iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္က်န္းမာေရးအတြက္ ဂ႐ုစုိက္ၾကေပမယ့္ လက္သည္း က်န္းမာေရးကိုေတာ့ ဂ႐ုထားၾက သူအနည္းအက်ဥ္းသာရွိတယ္လုိ႔ ဆိုရမွာပါ။ လက္သည္းေလးေတြ ႏူးညံ့၊ ေခ်ာေမြ႕ၿပီး အၿမဲလုိလုိသန္႔ သန္႔ရွင္းရွင္းရွိေနဖို႔ Spa ေတြ သြားစရာမလိုဘဲ အိမ္မွာပဲ လြယ္လြယ္ကူကူနဲ႔ လုပ္ႏုိင္တာေလးကို ေဖာ္ျပေပးလုိက္ပါတယ္။

ဆုိင္ေတြမွာ ေစ်းႀကီးေပးၿပီး  လုပ္ေဆာင္ေနၾကတဲ့ ဆီေႏြးေႏြး ေလးနဲ႔ လက္သည္းသန္႔စင္တာကို အခ်ိန္၊ ေငြေၾကးအကုန္အက် သက္သက္သာသာ လုပ္ခ်င္တယ္ ဆုိရင္ေတာ့ ေနၾကာဆီ၊ ၾကက္ဆူ ဆီ၊ အယ္လ္မြန္ဆီ၊ ဗီတာမင္အီး အဆီ၊ သံလြင္ဆီ၊ လက္ဖက္ပင္ ဆီ၊ ဗီတာမင္အီးေဆးလုံးေတြ လို အပ္ပါတယ္။

အထက္ပါ ဆီေတြအကုန္ လုံးကိုေရာစပ္၊ ဗီတာမင္အီးေဆး လုံးေတြကို ေဖာက္ထည့္ၿပီး ၃၀ စကၠန္႔ေလာက္ အပူေပးပါ။ ဆီခပ္ ေႏြးေႏြးအေနအထားေလးရၿပီဆုိ ရင္ ဆီထဲကိုလက္သည္းေတြ ႏွစ္ ထားၿပီး ဆီေအးသြားတဲ့အထိ စိမ္ ထားပါ။ ထပ္စိမ္ခ်င္ေသးတယ္ဆုိ ရင္ ဆီကိုအပူျပန္ေပးၿပီး လုပ္ ေဆာင္ႏုိင္ပါတယ္။ ၿပီးရင္ေတာ့ ေအးသြားတဲ့ဆီနဲ႔ လက္ေတြကို သုတ္လိမ္းၿပီး ညင္သာစြာႏွိပ္နယ္ ေပးပါ။ အားလုံးၿပီးသြားၿပီဆုိရင္ ေရနဲ႔ပဲလက္ကိုေဆးၿပီး အ၀တ္ သန္႔နဲ႔ ေျခာက္ေအာင္လုပ္ၿပီးရင္ ေတာ့ ဆီေႏြးနဲ႔လက္သည္းသန္႔စင္ တာ ၿပီးဆုံးၿပီ ျဖစ္ပါတယ္။

အိမ္ရာမ၀င္ခင္မွာ ဒီလုိမ်ဳိး တစ္ပတ္ႏွစ္ႀကိမ္လုပ္ေပးႏုိင္ပါ တယ္။ တစ္ခုသတိထားရမွာက လက္ကိုႏွိပ္နယ္ၿပီး ေျခာက္ေသြ႕ ေအာင္လုပ္ၿပီးရင္ အသားအေရ စိုေျပေနေစဖုိ႔ လိုးရွင္းတစ္ခုခု လိမ္းဖို႔ပါပဲ။

ဒီလိုလုပ္ေပးျခင္းျဖင့္ လက္ သည္းက်န္းမာေရးကို ေထာက္ကူ သလို အဲဒီဆီနဲ႔ အေရျပားအႏွံ႔ သုတ္လိမ္းေပးရင္လည္း ေသြး လည္ပတ္မႈေကာင္းေစတဲ့အျပင္ အေရျပားက်န္းမာေရးအတြက္ပါ ေကာင္းက်ဳိးျပဳပါတယ္။

Credit: 7Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဂရုစိုက်ကြပေမယ့် လက်သည်း ကျန်းမာရေးကိုတော့ ဂရုထားကြ သူအနည်းအကျဉ်းသာရှိတယ်လို့ ဆိုရမှာပါ။ လက်သည်းလေးတွေ နူးညံ့၊ ချောမွေ့ပြီး အမြဲလိုလိုသန့် သန့်ရှင်းရှင်းရှိနေဖို့ Spa တွေ သွားစရာမလိုဘဲ အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ လုပ်နိုင်တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

ဆိုင်တွေမှာ ဈေးကြီးပေးပြီး  လုပ်ဆောင်နေကြတဲ့ ဆီနွေးနွေး လေးနဲ့ လက်သည်းသန့်စင်တာကို အချိန်၊ ငွေကြေးအကုန်အကျ သက်သက်သာသာ လုပ်ချင်တယ် ဆိုရင်တော့ နေကြာဆီ၊ ကြက်ဆူ ဆီ၊ အယ်လ်မွန်ဆီ၊ ဗီတာမင်အီး အဆီ၊ သံလွင်ဆီ၊ လက်ဖက်ပင် ဆီ၊ ဗီတာမင်အီးဆေးလုံးတွေ လို အပ်ပါတယ်။

အထက်ပါ ဆီတွေအကုန် လုံးကိုရောစပ်၊ ဗီတာမင်အီးဆေး လုံးတွေကို ဖောက်ထည့်ပြီး ၃၀ စက္ကန့်လောက် အပူပေးပါ။ ဆီခပ် နွေးနွေးအနေအထားလေးရပြီဆို ရင် ဆီထဲကိုလက်သည်းတွေ နှစ် ထားပြီး ဆီအေးသွားတဲ့အထိ စိမ် ထားပါ။ ထပ်စိမ်ချင်သေးတယ်ဆို ရင် ဆီကိုအပူပြန်ပေးပြီး လုပ် ဆောင်နိုင်ပါတယ်။ ပြီးရင်တော့ အေးသွားတဲ့ဆီနဲ့ လက်တွေကို သုတ်လိမ်းပြီး ညင်သာစွာနှိပ်နယ် ပေးပါ။ အားလုံးပြီးသွားပြီဆိုရင် ရေနဲ့ပဲလက်ကိုဆေးပြီး အဝတ် သန့်နဲ့ ခြောက်အောင်လုပ်ပြီးရင် တော့ ဆီနွေးနဲ့လက်သည်းသန့်စင် တာ ပြီးဆုံးပြီ ဖြစ်ပါတယ်။

အိမ်ရာမဝင်ခင်မှာ ဒီလိုမျိုး တစ်ပတ်နှစ်ကြိမ်လုပ်ပေးနိုင်ပါ တယ်။ တစ်ခုသတိထားရမှာက လက်ကိုနှိပ်နယ်ပြီး ခြောက်သွေ့ အောင်လုပ်ပြီးရင် အသားအရေ စိုပြေနေစေဖို့ လိုးရှင်းတစ်ခုခု လိမ်းဖို့ပါပဲ။

ဒီလိုလုပ်ပေးခြင်းဖြင့် လက် သည်းကျန်းမာရေးကို ထောက်ကူ သလို အဲဒီဆီနဲ့ အရေပြားအနှံ့ သုတ်လိမ်းပေးရင်လည်း သွေး လည်ပတ်မှုကောင်းစေတဲ့အပြင် အရေပြားကျန်းမာရေးအတွက်ပါ ကောင်းကျိုးပြုပါတယ်။

Credit: 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top