iMyanmarHouse.com - Best Property Website for Myanmar
×

တေန႔တမ်ိဳး မရိုးရေအာင္ ထြက္ေနတဲ့ အႏုပညာရွင္ေတြရဲ႕ေကာလဟလေတြ၊ အႏုပညာရွင္ေတြရဲ႕အတင္း၊ သတင္း ေတြကုိ လူမႈကြန္ယက္ စာမ်က္ႏွာတခုျဖစ္တဲ့ Facebook မွာ အမ်ားဆံုးေတြ႔ရွိ၊ ရွာေဖြႏုိင္ပါတယ္လုိ႔ ေၾကာ္ျငာ၀င္ရမလုိ ျဖစ္ေနပါၿပီ။ ဒီလုိ ေကာလဟလေတြထဲကမွ မၾကာေသးမီကပဲ ႏုိင္ငံေက်ာ္သရုပ္ေဆာင္ အကယ္ဒမီ ထက္ထက္မိုးဦးနဲ႔ ခင္ပြန္းျဖစ္သူ သရုပ္ေဆာင္ အဆိုေတာ္ စိုင္းလႊမ္း(ေခၚ) ဇူးျမတ္ထက္ တုိ႔ရဲ႕ အိမ္ေထာင္ေရး အေျခအေန ေကာလဟလသတင္းမ်ားဟာ လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ ပလူပ်ံလုိ႔ေနခဲ့တာပါ။

အဲ့ဒီေကာလဟလကေတာ့ သရုပ္ေဆာင္ အကယ္ဒမီ ထက္ထက္မုိးဦးနဲ႔ ခင္ပြန္းျဖစ္သူတုိ႔ရဲ႕ အိမ္ေထာင္ေရး အေျခအေန သိပ္မေကာင္းေတာ့ဘူးဆုိတာပါပဲ။ ဒီေကာလဟလ သတင္းဟာအႏုပညာရွင္ေတြရဲ႕ သတင္းေတြ အတင္းေတြကုိ ေပၚေပၚတင္တင္ ေရးသားေလ့ရွိတဲ့ ၀က္ဆုိဒ္ေပ့ခ်္တခုမွ ၾသဂုတ္လ ၁၁ ရက္ေန႔က စတင္ထြက္ေပၚ လာတာျဖစ္ပါတယ္။

ဆုိေတာ့ ဒီေကာလဟလအေပၚသူတို႔ရဲ႕ပရိသတ္ေတြအေနနဲ႔ ေမးခြန္းထုတ္စရာေတြ ျဖစ္ေနခဲ့ပါတယ္။ အႏုပညာရွင္နဲ႔ ေကာလာဟလ ဆိုတာ မစိမ္းဘူးဆုိေပမယ့္ နာမည္ႀကီး အႏုပညာရွင္ စုံတြဲတတြဲရဲ႕ အိမ္ေထာင္ေရးကိစၥ ျဖစ္ေန ေလေတာ့ ပရိသတ္မ်ားရဲ႕ စုိးရိမ္ပူပန္မႈေတြကလည္း ရွိေနခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး သရုပ္ေဆာင္ အဆုိေတာ္ စိုင္းလႊမ္း(ေခၚ) ဇူးျမတ္ထက္ကို ေမးျမန္းၾကည့္တဲ့အခါ “အဲ့အေပၚ က်ေနာ္ ျမင္တာေတာ့ အဲ့ဒီ page ေတြအေနနဲ႔ ဒီလိုမွ လုပ္မစားရင္ ထမင္းမစားရေတာ့ဘူးေလ၊။ အႏုပညာရွင္ေတြရဲ႕ သတင္းေတြကို အတင္းေတြအျဖစ္ မေရးရင္ သူတို႔ငတ္ေသၾကမွာေလ။ က်ေနာ္တို႔ ကုသိုလ္ရတာေပါ့။ အဲ့ေတာ့ က်ေနာ္အေနနဲ႔ကေတာ့ လုပ္ပါေစေပါ့” လို႔ ဧရာဝတီကို ေျပာပါတယ္။

ဒါ့အျပင္ သူ႔အေနနဲ႔ ေကာလဟလေတြကုိ အဲ့ဒီလုိ ေျဖရွင္းလုိက္ရင္ ေရးတဲ့သူေတြအတြက္ သတင္းထပ္ရသလုိျဖစ္ၿပီး ထပ္ေရးေနၾကမွာမုိ႔ ထပ္ေျဖရွင္းေတာ့မွာမဟုတ္ေၾကာင္း သူက ဆက္ေျပာပါတယ္။

ဆက္လက္ၿပီး ဒီကိစၥေတြအတြက္ တရားစြဲဖို႔ေတာ့မရွိေၾကာင္းနဲ႔ ဒီ့ထက္ပုိမုိဆုိး၀ါးလာပါက သည္းခံေနမွာမဟုတ္ဘဲ ေျဖရွင္း သြားမွာျဖစ္တယ္လုိ႔ ဆုိပါတယ္။

သရုပ္ေဆာင္ အဆုိေတာ္ စုိင္းလႊမ္းဟာ လက္ရွိမွာေတာ့ ဒါရိုက္တာ ေနသူရိန္ ရိုက္ကူးထားတဲ့ “ကၽြန္ေတာ္တို႔သည္ မိန္းမမ်ားျဖစ္၍၊ ကၽြန္မတို႔သည္ ေယာက်္ားမ်ားျဖစ္ၾကသည္” ဆိုတဲ့ ဗီဒီယုိဇာတ္ကားကို ရိုက္ကူးေနတာျဖစ္ၿပီး၊ မၾကာခင္မွာလည္း ဒါရိုက္တာ ညိဳမင္းလြင္ ရိုက္ကူးမယ့္ “ဒိုင္ႏုိေဆာ” ရုပ္ရွင္ဇာတ္ကားႀကီးမွာ ေခါင္းေဆာင္မင္းသား အျဖစ္ ပါ၀င္သရုပ္ေဆာင္ဖုိ႔ ရွိတယ္လုိ႔ သိရပါတယ္။

သူ႔ရဲ႕ဇနီးျဖစ္သူ သရုပ္ေဆာင္အဆုိေတာ္ ထက္ထက္မုိးဦးနဲ႔ပတ္သက္လုိ႔ “မထက္ကေတာ့ အစစအရာရာ က်ေနာ့ အႏုပညာလုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး ေျပာေပးပါတယ္။ အက်ီအဝတ္အစားက အစ၊ ဘယ္လို ဇာတ္ရုပ္မ်ိဳးနဲ႔ လိုက္ဖက္တယ္ဆိုၿပီး အႀကံေပးမႈေတြေရာေပါ့ေနာ္။ ၿပီးရင္ အႀကံေပးခ်က္ေတြကို ျပန္စဥ္းစားၿပီး က်ေနာ္ ဆံုးျဖတ္ ပါတယ္” လုိ႔ အနုပညာလုပ္ငန္းေတြအတြက္ တိုင္ပင္ျဖစ္ပုံအေၾကာင္း ေျပာပါတယ္။

ထက္ထက္မိုးဦးအေနနဲ႔ က်န္မာေရးျပႆနာ အနည္းငယ္ကလြဲၿပီး ႀကီးႀကီးမားမားစိုးရိမ္စရာမရွိေၾကာင္း၊ မိသားစု အားလုံး စုံညီၿပီး ရုိက္ကူးမယ့္ ဇာတ္ကားမ်ိဳးေတာ့ ရိုက္ျဖစ္မွာမဟုတ္ေၾကာင္း၊ စိုင္းလႊမ္းကို အားေပးေနတဲ႔ ပရိသတ္မ်ားအတြက္ အၿမဲႀကိဳးစားေနေၾကာင္း ေျပာျပခဲ့ပါတယ္။

သရုပ္ေဆာင္ အဆုိေတာ္ စိုင္းလႊမ္း ဟာ သရုပ္ေဆာင္ အကယ္ဒမီ ထက္ထက္မုိးဦးနဲ႔ ၂၀၀၉ ခုႏွစ္ေလာက္က လက္ထပ္ခဲ့တာျဖစ္ၿပီး ၂၀၁၀ ခုႏွစ္ေလာက္မွာေတာ့ “တဖက္သတ္” ဆုိတဲ့ တကိုယ္ေတာ္ေတးစီးရီး ထြက္ရွိခဲ့ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တနေ့တမျိုး မရိုးရအောင် ထွက်နေတဲ့ အနုပညာရှင်တွေရဲ့ကောလဟလတွေ၊ အနုပညာရှင်တွေရဲ့အတင်း၊ သတင်း တွေကို လူမှုကွန်ယက် စာမျက်နှာတခုဖြစ်တဲ့ Facebook မှာ အများဆုံးတွေ့ရှိ၊ ရှာဖွေနိုင်ပါတယ်လို့ ကြော်ငြာဝင်ရမလို ဖြစ်နေပါပြီ။ ဒီလို ကောလဟလတွေထဲကမှ မကြာသေးမီကပဲ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း(ခေါ်) ဇူးမြတ်ထက် တို့ရဲ့ အိမ်ထောင်ရေး အခြေအနေ ကောလဟလသတင်းများဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပလူပျံလို့နေခဲ့တာပါ။

အဲ့ဒီကောလဟလကတော့ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေ သိပ်မကောင်းတော့ဘူးဆိုတာပါပဲ။ ဒီကောလဟလ သတင်းဟာအနုပညာရှင်တွေရဲ့ သတင်းတွေ အတင်းတွေကို ပေါ်ပေါ်တင်တင် ရေးသားလေ့ရှိတဲ့ ဝက်ဆိုဒ်ပေ့ချ်တခုမှ သြဂုတ်လ ၁၁ ရက်နေ့က စတင်ထွက်ပေါ် လာတာဖြစ်ပါတယ်။

ဆိုတော့ ဒီကောလဟလအပေါ်သူတို့ရဲ့ပရိသတ်တွေအနေနဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်နေခဲ့ပါတယ်။ အနုပညာရှင်နဲ့ ကောလာဟလ ဆိုတာ မစိမ်းဘူးဆိုပေမယ့် နာမည်ကြီး အနုပညာရှင် စုံတွဲတတွဲရဲ့ အိမ်ထောင်ရေးကိစ္စ ဖြစ်နေ လေတော့ ပရိသတ်များရဲ့ စိုးရိမ်ပူပန်မှုတွေကလည်း ရှိနေခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း(ခေါ်) ဇူးမြတ်ထက်ကို မေးမြန်းကြည့်တဲ့အခါ “အဲ့အပေါ် ကျနော် မြင်တာတော့ အဲ့ဒီ page တွေအနေနဲ့ ဒီလိုမှ လုပ်မစားရင် ထမင်းမစားရတော့ဘူးလေ၊။ အနုပညာရှင်တွေရဲ့ သတင်းတွေကို အတင်းတွေအဖြစ် မရေးရင် သူတို့ငတ်သေကြမှာလေ။ ကျနော်တို့ ကုသိုလ်ရတာပေါ့။ အဲ့တော့ ကျနော်အနေနဲ့ကတော့ လုပ်ပါစေပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ကောလဟလတွေကို အဲ့ဒီလို ဖြေရှင်းလိုက်ရင် ရေးတဲ့သူတွေအတွက် သတင်းထပ်ရသလိုဖြစ်ပြီး ထပ်ရေးနေကြမှာမို့ ထပ်ဖြေရှင်းတော့မှာမဟုတ်ကြောင်း သူက ဆက်ပြောပါတယ်။

ဆက်လက်ပြီး ဒီကိစ္စတွေအတွက် တရားစွဲဖို့တော့မရှိကြောင်းနဲ့ ဒီ့ထက်ပိုမိုဆိုးဝါးလာပါက သည်းခံနေမှာမဟုတ်ဘဲ ဖြေရှင်း သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်းဟာ လက်ရှိမှာတော့ ဒါရိုက်တာ နေသူရိန် ရိုက်ကူးထားတဲ့ “ကျွန်တော်တို့သည် မိန်းမများဖြစ်၍၊ ကျွန်မတို့သည် ယောကျ်ားများဖြစ်ကြသည်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပြီး၊ မကြာခင်မှာလည်း ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် “ဒိုင်နိုဆော” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့ဇနီးဖြစ်သူ သရုပ်ဆောင်အဆိုတော် ထက်ထက်မိုးဦးနဲ့ပတ်သက်လို့ “မထက်ကတော့ အစစအရာရာ ကျနော့ အနုပညာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြောပေးပါတယ်။ အကျီအဝတ်အစားက အစ၊ ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ လိုက်ဖက်တယ်ဆိုပြီး အကြံပေးမှုတွေရောပေါ့နော်။ ပြီးရင် အကြံပေးချက်တွေကို ပြန်စဉ်းစားပြီး ကျနော် ဆုံးဖြတ် ပါတယ်” လို့ အနုပညာလုပ်ငန်းတွေအတွက် တိုင်ပင်ဖြစ်ပုံအကြောင်း ပြောပါတယ်။

ထက်ထက်မိုးဦးအနေနဲ့ ကျန်မာရေးပြဿနာ အနည်းငယ်ကလွဲပြီး ကြီးကြီးမားမားစိုးရိမ်စရာမရှိကြောင်း၊ မိသားစု အားလုံး စုံညီပြီး ရိုက်ကူးမယ့် ဇာတ်ကားမျိုးတော့ ရိုက်ဖြစ်မှာမဟုတ်ကြောင်း၊ စိုင်းလွှမ်းကို အားပေးနေတဲ့ ပရိသတ်များအတွက် အမြဲကြိုးစားနေကြောင်း ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း ဟာ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ ၂၀၀၉ ခုနှစ်လောက်က လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်လောက်မှာတော့ “တဖက်သတ်” ဆိုတဲ့ တကိုယ်တော်တေးစီးရီး ထွက်ရှိခဲ့ပါတယ်။

Credit: Irrawaddy



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top