iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတစ္ဦးရဲ႕ ၿပီးျပည့္စံုတဲ့ဖက္႐ွင္စာရင္းမွာ ေဒါက္ျမင့္ဖိနပ္ေတြက မပါမျဖစ္ပါပဲ။ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ႐ွိ႐ွိနဲ႔ စမတ္က်တဲ့အသြင္ကိုရေအာင္ ေဒါက္ျမင့္ဖိနပ္ေတြက စြမ္းေဆာင္ႏိုင္ပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးျခင္းမွာလည္း ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြ႐ွိလို႔ ဒါေလးေတြကို သိထားဖုိ႔ေတာ့ လိုပါတယ္။

၁။ ျဗက္က်ယ္က်ယ္ေ႐ြး

ေန႔စဥ္ေန႔တုိင္း ေဒါက္ဖိနပ္စီးျဖစ္ေနတယ္ဆုိရင္ေတာ့ ျဗက္က်ယ္တဲ့ေဒါက္မ်ိဳးက ပိုၿပီးသက္ေတာင့္သက္သာျဖစ္ေစပါတယ္။ ေျခေထာက္အေ႐ွ႕ပိုင္းေနရာက က်ဥ္းက်ဥ္းက်ပ္က်ပ္ျဖစ္မေနဘဲ က်ယ္တဲ့ဖိနပ္ကိုေ႐ြးပါ။ ေဒါက္ကိုလည္း ခဲဆံလိုခၽြန္ျမေနတာမ်ိဳးမဟုတ္ဘဲ အနံက်ယ္တဲ့ေဒါက္က တစ္ေနကုန္စီးမယ္ဆို ေျခေထာက္သိပ္မနာတဲ့ေဒါက္မ်ိဳးျဖစ္ပါတယ္။
play

၂။ ႏွစ္လက္မေဒါက္ကအေကာင္းဆံုး

ေဒါက္နိမ့္ေလေလ ေျခေထာက္နာတာ သက္သာေလေလပါပဲ။ ေဒါက္ဆိုမွေဒါက္ စီးခ်င္ရင္ေတာ့ ႏွစ္လက္မျမင့္တဲ့ ေဒါက္မ်ိဳးက အေကာင္းဆံုးပါ။

၃။ ကူ႐ွင္

ေျခဖဝါးနဲ႔ထိစပ္ေနတဲ့ ဖိနပ္ရဲ႕မ်က္ႏွာျပင္မွာ ကူ႐ွင္ (သုိ႔မဟုတ္) အတြင္းဆိုးလ္ျပားခံ ပါတာကိုေ႐ြးပါ။ ေျခေထာက္နာတာ သက္သာတာေပါ့။

၄။ ဖိနပ္ေပါက္ႏိုင္

ေဒါက္နိမ့္တာျဖစ္ျဖစ္ ျမင့္တာျဖစ္ျဖစ္ ေျခေထာက္ကို ေရၾကည္ဖုထၿပီး ဖိနပ္ေပါက္ေစႏိုင္ပါတယ္။ ဘဲေလးအကမယ္ေတြစီးတဲ့ ေပါ့ပါးတဲ့ဖိနပ္ေလးေတြကေတာင္ ဖိနပ္ေပါက္ေစတတ္ပါတယ္။

၅။ ေျခညႇပ္ဖိနပ္ပါးတစ္ရံေဆာင္ထား

ခဲခၽြန္ေဒါက္ေတြလို အရမ္းျမင့္တဲ့ေဒါက္ဖိနပ္ေတြ အၿမဲတမ္းစီးတတ္သူေတြရဲ႕ အိတ္ထဲမွာ ဖိနပ္ပါးတစ္ရံေတာ့ ေဆာင္ထားသင့္ပါတယ္။ ေျခေထာက္နာတာမ်ိဳး ေရၾကည္ဖုထတာမ်ိဳးဆုိရင္ ခ်က္ျခင္းဖိနပ္ပါးေလးေျပာင္းစီးဖုိ႔ပါ။


၆။ ေျခဖဝါးေတြကိုဂ႐ုစိုက္ေပးပါ

ေဒါက္ဖိနပ္အသစ္တစ္ရံစီးေတာ့မယ္ဆုိရင္ အျပင္ကိုထုတ္မစီးခင္ အိမ္ထဲမွာ ၁၅ မိနစ္မွ မိနစ္ ၃၀ အထိ အစမ္းစီးက်င့္ၾကည့္ပါ။ ညေနဘက္ အိမ္ျပန္ေရာက္ရင္လည္း ေျခေထာက္ေလးကို ႏွိပ္ေပးဖုိ႔မေမ့ပါနဲ႔ဦး။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးတစ်ဦးရဲ့ ပြီးပြည့်စုံတဲ့ဖက်ရှင်စာရင်းမှာ ဒေါက်မြင့်ဖိနပ်တွေက မပါမဖြစ်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ စမတ်ကျတဲ့အသွင်ကိုရအောင် ဒေါက်မြင့်ဖိနပ်တွေက စွမ်းဆောင်နိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းမှာလည်း ကောင်းကျိုး၊ ဆိုးကျိုးတွေရှိလို့ ဒါလေးတွေကို သိထားဖို့တော့ လိုပါတယ်။

၁။ ဗြက်ကျယ်ကျယ်ရွေး

နေ့စဉ်နေ့တိုင်း ဒေါက်ဖိနပ်စီးဖြစ်နေတယ်ဆိုရင်တော့ ဗြက်ကျယ်တဲ့ဒေါက်မျိုးက ပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။ ခြေထောက်အရှေ့ပိုင်းနေရာက ကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်မနေဘဲ ကျယ်တဲ့ဖိနပ်ကိုရွေးပါ။ ဒေါက်ကိုလည်း ခဲဆံလိုချွန်မြနေတာမျိုးမဟုတ်ဘဲ အနံကျယ်တဲ့ဒေါက်က တစ်နေကုန်စီးမယ်ဆို ခြေထောက်သိပ်မနာတဲ့ဒေါက်မျိုးဖြစ်ပါတယ်။
play

၂။ နှစ်လက်မဒေါက်ကအကောင်းဆုံး

ဒေါက်နိမ့်လေလေ ခြေထောက်နာတာ သက်သာလေလေပါပဲ။ ဒေါက်ဆိုမှဒေါက် စီးချင်ရင်တော့ နှစ်လက်မမြင့်တဲ့ ဒေါက်မျိုးက အကောင်းဆုံးပါ။

၃။ ကူရှင်

ခြေဖဝါးနဲ့ထိစပ်နေတဲ့ ဖိနပ်ရဲ့မျက်နှာပြင်မှာ ကူရှင် (သို့မဟုတ်) အတွင်းဆိုးလ်ပြားခံ ပါတာကိုရွေးပါ။ ခြေထောက်နာတာ သက်သာတာပေါ့။

၄။ ဖိနပ်ပေါက်နိုင်

ဒေါက်နိမ့်တာဖြစ်ဖြစ် မြင့်တာဖြစ်ဖြစ် ခြေထောက်ကို ရေကြည်ဖုထပြီး ဖိနပ်ပေါက်စေနိုင်ပါတယ်။ ဘဲလေးအကမယ်တွေစီးတဲ့ ပေါ့ပါးတဲ့ဖိနပ်လေးတွေကတောင် ဖိနပ်ပေါက်စေတတ်ပါတယ်။

၅။ ခြေညှပ်ဖိနပ်ပါးတစ်ရံဆောင်ထား

ခဲချွန်ဒေါက်တွေလို အရမ်းမြင့်တဲ့ဒေါက်ဖိနပ်တွေ အမြဲတမ်းစီးတတ်သူတွေရဲ့ အိတ်ထဲမှာ ဖိနပ်ပါးတစ်ရံတော့ ဆောင်ထားသင့်ပါတယ်။ ခြေထောက်နာတာမျိုး ရေကြည်ဖုထတာမျိုးဆိုရင် ချက်ခြင်းဖိနပ်ပါးလေးပြောင်းစီးဖို့ပါ။


၆။ ခြေဖဝါးတွေကိုဂရုစိုက်ပေးပါ

ဒေါက်ဖိနပ်အသစ်တစ်ရံစီးတော့မယ်ဆိုရင် အပြင်ကိုထုတ်မစီးခင် အိမ်ထဲမှာ ၁၅ မိနစ်မှ မိနစ် ၃၀ အထိ အစမ်းစီးကျင့်ကြည့်ပါ။ ညနေဘက် အိမ်ပြန်ရောက်ရင်လည်း ခြေထောက်လေးကို နှိပ်ပေးဖို့မမေ့ပါနဲ့ဦး။

Credit : Duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top