့လဲ။ အက်ဖတမင်း သုံးမိသွားပါရော။

ဟင့်အင်း။
ဟီးရိုးရင်းတော့ မသုံးရဲဘူး။ ဒါပေမဲ့ဗျာ ဆေးသုံးနေတုန်း ခဏပဲ မေ့လို့ရတယ်။
ဆေးပြယ်သွားတာနဲ့ သူ့ကို ပြန်သတိရနေတော့ တာပဲ။

ဟုတ်ပါ့
ချစ်သူကို။ နောက်ဆုံးတော့ ဟီးရိုးရင်းဘက်ကို ကျွန်တော် ရောက်တော့တာပဲ။ အကြောထဲကို
တစ်လှည့်စီ ထိုးသွင်းကြတာပါ။ ကျွန်တော့် အလှည့်ရောက်တော့ ကျွန်တော်က ပြောပါသေးတယ်
“ဆေးထိုးအပ်အသစ် သုံးချင်တယ်” လို့ ဒါပေမဲ့ သူငယ်ချင်းတွေက “တို့ကို ယုံဘူးလား”
ဘာညာပြောတော့ အားနာတယ်လေ။ သူငယ်ချင်းချင်း စိတ်ဝမ်း မကွဲချင်ဘူး။ ဒီလိုနဲ့ ဟီးရိုးရင်း
တစ်လလောက်လဲ သုံးပြီးရော ကျွန်တော်ဟာ ဘိန်းဖြူရဲ့ သားကောင် ဖြစ်သွားပြီဆိုတာ
သိလိုက် ပါတော့တယ်။ တစ်ခါတော့ အဲဒီထဲက သူငယ်ချင်းတစ်ယောက်ကပဲ တို့ လမ်းမှား
ရောက်နေပြီလို့ သတိပေးလာပါတယ်။ သူက အကြံပေးလို့ လုပ်ကြည့်တော့လည်း မဆိုးပါဘူး။
ဆေးသိပ်ပြီး ဆာလာရင် ရေချိုးကန်ထဲကို ရေခဲတွေဖြည့်ပြီး အကြာကြီး စိမ်နေလိုက်တယ်။
ဆေးထလာတာ သက်သာ သွားတယ်။ ဒီလိုနဲ့ လေးငါးရက်ကြာတော့ ကျွန်တော်စိတ် ပြောင်းသွားပါတော့တယ်။

ဘာပဲဖြစ်ဖြစ်
ကျွန်တော်ခုတော့ AIDS ရောဂါ စွဲကပ်နေပါပြီ။ ဘယ်သူမပြု မိမိမှုပါပဲ။ ကျွန်တော်ဟာ AIDS
ကုသရေး ဆေးရုံမှာ ရောက်နေပါပြီ။ ကျွန်တော့်ဘဝ မျှော်လင့်ချက် ကင်းနေပါပြီ။ နံပတ် ၁
တရားခံက ကျွန်တော် ဟိုတယ်မယ်နဲ့ တွဲမိတာ ဖြစ်ပါလိမ့်မယ်။ နံပတ် ၂ တရားခံက
ဆေးထိုးအပ် အလှည့်ကျ သုံးမိတာပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်ခါမှားတာ တစ်သက်စာပေါ့။

ခုချိန်မှာ
ဆေးဝါးတွေက ရောဂါကို ခဏထိန်းထားရုံပဲ တတ်နိုင်ပါတယ်။ ကျွန်တော်ကလည်း သေမထူး
နေမထူးမို့လို့ တစ်ဖက်က ဆေးတွေစားရင်း တစ်ဖက်က ဘဝတူ လူနာတွေကို ကူညီစောင့်ရှောက် နေပါတယ်။
AIDS ဝေဒနာသည်များ စောင့်ရှောက်ရေး အသင်းမှာလည်း ကျွန်တော်ဟာ အဖွဲ့ဝင်
ဖြစ်နေပါပြီ။

စကားမစပ်ပြောရဦးမယ်
......
ကျွန်တော်မှာ
HIV ပိုး ရှိနေပြီဆိုတာ သိသိချင်း အကြီးအကျယ် ကြောက်လန့် ငိုယိုရင်း ဆေးရုံတက်ခဲ့
ရပါတယ်။ အဲဒီမှာ ဆေးရုံကို ပထမဆုံး လာပြီးကြည့်သူ ကျွန်တော်ကို မျက်ရည်တွေ ကြားက
ပြန်ပြီး အားပေးတာကတော့ “မေမေ” ပါပဲ။ မေမေက “သားတစ်ယောက်ထဲ ကွက်ဖြစ်တာမှ မဟုတ်ဘဲ။
အများကြီး ဖြစ်နေကြတာပါ။ အားတင်းပါ သားရယ်” လို့ ပြောပါ တယ်။ ဒုတိယ
ရောက်လာသူကတော့ ကျွန်တော့် အမကြီးပါ။ သူကလည်း အားပေးနှစ်သိမ့်ရင်း ကျွန်တော်ကို
ပွေ့ဖက်ပါတယ်။ တတိယ
ရောက်လာသူ။ ဟုတ်ပါတယ်။

ကျွန်တော့်ကို AIDS ပညာပေးစာအုပ်ကို မျက်နှာအပ်ပြီး ဖတ်နေတုန်း
ကျွန်တော့် ခုတင်ဘေးမှာ လူတစ်ယောက် လာရပ်တာ သိလိုက်ရပါတယ်။ အဲဒီလူရဲ့ ရနံကို
ကျွန်တော် သိနေပါတယ်။ ပြီးတော့ ကျွန်တော်ကို နေကောင်းလားတဲ့။ ဒီအသံနဲ့ ဒီစကားကို
ကျွန်တော် ကောင်းကောင်းကြီး မှတ်မိတာပေါ့ဗျာ။ ကျွန်တော့် ချစ်သူလေ သူ ကျွန်တော့်
ဆီပြန်လာပါပြီ။ ၁၅၀၀ မေတ္တာနဲ့ မဟုတ်ပါဘူး။ သန့်စင်တဲ့ ချစ်ခြင်း မေတ္တာနဲ့ပါ။ သူက
ပြောတယ်။ “ရှင့်ကို ကျွန်မ နားလည်ပါတယ်” တဲ့။


Credit:HIM

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top