iMyanmarHouse.com - Best Property Website for Myanmar
×

ပိုက်ဆံမရှိတာထက် ရှိတာက ပိုပြီးကောင်းတာပေါ့။ ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ စိတ်ချမ်းသာစရာတွေလည်း အများကြီးရှိပါတယ်။

ကဲ ဘယ်သူက ပိုက်ဆံရှာကောင်းလည်းဆိုတာကို ကြည့်လိုက်ရအောင်နော်။

၀၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း

သူကတော့ ဥာဏ်ကောင်းပြီး တီထွင်ကြံဆနိုင်သူပါ။ ဒါကြောင့် ပွဲတွေကို စီစဉ်သူ၊ ပစ္စည်းသစ်တွေကို တီထွင်သူ အဖြစ်ရပ်တည်နိုင်ပါတယ်။ ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားရင် လုံးဝကို အောင်မြင်မှာပါ။ ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီဖို့တော့ လိုပါလိမ့်မယ်။

၀၂. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း

သူကတော့ မြေတို့ အဆောက်အအုံတို့ကို ရင်းနှီးမြှပ်နှံခြင်းဖြင့် အောင်မြင်ပါလိမ့်မယ်။ သူကတော့ ရိုးရိုးလေးနဲ့ ပိုက်ဆံကို ရအောင် စုတတ်သူပါ။ ပိုက်ဆံကို များများရအောင်ဆိုပြီး အလောင်းအစားတွေကို မုန်းတတ်သူပါ။ ဖြေးဖြေးနဲ့ အေးအေးဆေးဆေး ပိုက်ဆံကိုရအောင် ရှာတတ်သူပါ။

၀၃. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း

သူကတော့ ပိုက်ဆံနဲ့လက်နဲ့ မကွာတတ်သူပါ။ ကံကောင်းတယ်ဆိုတာထက် ကိုယ့်ရဲ့ဘဝတိုးတက်ရေးအတွက် သင်တန်းတက်ပြီး အနာဂတ်မှာ ယခုထက် ဘဝကို တိုးတက်ချင်သူဖြစ်ပါတယ်။ ပိုက်ဆံကိုလည်း မဖြုန်းပဲ အနာဂတ်မှာ လိုအပ်ရင်သုံးဖို့ရန် စုထားလေ့ရှိပါတယ်။

၀၄. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း

သူကတော့ ပိုက်ဆံရှာတော်သလို ပိုက်ဆံသုံးတဲ့နေရာမှာလည်း ချက်ချင်းဆိုသလို သုံးတတ်တာကြောင့် လက်ထဲမှာ ပါမှကို မကျန်ပါ။

၀၅. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း

လက်ရှိအလုပ်ထက်စာရင် အိမ်အလုပ်က ပိုပြီး ပိုက်ဆံရနေသူဖြစ်ပါလိမ့်မယ်။

၀၆. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း

ဘဝရည်မှန်းချက်က မြင့်မားပြီး ကိုယ့်ဘဝတိုးတက်ဖို့ရန် အမြဲကြိုးစားနေသူဖြစ်တာကြောင့် အနာဂတ်မှာ သူဌေးဖြစ်မည့်သူပါ။

၀၇. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း

သူငယ်ချင်းအပေါင်းအသင်းများတာကြောင့် ပိုက်ဆံရမယ့်လမ်းကြောင်းကို အမြဲသိမြင်နေသူပါ။

၀၈.ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း

အမြဲသွားလာလှုပ်ရှားနေသူဖြစ်တာကြောင့် ပိုက်ဆံအနံ့ကိုခံပြီး ရအောင်ယူတတ်သူပါ။

၀၉.ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း

ကိုယ်တိုင်ကြိုးစားလာတဲ့ကိစ္စလေးတစ်ခုက သူဌေးတွေက သဘောကျပြီး မြေတောင်မြောက်ပေးပါလိမ့်မယ်။

၁၀.မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း

ဒါအလုပ်က ပိုက်ဆံများများရမယ်ဆိုရင် ချက်ချင်းဆိုသလို သွားလုပ်လေ့ရှိပြီး ဘာကို မှ မစဉ်းစားပါ။ ဒါကြောင့် ဆုံးရှုံးမှုတွေများပါလိမ့်မယ်။

၁၁.ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း

ပိုက်ဆံထက်စာရင် ကောင်းသော မိတ်ဆွေအပေါင်းအသင်းတွေနဲ့သာ အတူတူရှိနေရင် သူ့အတွက် လုံလောက်ပါပြီ။

၁၂.မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း

ပိုက်ဆံရှာရတာကို သူ့အနေနဲ့ စိတ်မပါ။ ပိုက်ဆံမရှိလဲ ပျော်ပါတယ်။

Credit : Lwin Pyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top