iMyanmarHouse.com - Best Property Website for Myanmar
×

၁ - သူငယ္ခ်င္း

သူငယ္ခ်င္းအေျပာင္းအလဲေတြ ၾကံဳရပါလိမ့္မယ္။ ခင္မင္မႈအတုိင္းအတာေတြ ေျပာင္းလဲလာပါလိမ့္မယ္။ ဒါဟာ သင့္အမွားေၾကာင့္လည္း မဟုတ္သလို သူတို႔ အမွားေၾကာင့္လည္း မဟုတ္ပါဘူး။ သူတို႔လက္တြဲေဖာ္ေတြနဲ႔လက္ထပ္ၾကပါမယ္၊ ကေလးေတြယူၾကပါမယ္၊ အလုပ္သြားၾကပါမယ္။ ဒါေတြကို သင္ၾကည့္ေနရင္း သင္ကိုယ္တုိင္လည္း ဒီလိုျဖစ္ေနတာကို ေတြ႕ရပါလိမ့္မယ္။

၂ - ဆံုးျဖတ္ခ်က္

ဒီႏွစ္ေႏြရာသီ ဘယ္သြားလည္ရင္ ေကာင္းမလဲ ဆိုတဲ့ ဆံုးျဖတ္ခ်က္မ်ိဳး မဟုတ္ေတာ့ပါဘူး။ ေငြေရးေၾကးေရး၊ မိသားစုအေရးနဲ႔ အလုပ္ထဲမွာပါ ၾကီးမားတဲ့ ဆံုးျဖတ္ခ်က္ေတြကို သင့္က ခ်မွတ္ရပါမယ္။ အရင္လို ေနာက္မွပဲ စဥ္းစားမယ္ကြာဆိုတာကိုလက္မခံတဲ့ ဆံုးျဖတ္ခ်က္ေတြ ျဖစ္ပါတယ္။

၃ - ခႏၶာကိုယ္

တအားၾကီးေဝးရင္ လမ္းမေလွ်ာက္ခ်င္တာ၊ ဗုိက္ေတြ ပူလာတာ၊ မိုးနည္းနည္းေလးမိတာနဲ႔ ႏွာေစးေခ်ာင္းဆိုးျဖစ္လာတာ စတဲ့ ရုပ္ပိုင္းဆုိင္ရာ ေျပာင္းလဲမႈေတြကို ေတြ႕လာရပါမယ္။ အသားမက်ေသးခင္ေတာ့ ခႏၶာကိုယ္ရဲ႕ ဒီလိုေျပာင္းလဲမႈကိုသတိထားမိတုိင္း ငယ္ရြယ္မႈကို ျပန္သတိရေနတတ္ပါတယ္။

၄ - အေရးၾကီးဆံုးအရာ

ဘဝမွာ သင့္ရဲ႕ ဦးစားေပးဆုိတာေတြကလည္း ေျပာင္းလဲသြားပါတယ္။ ႏွစ္ဆယ္ေက်ာ္တုန္းက i Pad တစ္လံုးပိုင္ဖို႔ ဆိုတဲ့ သင့္ရဲ႕ ဦးစားေပးမ်ိဳးဟာ ရယ္စရာေကာင္းသလို ျဖစ္ေနပါလိမ့္မယ္။ အိမ္ငွားဖို႔၊ သားျဖစ္သူကို မူၾကိဳေကာင္းေကာင္း၊ေက်ာင္းေကာင္းေကာင္းထားဖို႔ စတဲ့ အရာေတြက သင့္ရဲ႕ ဦးစားေပး ျဖစ္လာပါလိမ့္မယ္။

၅ - ဝမ္းနည္းမႈ

အသက္ ၃၀ ေက်ာ္ရင္ လက္ေတြ႕ဘဝနဲ႔ တအားနီးသြားပါတယ္။ သန္းၾကြယ္သူေဌးၾကီး ျဖစ္ခ်င္တာပဲ ျဖစ္ျဖစ္၊ အႏုပညာသမားတစ္ေယာက္ျဖစ္ခ်င္တာပဲ ျဖစ္ျဖစ္ သင့္ အသက္ ၂၀ တုန္းက ရည္မွန္းခ်က္ဟာ မျဖစ္ႏုိင္ေတာ့ဘူးလို႔ စတင္သံသယ ရွိလာပါတယ္။ ၂၀ န႔ဲ ၃၀ ၾကားမွာ သင္ျဖစ္ခ်င္တာကို ခိုင္ခိုင္မာမာမတည္ေဆာက္ခဲ့ဘူးဆုိရင္ အသက္ ၃၀ ေက်ာ္တဲ့အခါ ေအာျမင္ဖို႔၊ ထိပ္ဆံုးကို ေရာက္ဖို႔ ခက္ခဲသြားပါျပီ။

တစ္ခ်ိဳ႕ေတြကေတာ့ ကုိယ့္အတၱကို ေနာက္ထားျပီး မိသားစုအေရးနဲ႔ ဘဝေပးအေျခေအေနေတြကို ၾကည့္ကာ ရည္မွန္းခ်က္ေတြကို သိမ္းထားခဲ့ရတာပါ။ အသက္ ၃၀ ေက်ာ္ရင္ေတာ့ ျဖစ္ႏုိင္ဖို႔ မေသခ်ာေတာ့တဲ့ ဒီရည္မွန္းခ်က္ေတြကို ဝမ္းနည္းစြာနဲ႔ အျပီးတုိင္စြန္႔လႊတ္ဖို႔ ခဏခဏ စဥ္းစားလာပါလိမ့္မယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁ - သူငယ်ချင်း

သူငယ်ချင်းအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ ခင်မင်မှုအတိုင်းအတာတွေ ပြောင်းလဲလာပါလိမ့်မယ်။ ဒါဟာ သင့်အမှားကြောင့်လည်း မဟုတ်သလို သူတို့ အမှားကြောင့်လည်း မဟုတ်ပါဘူး။ သူတို့လက်တွဲဖော်တွေနဲ့လက်ထပ်ကြပါမယ်၊ ကလေးတွေယူကြပါမယ်၊ အလုပ်သွားကြပါမယ်။ ဒါတွေကို သင်ကြည့်နေရင်း သင်ကိုယ်တိုင်လည်း ဒီလိုဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

၂ - ဆုံးဖြတ်ချက်

ဒီနှစ်နွေရာသီ ဘယ်သွားလည်ရင် ကောင်းမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်တော့ပါဘူး။ ငွေရေးကြေးရေး၊ မိသားစုအရေးနဲ့ အလုပ်ထဲမှာပါ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို သင့်က ချမှတ်ရပါမယ်။ အရင်လို နောက်မှပဲ စဉ်းစားမယ်ကွာဆိုတာကိုလက်မခံတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။

၃ - ခန္ဓာကိုယ်

တအားကြီးဝေးရင် လမ်းမလျှောက်ချင်တာ၊ ဗိုက်တွေ ပူလာတာ၊ မိုးနည်းနည်းလေးမိတာနဲ့ နှာစေးချောင်းဆိုးဖြစ်လာတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို တွေ့လာရပါမယ်။ အသားမကျသေးခင်တော့ ခန္ဓာကိုယ်ရဲ့ ဒီလိုပြောင်းလဲမှုကိုသတိထားမိတိုင်း ငယ်ရွယ်မှုကို ပြန်သတိရနေတတ်ပါတယ်။

၄ - အရေးကြီးဆုံးအရာ

ဘဝမှာ သင့်ရဲ့ ဦးစားပေးဆိုတာတွေကလည်း ပြောင်းလဲသွားပါတယ်။ နှစ်ဆယ်ကျော်တုန်းက i Pad တစ်လုံးပိုင်ဖို့ ဆိုတဲ့ သင့်ရဲ့ ဦးစားပေးမျိုးဟာ ရယ်စရာကောင်းသလို ဖြစ်နေပါလိမ့်မယ်။ အိမ်ငှားဖို့၊ သားဖြစ်သူကို မူကြိုကောင်းကောင်း၊ကျောင်းကောင်းကောင်းထားဖို့ စတဲ့ အရာတွေက သင့်ရဲ့ ဦးစားပေး ဖြစ်လာပါလိမ့်မယ်။

၅ - ဝမ်းနည်းမှု

အသက် ၃၀ ကျော်ရင် လက်တွေ့ဘဝနဲ့ တအားနီးသွားပါတယ်။ သန်းကြွယ်သူဌေးကြီး ဖြစ်ချင်တာပဲ ဖြစ်ဖြစ်၊ အနုပညာသမားတစ်ယောက်ဖြစ်ချင်တာပဲ ဖြစ်ဖြစ် သင့် အသက် ၂၀ တုန်းက ရည်မှန်းချက်ဟာ မဖြစ်နိုင်တော့ဘူးလို့ စတင်သံသယ ရှိလာပါတယ်။ ၂၀ နဲ့ ၃၀ ကြားမှာ သင်ဖြစ်ချင်တာကို ခိုင်ခိုင်မာမာမတည်ဆောက်ခဲ့ဘူးဆိုရင် အသက် ၃၀ ကျော်တဲ့အခါ အောမြင်ဖို့၊ ထိပ်ဆုံးကို ရောက်ဖို့ ခက်ခဲသွားပါပြီ။

တစ်ချို့တွေကတော့ ကိုယ့်အတ္တကို နောက်ထားပြီး မိသားစုအရေးနဲ့ ဘဝပေးအခြေအေနေတွေကို ကြည့်ကာ ရည်မှန်းချက်တွေကို သိမ်းထားခဲ့ရတာပါ။ အသက် ၃၀ ကျော်ရင်တော့ ဖြစ်နိုင်ဖို့ မသေချာတော့တဲ့ ဒီရည်မှန်းချက်တွေကို ဝမ်းနည်းစွာနဲ့ အပြီးတိုင်စွန့်လွှတ်ဖို့ ခဏခဏ စဉ်းစားလာပါလိမ့်မယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top