iMyanmarHouse.com - Best Property Website for Myanmar
×

ဇာတ္လမ္းတြဲေတြမ်ားစြာမွာ ပါ၀င္သရုပ္ေဆာင္ခြင့္ရခဲ့သလုိ ဇာတ္လမ္းတြဲနဲ႕ပတ္သက္ၿပီး အက်ိဳးေပးတယ္လို႕ေျပာလာသူကေတာ့ နန္းျမတ္ျဖိဳးသင္းပါ။ လက္ရွိမွာထုတ္လႊင္ျပသေနတဲ့ ေရႊမိုးေငြမိုးသြန္းျဖိဳးလို႕ ရြာ ဇာတ္လမ္းတြဲကို လဲ ပရိသတ္အမ်ား လက္ခံအားေပးၾကသလို အဆိုပါဇာတ္လမ္းတြဲရုိက္ကူးရင္း ရုိက္ေနရင္းထုိင္ရယ္ေနရတဲ့ အမွတ္တရေတြကုိလဲ နန္းျမတ္ကေပ်ာ္ရႊင္စြာေျပာျပလာပါေသးတယ္။ မၾကာေသးခင္ကမွေရေဘးအတြက္ မႏၱေလးျမိဳ႕မွာ ဗီဒီယိုအေျခခံအဖြဲ႕နဲ႕အတူ သြားေရာက္ကာ သီခ်င္းသြားဆုိျဖစ္တဲ့ နန္းျမတ္ရဲ႕လက္ရွိအႏုပညာလႈပ္ရွားမႈမ်ားကုိ ေမးျမန္းျဖစ္တဲ့အခါ

-အခုရုိက္ေနတဲ့ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

အခုရုိက္ေနတဲ့ကားေလးက Other Side 2 ေပါ့ေနာ္။ ဒါရိုက္တာက ကိုေပါက္၊ သရုပ္ေဆာင္ေတြက ကိုျမင့္ျမတ္ရယ္၊ နန္းျမတ္ရယ္၊ ဆုအိမ့္စံရယ္ပါ။ နန္းျမတ္ကဒီထဲမွာရဲေမ အျပင္က ကာရုိက္တာနဲ႕ေတာ့ အမ်ားၾကီးကြာပါတယ္။ မရုိက္ခင္ေတာ့ နန္းျမတ္ရဲနဲ႕ပတ္သက္တဲ့ ကၽြမ္းက်င္သူေတြကိုေမးရတာေပါ့ေနာ္။ ဘာလို႕လဲဆိုေတာ့ နန္းျမတ္ရဲနဲ႕ပတ္သက္ၿပီးတစ္ခါမွမရိုက္ဖူးဘူး။ အေလးျပဳတာကအစ ၊ ဦးထုပ္ခၽြတ္တာ၀တ္တာအဆံုးေသခ်ာေလ့လာျဖစ္တယ္။

-ဒီကားမတုိင္ခင္ကေရာ နန္းျမတ္ဘာေတြလုပ္ျဖစ္ေနလဲ။

နန္းျမတ္သီခ်င္းလုပ္ျဖစ္ေနတယ္ေပါ့။ အတီးအပ္ေနတာေတြ၊ စာသားအပ္ေနတာေတြ လုပ္ေနတယ္။ သီခ်င္းေတြကေတာ့ အသစ္ျဖစ္မယ္။ ေတးေရးေတြဆီမွာလဲ အကုန္အပ္ထားၿပီးၿပီ။ သီခ်င္းကအေႏွးေလးေတြလဲပါမယ္။ ေနာက္တစ္မ်ိဳးက နည္းနည္း Cute ျဖစ္တာထက္ အျမဴး Summer House ျဖစ္တာမ်ိဳးေပါ့။ အဲ့ဒီလိုမ်ိဳးေလးလဲထည့္မယ္လို႕စဥ္းစားထားတယ္။ နန္းျမတ္ခုစဥ္းစားေနတာက ေအာ္ဒီယိုပဲထုတ္ျဖစ္မလား။ အမ္တီဗီပါတြဲထုတ္ရမလားေပါ့။ Audio ပဲဆိုျမန္မွာေပါ့။ အမ္တီဗီနဲ႕ေပါင္းထုတ္ျဖစ္ရင္ ၾကာမယ္။ ၇ပုဒ္၊ ၈ပုဒ္ေလာက္ကိုမွ မီနီမက် ဆုိလိုမက်ေပါ့။

-အခုေနာက္ပိုင္းက်ေတာ့ ခုိးကူးထက္ဆိုးေနတာက link ေခတ္ဆုိေတာ့ေလ။ အဲ့ဒါနဲ႕ပတ္သက္ၿပီးေတာ့ေရာ။

ဟုတ္တယ္။ link ကလဲရွိေတာ့ ဒီ link ကိစၥကို ဘယ္လိုလုပ္ရင္ေကာင္းမလဲေပါ့။ link ပဲထုတ္ၿပီးေပးလုိက္ရေကာင္းမလား။ ဘာလို႕လဲဆိုေတာ့ကိုယ္ေတြမွာက အေခြတစ္ေခြထြက္ဖို႕အတြက္ဆုိ အရင္းေတြအမ်ားၾကီးရွိတယ္။ စီဒီခ်ပ္အရင္း၊ ကူးခအရင္း ၿပီးရင္ကာဗာအရင္း အမ်ားၾကီးေပါ့။ ဒါေတြကအသံုးမ၀င္မဲ့ အတူတူမလုပ္ေတာ့ရင္ေကာင္းမလားေပါ့။ ဒါကလဲတစ္မ်ိဳးစဥ္းစားၾကည့္တာပါ။ ကိုယ့္ထက္စီနီယာေတြနဲ႕ကတိုင္ပင္ရဦးမွာပါ။ ျဖန္႕ခ်ိေရးေတြနဲ႕ေရာေပါ့။ နန္းျမတ္ကေတာ့ ကိုယ့္အိုင္ဒီယာတစ္ခုကိုစဥ္းစားၾကည့္တာပါ။

-ဒီကားထဲမွာက ကိုယ့္ခ်စ္သူကို လုိက္ၿပီးစိုးရိမ္ပူပန္ေနရတာေတြပါေတာ့ အျပင္ကာရုိက္တာကေရာ အဲ့ဒီလိုပဲလား။

နန္းျမတ္က သိပ္ၿပီးစိတ္မပူတတ္ဘူး။ အရမ္းၾကီး သူမ်ားကုိလိုက္ၿပီး စိတ္ပူ၀င္ပါတာမ်ိဳးမဟုတ္ဘူး။ နန္းျမတ္က ကုိယ့္ဟာကုိယ္ေအးေအးေဆးေဆးေနရတာမ်ိဳးပဲသေဘာက်တယ္။

-အႏုပညာသမားဆိုေတာ့ စိတ္ကူးယဥ္ရတာမ်ိဳးေရာၾကိဳက္လား။

အဲ့ဒါေတာ့ရွိတာေပါ့။ သူမ်ားကလုပ္လုိက္တာ၊ ေျပာလိုက္တာ ဘာရယ္မဟုတ္ဘူး။ ကိုယ္ကေတာ့ တစ္ဆံုးထိေတြးတစ္ဆံုးထိစဥ္းစားၿပီး အမ်ားၾကီးေတြျဖစ္သြားတာမ်ိဳးေတြေတာ့ရွိတာေပါ့။ ဒါေပမဲ့နန္းျမတ္ကေတာ့ အဲ့ဒါေတြကို အရမ္းၾကီး Serious မထားပါဘူး။ အလုပ္ကုိပဲပုိၿပီးဦးစားေပးပါတယ္။

-အခုလက္ရွိမွာလႊင့္ေနတဲ့ ေရႊမိုးေငြမိုးသြန္းျဖိဳးလို႕ရြာဇာတ္လမ္းတြဲကိုလဲ ပရိသတ္ေတာ္ေတာ္မ်ားမ်ားအားေပးၾကတာေတြ႕ရတယ္ေနာ္။

အဲ့ဒါအရမ္း၀မ္းသာပါတယ္။ နန္းျမတ္တို႕အဲ့ဒါရုိက္ထားတာမၾကာေသးဘူး။ဒါေပမဲ့ ျမန္ျမန္ဆန္ဆန္လႊင့္ရေတာ့ ပိုၿပီးေကာင္းတယ္လို႕လဲထင္တယ္။ ပေလာ့ ေတြလဲလတ္ဆတ္တာေပါ့။ ၿပီးေတာ့ နန္းျမတ္တို႕အခုေတာက္ေလွ်ာက္တစ္ပတ္တစ္ခါမွာလဲ ပရိသတ္ရဲ႕ Feedback ေတြအမ်ားၾကီးျပန္ရတယ္။ အမ်ားၾကီးအားေပးၾကေတာ့၀မ္းသာပါတယ္။ နန္းျမတ္တို႕အပိုင္းႏွစ္ဆယ္ေလာက္ထိလႊင့္မယ္ထင္တယ္။ ပရိသတ္ၾကီးၿပီးတဲ့ထိဆက္ၿပီးအားေပးၾကပါဦးလုိ႕။ အဲ့ဒီဇာတ္လမ္းတြဲေလးကို ျပင္ဦးလြင္မွာရုိက္ထားတယ္။ အမွတ္တရေတြကလဲ အမ်ားၾကီးမွအမ်ားၾကီးပဲ။ ရိုက္ေနရင္းနဲ႕ခဏနားၿပီး ထုိင္ရယ္ေနရတယ္။ ပေလာ့ေတြက အရမ္းရယ္ရတယ္။ အမ်ားအမ်ားၾကီးပါပဲ။

-ဇာတ္လမ္းတြဲေတြနဲ႕ပတ္သက္ရင္ နန္းျမတ္ကံေကာင္းတယ္လုိ႕ေျပာလို႕ရမလား။ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ဇာတ္လမ္းတြဲေတြနဲ႕နန္းျမတ္ကို အားေပးၾကတယ္ေလ။

ဟုတ္တယ္။ဟုတ္တယ္။ ဇာတ္လမ္းတြဲတစ္ခုၿပီးတစ္ခုကို ပရိသတ္ပိုပိုၿပီးအားေပးလာတယ္။ တျဖည္းျဖည္းနဲ႕၀ါ၊စိမ္း၊နီ မီးသတ္ဇာတ္လမ္းတြဲ တစ္ခုၿပီးတစ္ခုမွာေနရာပိုရလာတယ္။ ေရႊမိုးေငြမိုးမွာဆုိ အဓိကသရုပ္ေဆာင္အေနနဲ႕ဆိုေတာ့ ပါ၀င္ခြင့္ရတယ္ဆိုေတာ့ တျဖည္းျဖည္းနဲ႕လဲတိုးတက္လာတယ္။ ပရိသတ္ရဲ႕ အားေပးမႈကလဲပိုပိုၿပီးရလာတယ္ဆိုေတာ့ တကယ့္ကို အက်ိဳးေပးတယ္လို႕ပဲေျပာရမွာေပါ့။ ေနာက္ထပ္ဇာတ္လမ္းတြဲအသစ္ေတာ့ထပ္ရုိက္ဖို႕မရွိေသးဘူး။ ဒါေပမဲ့ ေရႊမိုးေငြမိုးဒုတိယပုိင္းေတာ့ ဆက္ရုိက္ျဖစ္မလားမသိဘူး။

-ဒီကားၿပီးရင္ဘာေတြလက္ခံထားတာရွိဦးမလဲ။

ဒီလ၂၀ျပင္ဦးလြင္မွာ ေၾကာက္ေၾကာက္ေၾကာက္ ဆိုတဲ့ ရုပ္ရွင္ကားၾကီးသြားရုိက္မယ္။ နန္းျမတ္က အဲ့ဒီထဲမွာ ရြာသူေကာင္မေလးေပါ့။ ကိုထြန္းထြန္းနဲ႕တြဲရမွာပါ။

-နန္းျမတ္ရႈတင္ေတြဆို အရင္က အစ္မလုိက္တာေတြ႕ရတယ္။ အခုေနာက္ပိုင္းသိပ္လိုက္တာမေတြ႕ရေတာ့ လူၾကီးျဖစ္သြားၿပီလား။

မဟုတ္ပါဘူး။ လူၾကီးမျဖစ္ပါဘူး။ အခုထိကေလးပါပဲ။ နန္းျမတ္ ဒီအလုပ္ကိုစလုပ္ကာစ အရမ္းအင္အားလိုတဲ့အခ်ိန္မွာ အစ္မကသူ႕အလုပ္ေတြနားၿပီးနန္းျမတ္ေနာက္ကို ေတာက္ေလွ်ာက္လိုက္ေပးတယ္။ အခုက်ေတာ့ နန္းျမတ္လဲ အႏုပညာေမာင္ႏွမေတြနဲ႕ရင္းႏွီးလာတယ္။ အရမ္းၾကီးမစိမ္းေတာ့ဘူးေပါ့။ နန္းျမတ္ကအရင္ကတည္းက လူေၾကာက္တတ္တယ္။ ခင္ၿပီးသားလူဆုိဘာမွမျဖစ္ဘူး။ မခင္ရေသးတဲ့သူဆုိ ေၾကာက္တတ္တယ္။ အဲ့ဒါေၾကာင့္သူကအျမဲလုိက္ေပးတာပါ။ အခုေတာ့ နည္းနည္းရင္းႏွီးလာၿပီဆိုေတာ့ သိပ္မေၾကာက္ေတာ့ဘူးဆိုေတာ့ နည္းနည္းေတာ္သြားေသးတာေပါ့။

-လူေၾကာက္တတ္တယ္ဆိုေတာ့ေလ ေက်ာင္းတုန္းကေရာ ဘယ္လိုအမွတ္တရေတြရွိခဲ့လဲ။

နန္းျမတ္မွာ သူငယ္ခ်င္းဆုိလို႕ေက်ာင္းတက္တုန္းကဆို ကိုယ္ေပါင္းတဲ့သူငယ္ခ်င္း ငါးေယာက္ကေန ဆယ္ေယာက္ရွိတယ္ဆို ကိုယ့္သူငယ္ခ်င္း က်န္တဲ့သူနဲ႕ဆိုလံုး၀ကိုအဆက္အသြယ္မရွိတာ စိတ္ထဲမွာ ငါကေတာ့ တျခားသူေတြနဲ႕မေပါင္းႏုိင္ပါဘူးဆိုတဲ့ၾကီးက်ယ္တဲ့စိတ္နဲ႕မဟုတ္ဘူး။ ငါျပံဳးျပရင္ငါ့မ်ားျပန္ျပံဳးျပပါ့မလား မသိဘူးဆိုၿပီး မလိုအပ္တဲ့အေတြးေတြေတြးၿပီးေၾကာက္တတ္တာပါ။ အဲ့လိုမ်ိဳးပါ။ အဲ့ဒီေတာ့ေလ ရုတ္တရက္ၾကည့္လိုက္ရင္ေတာ့ ဘာလဲေပါ့ေလ။ ဒီေစာ္က အဲ့ဒီလိုျဖစ္ခ်င္ျဖစ္မယ္။ အမွန္ေတာ့ကိုယ္ကလဲသူတုိ႕ကိုျပန္ေၾကာက္ေနရတာပါ။

-အဲ့ဒီလိုေၾကာက္တတ္တဲ့သူကေနအႏုပညာအလုပ္လုပ္ေတာ့ ဘယ္လိုသဟဇာတျဖစ္ေအာင္ၾကိဳးစားေနခဲ့ရလဲ။

ေတာ္ေတာ္ကို အဆင္မေျပတာပါ။ ဘာလုိ႕လဲဆိုေတာ့ ပထမတုန္းကဆိုရင္ တခ်ိဳ႕ေတြလဲ အဲ့ဒီလိုရွိမွာေပါ့။ ဒီေကာင္မေလးက အခ်ိဳးမေျပဘူး ဘာညာထင္ၾကမွာပဲ။ ကုိယ္ကုိတုိင္ဆိုရင္လဲ အဲ့ဒီလိုထင္မွာပဲ။ ဒါေပမဲ့ကုိယ့္စိတ္ထဲမွာေၾကာက္ေနတာဆိုေတာ့ေလ။ ဒါေပမဲ့ေနာက္ၾကာလာေတာ့ အၾကီးေတြကဘာမွမျဖစ္ဘူး။ သြားေျပာဆိုတာနဲ႕ဆန္းၿပီးသြားေျပာၾကည့္ရာကေနကိုယ့္ကိုကုိယ္ယံုၾကည္မႈရလာတာေပါ့။

-Let’s Go ပရိုဂရမ္ကိုလဲ ပရိသတ္ေတာ္ေတာ္မ်ားမ်ားၾကိဳက္တာေတြ႕ရတယ္ေနာ္။

ဟုတ္တယ္။ အခုေနာက္ဆံုးသြားခဲ့တဲ့ တစ္ေခါက္ဆို အရမ္းလဲေပ်ာ္ဖို႕ေကာင္းတယ္။ အမွတ္တရလဲရွိတယ္။ ေတာက္ေလွ်ာက္ကေတာ့ ပင္ပန္းတယ္။ ဘာအမွတ္တရလဲဆိုေတာ့ ကိုယ့္နားဘယ္သူပဲ ကပ္လာကပ္လာ ခါးပိုက္ႏိႈက္လို႕ထင္တာေပါ့။ သူကေလဆိပ္မွာ တင္ကိုကပ္ထားတာ ခါးပုိက္ႏိႈက္သတိထားဖို႕တစ္ခ်ိန္လံုး အဲ့ဒီအေၾကာင္းပဲေျပာေနတာ။ ဂိုက္ကလဲ သပ္သပ္ရပ္ရပ္ ၀တ္စားထားရင္လဲ လူေကာင္းလို႕မထင္နဲ႕ေပါ့ေနာ္။ တကယ္လုပ္တယ္ေပါ့ေနာ္။ အဲ့ဒါေၾကာင့္ကိုယ့္နားကုိ ဘယ္သူပဲကပ္လာကပ္လာ ငါ့ကို ခါးပိုက္ႏိႈက္မလားဆိုၿပီးစိတ္ပူေနရတယ္။ အဲ့ဒါေလးကအမွတ္တရပါပဲ။

-ေရေဘးနဲ႕ပတ္သက္ၿပီး သီခ်င္းသြားဆိုေပးတာလဲေတြ႕ရတယ္။

ဒီႏွစ္ကေတာ့ မေန႕ကအစည္းအရံုးနဲ႕အတူတူ မႏၱေလးမွာသီခ်င္းသြားဆိုေပးခဲ့ျဖစ္တယ္။ ဗီဒီယိုအေျခခံအတြက္ရယ္၊ ေရေဘးအတြက္ရယ္ေပါင္းလုပ္လုိက္တာေပါ့။

-ပရိသတ္ၾကီးကိုေရာ ဘာမ်ားေျပာျပခ်င္ေသးလဲ။

နန္းျမတ္ေရွ႕ဆက္ၿပီး အမ်ားၾကီးၾကိဳးစားသြားပါမယ္လို႕။ အခုတျဖည္းျဖည္းနဲ႕ပံုေပၚလာတဲ့ နန္းျမတ္ရဲ႕ အႏုပညာအလုပ္ေတြကုိလဲ အားေပးေ၀ဖန္အၾကံျပဳေပးပါဦးလုိ႕ထြက္လာစရာေတြလဲအမ်ားၾကီးရွိပါတယ္လို႕နန္းျမတ္ကလဲပရိသတ္ၾကီးကိုခ်စ္ပါတယ္လို႕ေျပာခ်င္ပါတယ္။

Credit : Trend Myanmar



ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သလို ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အကျိုးပေးတယ်လို့ပြောလာသူကတော့ နန်းမြတ်ဖြိုးသင်းပါ။ လက်ရှိမှာထုတ်လွှင်ပြသနေတဲ့ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ ရွာ ဇာတ်လမ်းတွဲကို လဲ ပရိသတ်အများ လက်ခံအားပေးကြသလို အဆိုပါဇာတ်လမ်းတွဲရိုက်ကူးရင်း ရိုက်နေရင်းထိုင်ရယ်နေရတဲ့ အမှတ်တရတွေကိုလဲ နန်းမြတ်ကပျော်ရွှင်စွာပြောပြလာပါသေးတယ်။ မကြာသေးခင်ကမှရေဘေးအတွက် မန္တလေးမြို့မှာ ဗီဒီယိုအခြေခံအဖွဲ့နဲ့အတူ သွားရောက်ကာ သီချင်းသွားဆိုဖြစ်တဲ့ နန်းမြတ်ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုများကို မေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက Other Side 2 ပေါ့နော်။ ဒါရိုက်တာက ကိုပေါက်၊ သရုပ်ဆောင်တွေက ကိုမြင့်မြတ်ရယ်၊ နန်းမြတ်ရယ်၊ ဆုအိမ့်စံရယ်ပါ။ နန်းမြတ်ကဒီထဲမှာရဲမေ အပြင်က ကာရိုက်တာနဲ့တော့ အများကြီးကွာပါတယ်။ မရိုက်ခင်တော့ နန်းမြတ်ရဲနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေကိုမေးရတာပေါ့နော်။ ဘာလို့လဲဆိုတော့ နန်းမြတ်ရဲနဲ့ပတ်သက်ပြီးတစ်ခါမှမရိုက်ဖူးဘူး။ အလေးပြုတာကအစ ၊ ဦးထုပ်ချွတ်တာဝတ်တာအဆုံးသေချာလေ့လာဖြစ်တယ်။

-ဒီကားမတိုင်ခင်ကရော နန်းမြတ်ဘာတွေလုပ်ဖြစ်နေလဲ။

နန်းမြတ်သီချင်းလုပ်ဖြစ်နေတယ်ပေါ့။ အတီးအပ်နေတာတွေ၊ စာသားအပ်နေတာတွေ လုပ်နေတယ်။ သီချင်းတွေကတော့ အသစ်ဖြစ်မယ်။ တေးရေးတွေဆီမှာလဲ အကုန်အပ်ထားပြီးပြီ။ သီချင်းကအနှေးလေးတွေလဲပါမယ်။ နောက်တစ်မျိုးက နည်းနည်း Cute ဖြစ်တာထက် အမြူး Summer House ဖြစ်တာမျိုးပေါ့။ အဲ့ဒီလိုမျိုးလေးလဲထည့်မယ်လို့စဉ်းစားထားတယ်။ နန်းမြတ်ခုစဉ်းစားနေတာက အော်ဒီယိုပဲထုတ်ဖြစ်မလား။ အမ်တီဗီပါတွဲထုတ်ရမလားပေါ့။ Audio ပဲဆိုမြန်မှာပေါ့။ အမ်တီဗီနဲ့ပေါင်းထုတ်ဖြစ်ရင် ကြာမယ်။ ၇ပုဒ်၊ ၈ပုဒ်လောက်ကိုမှ မီနီမကျ ဆိုလိုမကျပေါ့။

-အခုနောက်ပိုင်းကျတော့ ခိုးကူးထက်ဆိုးနေတာက link ခေတ်ဆိုတော့လေ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရော။

ဟုတ်တယ်။ link ကလဲရှိတော့ ဒီ link ကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။ link ပဲထုတ်ပြီးပေးလိုက်ရကောင်းမလား။ ဘာလို့လဲဆိုတော့ကိုယ်တွေမှာက အခွေတစ်ခွေထွက်ဖို့အတွက်ဆို အရင်းတွေအများကြီးရှိတယ်။ စီဒီချပ်အရင်း၊ ကူးခအရင်း ပြီးရင်ကာဗာအရင်း အများကြီးပေါ့။ ဒါတွေကအသုံးမဝင်မဲ့ အတူတူမလုပ်တော့ရင်ကောင်းမလားပေါ့။ ဒါကလဲတစ်မျိုးစဉ်းစားကြည့်တာပါ။ ကိုယ့်ထက်စီနီယာတွေနဲ့ကတိုင်ပင်ရဦးမှာပါ။ ဖြန့်ချိရေးတွေနဲ့ရောပေါ့။ နန်းမြတ်ကတော့ ကိုယ့်အိုင်ဒီယာတစ်ခုကိုစဉ်းစားကြည့်တာပါ။

-ဒီကားထဲမှာက ကိုယ့်ချစ်သူကို လိုက်ပြီးစိုးရိမ်ပူပန်နေရတာတွေပါတော့ အပြင်ကာရိုက်တာကရော အဲ့ဒီလိုပဲလား။

နန်းမြတ်က သိပ်ပြီးစိတ်မပူတတ်ဘူး။ အရမ်းကြီး သူများကိုလိုက်ပြီး စိတ်ပူဝင်ပါတာမျိုးမဟုတ်ဘူး။ နန်းမြတ်က ကိုယ့်ဟာကိုယ်အေးအေးဆေးဆေးနေရတာမျိုးပဲသဘောကျတယ်။

-အနုပညာသမားဆိုတော့ စိတ်ကူးယဉ်ရတာမျိုးရောကြိုက်လား။

အဲ့ဒါတော့ရှိတာပေါ့။ သူများကလုပ်လိုက်တာ၊ ပြောလိုက်တာ ဘာရယ်မဟုတ်ဘူး။ ကိုယ်ကတော့ တစ်ဆုံးထိတွေးတစ်ဆုံးထိစဉ်းစားပြီး အများကြီးတွေဖြစ်သွားတာမျိုးတွေတော့ရှိတာပေါ့။ ဒါပေမဲ့နန်းမြတ်ကတော့ အဲ့ဒါတွေကို အရမ်းကြီး Serious မထားပါဘူး။ အလုပ်ကိုပဲပိုပြီးဦးစားပေးပါတယ်။

-အခုလက်ရှိမှာလွှင့်နေတဲ့ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာဇာတ်လမ်းတွဲကိုလဲ ပရိသတ်တော်တော်များများအားပေးကြတာတွေ့ရတယ်နော်။

အဲ့ဒါအရမ်းဝမ်းသာပါတယ်။ နန်းမြတ်တို့အဲ့ဒါရိုက်ထားတာမကြာသေးဘူး။ဒါပေမဲ့ မြန်မြန်ဆန်ဆန်လွှင့်ရတော့ ပိုပြီးကောင်းတယ်လို့လဲထင်တယ်။ ပလော့ တွေလဲလတ်ဆတ်တာပေါ့။ ပြီးတော့ နန်းမြတ်တို့အခုတောက်လျှောက်တစ်ပတ်တစ်ခါမှာလဲ ပရိသတ်ရဲ့ Feedback တွေအများကြီးပြန်ရတယ်။ အများကြီးအားပေးကြတော့ဝမ်းသာပါတယ်။ နန်းမြတ်တို့အပိုင်းနှစ်ဆယ်လောက်ထိလွှင့်မယ်ထင်တယ်။ ပရိသတ်ကြီးပြီးတဲ့ထိဆက်ပြီးအားပေးကြပါဦးလို့။ အဲ့ဒီဇာတ်လမ်းတွဲလေးကို ပြင်ဦးလွင်မှာရိုက်ထားတယ်။ အမှတ်တရတွေကလဲ အများကြီးမှအများကြီးပဲ။ ရိုက်နေရင်းနဲ့ခဏနားပြီး ထိုင်ရယ်နေရတယ်။ ပလော့တွေက အရမ်းရယ်ရတယ်။ အများအများကြီးပါပဲ။

-ဇာတ်လမ်းတွဲတွေနဲ့ပတ်သက်ရင် နန်းမြတ်ကံကောင်းတယ်လို့ပြောလို့ရမလား။ ပရိသတ်တော်တော်များများက ဇာတ်လမ်းတွဲတွေနဲ့နန်းမြတ်ကို အားပေးကြတယ်လေ။

ဟုတ်တယ်။ဟုတ်တယ်။ ဇာတ်လမ်းတွဲတစ်ခုပြီးတစ်ခုကို ပရိသတ်ပိုပိုပြီးအားပေးလာတယ်။ တဖြည်းဖြည်းနဲ့ဝါ၊စိမ်း၊နီ မီးသတ်ဇာတ်လမ်းတွဲ တစ်ခုပြီးတစ်ခုမှာနေရာပိုရလာတယ်။ ရွှေမိုးငွေမိုးမှာဆို အဓိကသရုပ်ဆောင်အနေနဲ့ဆိုတော့ ပါဝင်ခွင့်ရတယ်ဆိုတော့ တဖြည်းဖြည်းနဲ့လဲတိုးတက်လာတယ်။ ပရိသတ်ရဲ့ အားပေးမှုကလဲပိုပိုပြီးရလာတယ်ဆိုတော့ တကယ့်ကို အကျိုးပေးတယ်လို့ပဲပြောရမှာပေါ့။ နောက်ထပ်ဇာတ်လမ်းတွဲအသစ်တော့ထပ်ရိုက်ဖို့မရှိသေးဘူး။ ဒါပေမဲ့ ရွှေမိုးငွေမိုးဒုတိယပိုင်းတော့ ဆက်ရိုက်ဖြစ်မလားမသိဘူး။

-ဒီကားပြီးရင်ဘာတွေလက်ခံထားတာရှိဦးမလဲ။

ဒီလ၂၀ပြင်ဦးလွင်မှာ ကြောက်ကြောက်ကြောက် ဆိုတဲ့ ရုပ်ရှင်ကားကြီးသွားရိုက်မယ်။ နန်းမြတ်က အဲ့ဒီထဲမှာ ရွာသူကောင်မလေးပေါ့။ ကိုထွန်းထွန်းနဲ့တွဲရမှာပါ။

-နန်းမြတ်ရှုတင်တွေဆို အရင်က အစ်မလိုက်တာတွေ့ရတယ်။ အခုနောက်ပိုင်းသိပ်လိုက်တာမတွေ့ရတော့ လူကြီးဖြစ်သွားပြီလား။

မဟုတ်ပါဘူး။ လူကြီးမဖြစ်ပါဘူး။ အခုထိကလေးပါပဲ။ နန်းမြတ် ဒီအလုပ်ကိုစလုပ်ကာစ အရမ်းအင်အားလိုတဲ့အချိန်မှာ အစ်မကသူ့အလုပ်တွေနားပြီးနန်းမြတ်နောက်ကို တောက်လျှောက်လိုက်ပေးတယ်။ အခုကျတော့ နန်းမြတ်လဲ အနုပညာမောင်နှမတွေနဲ့ရင်းနှီးလာတယ်။ အရမ်းကြီးမစိမ်းတော့ဘူးပေါ့။ နန်းမြတ်ကအရင်ကတည်းက လူကြောက်တတ်တယ်။ ခင်ပြီးသားလူဆိုဘာမှမဖြစ်ဘူး။ မခင်ရသေးတဲ့သူဆို ကြောက်တတ်တယ်။ အဲ့ဒါကြောင့်သူကအမြဲလိုက်ပေးတာပါ။ အခုတော့ နည်းနည်းရင်းနှီးလာပြီဆိုတော့ သိပ်မကြောက်တော့ဘူးဆိုတော့ နည်းနည်းတော်သွားသေးတာပေါ့။

-လူကြောက်တတ်တယ်ဆိုတော့လေ ကျောင်းတုန်းကရော ဘယ်လိုအမှတ်တရတွေရှိခဲ့လဲ။

နန်းမြတ်မှာ သူငယ်ချင်းဆိုလို့ကျောင်းတက်တုန်းကဆို ကိုယ်ပေါင်းတဲ့သူငယ်ချင်း ငါးယောက်ကနေ ဆယ်ယောက်ရှိတယ်ဆို ကိုယ့်သူငယ်ချင်း ကျန်တဲ့သူနဲ့ဆိုလုံးဝကိုအဆက်အသွယ်မရှိတာ စိတ်ထဲမှာ ငါကတော့ တခြားသူတွေနဲ့မပေါင်းနိုင်ပါဘူးဆိုတဲ့ကြီးကျယ်တဲ့စိတ်နဲ့မဟုတ်ဘူး။ ငါပြုံးပြရင်ငါ့များပြန်ပြုံးပြပါ့မလား မသိဘူးဆိုပြီး မလိုအပ်တဲ့အတွေးတွေတွေးပြီးကြောက်တတ်တာပါ။ အဲ့လိုမျိုးပါ။ အဲ့ဒီတော့လေ ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘာလဲပေါ့လေ။ ဒီစော်က အဲ့ဒီလိုဖြစ်ချင်ဖြစ်မယ်။ အမှန်တော့ကိုယ်ကလဲသူတို့ကိုပြန်ကြောက်နေရတာပါ။

-အဲ့ဒီလိုကြောက်တတ်တဲ့သူကနေအနုပညာအလုပ်လုပ်တော့ ဘယ်လိုသဟဇာတဖြစ်အောင်ကြိုးစားနေခဲ့ရလဲ။

တော်တော်ကို အဆင်မပြေတာပါ။ ဘာလို့လဲဆိုတော့ ပထမတုန်းကဆိုရင် တချို့တွေလဲ အဲ့ဒီလိုရှိမှာပေါ့။ ဒီကောင်မလေးက အချိုးမပြေဘူး ဘာညာထင်ကြမှာပဲ။ ကိုယ်ကိုတိုင်ဆိုရင်လဲ အဲ့ဒီလိုထင်မှာပဲ။ ဒါပေမဲ့ကိုယ့်စိတ်ထဲမှာကြောက်နေတာဆိုတော့လေ။ ဒါပေမဲ့နောက်ကြာလာတော့ အကြီးတွေကဘာမှမဖြစ်ဘူး။ သွားပြောဆိုတာနဲ့ဆန်းပြီးသွားပြောကြည့်ရာကနေကိုယ့်ကိုကိုယ်ယုံကြည်မှုရလာတာပေါ့။

-Let’s Go ပရိုဂရမ်ကိုလဲ ပရိသတ်တော်တော်များများကြိုက်တာတွေ့ရတယ်နော်။

ဟုတ်တယ်။ အခုနောက်ဆုံးသွားခဲ့တဲ့ တစ်ခေါက်ဆို အရမ်းလဲပျော်ဖို့ကောင်းတယ်။ အမှတ်တရလဲရှိတယ်။ တောက်လျှောက်ကတော့ ပင်ပန်းတယ်။ ဘာအမှတ်တရလဲဆိုတော့ ကိုယ့်နားဘယ်သူပဲ ကပ်လာကပ်လာ ခါးပိုက်နှိုက်လို့ထင်တာပေါ့။ သူကလေဆိပ်မှာ တင်ကိုကပ်ထားတာ ခါးပိုက်နှိုက်သတိထားဖို့တစ်ချိန်လုံး အဲ့ဒီအကြောင်းပဲပြောနေတာ။ ဂိုက်ကလဲ သပ်သပ်ရပ်ရပ် ဝတ်စားထားရင်လဲ လူကောင်းလို့မထင်နဲ့ပေါ့နော်။ တကယ်လုပ်တယ်ပေါ့နော်။ အဲ့ဒါကြောင့်ကိုယ့်နားကို ဘယ်သူပဲကပ်လာကပ်လာ ငါ့ကို ခါးပိုက်နှိုက်မလားဆိုပြီးစိတ်ပူနေရတယ်။ အဲ့ဒါလေးကအမှတ်တရပါပဲ။

-ရေဘေးနဲ့ပတ်သက်ပြီး သီချင်းသွားဆိုပေးတာလဲတွေ့ရတယ်။

ဒီနှစ်ကတော့ မနေ့ကအစည်းအရုံးနဲ့အတူတူ မန္တလေးမှာသီချင်းသွားဆိုပေးခဲ့ဖြစ်တယ်။ ဗီဒီယိုအခြေခံအတွက်ရယ်၊ ရေဘေးအတွက်ရယ်ပေါင်းလုပ်လိုက်တာပေါ့။

-ပရိသတ်ကြီးကိုရော ဘာများပြောပြချင်သေးလဲ။

နန်းမြတ်ရှေ့ဆက်ပြီး အများကြီးကြိုးစားသွားပါမယ်လို့။ အခုတဖြည်းဖြည်းနဲ့ပုံပေါ်လာတဲ့ နန်းမြတ်ရဲ့ အနုပညာအလုပ်တွေကိုလဲ အားပေးဝေဖန်အကြံပြုပေးပါဦးလို့ထွက်လာစရာတွေလဲအများကြီးရှိပါတယ်လို့နန်းမြတ်ကလဲပရိသတ်ကြီးကိုချစ်ပါတယ်လို့ပြောချင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top