iMyanmarHouse.com - Best Property Website for Myanmar
×

ကားေမာင္းတဲ့အခါ ကားေရွ႕မ်က္ႏွာစာ မွန္ခ်ပ္ႀကီးက ခရမ္းလြန္ေရာင္ျခည္ေတြကို အကာအကြယ္ေပးႏိုင္မယ္ဆိုေပမယ့္ ေဘးဘက္မွန္တံခါးေတြကေတာ့ အကာကြယ္ေပးႏိုင္တယ္ဆိုတာ မဟုတ္ဘူးလို႔ ေလ့လာခ်က္အသစ္ေတြအရ သိရပါတယ္။

ပညာရွင္ေတြဟာ ခရမ္းလြန္ေရာင္ျခည္ ေအ အမ်ိဳးအစား တိုက္ရုိက္ထိေတြ႔မႈဟာ အေရျပားကင္ဆာေတြ ျဖစ္ပြားေစႏိုင္ေၾကာင္း ေလ့လာသိရွိၿပီးသားျဖစ္ပါတယ္။

ေန႔စဥ္ အခ်ိန္မ်ားစြာ ကားေမာင္းႏွင္ေနရတဲ့ သူေတြအတြက္ ကားေတြဟာ ေနေရာင္ဒဏ္ဘယ္ေလာက္ ကာကြယ္ေပးႏိုင္သလဲဆိုတာကို ထပ္မံေလ့လာခဲ့ၾကတာျဖစ္ပါတယ္။

၁၉၉၀ နဲ႔ ၂၀၁၄ ခုႏွစ္ၾကား ထုတ္လုပ္ထားတဲ့ ကားေတြရဲ႕ ေဘးဘက္မွန္တံခါးေတြနဲ႔ ေနာက္မွန္တံခါးေတြေပၚ ခရမ္းလြန္ေရာင္ျခည္ ေအအမ်ိဳးအစား က်ေရာက္တဲ့ႏႈန္းကို Beverly Hills ရွိ Boxer Wachler Vision Institute မွ Dr. Brian Boxer Wachler က တိုင္းတာမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေလ့လာခ်က္အရ ကားေရွ႕ေလကာမွန္က ခရမ္းလြန္ေရာင္ျခည္ကို ပ်မ္းမွ် ၆၅ ရာခိုင္ႏႈန္း ကာကြယ္ေပးႏိုင္ေပမယ့္ ေဘးဘက္မွန္တံခါးေတြကေတာ့ ၇၁ ရာခိုင္ႏႈန္းသာ ကာကြယ္ေပးႏိုင္ပါသတဲ့။

အားလံုးၿခံဳလိုက္ရင္ ကားေတြဟာ ေဘးဘက္မွန္တံခါးေတြရဲ႕ ခရမ္းလြန္ေရာင္ျခည္ကာကြယ္ႏႈန္းဟာ ၁၄ ရာခိုင္ႏႈန္းခန္႔သာ ရွိပါတယ္။
ဒါေၾကာင့္ ကားေမာင္းတဲ့အခါမွာလည္း ေနေရာင္ဒဏ္ကို အကာအကြယ္ေပးႏိုင္မယ့္ လိုးရွင္း၊ အ၀တ္အစားမ်ားကို ၀တ္ဆင္ဖို႔ လိုအပ္ပါတယ္။ ကားေမာင္းသူေတြအေနနဲ့ ခရမ္းလြန္ေရာင္ျခည္ကို ၉၉ ရာခိုင္ႏႈန္း ကာကြယ္ေပးႏိုင္ေအာင္ အထူးျပဳလုပ္ထားတဲ့ ကားမွန္ကာ Tint အမ်ိဳးအစားပစၥည္းေတြကို ေရြးခ်ယ္၀ယ္ယူသင့္ပါတယ္။

Credit:Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကားမောင်းတဲ့အခါ ကားရှေ့မျက်နှာစာ မှန်ချပ်ကြီးက ခရမ်းလွန်ရောင်ခြည်တွေကို အကာအကွယ်ပေးနိုင်မယ်ဆိုပေမယ့် ဘေးဘက်မှန်တံခါးတွေကတော့ အကာကွယ်ပေးနိုင်တယ်ဆိုတာ မဟုတ်ဘူးလို့ လေ့လာချက်အသစ်တွေအရ သိရပါတယ်။

ပညာရှင်တွေဟာ ခရမ်းလွန်ရောင်ခြည် အေ အမျိုးအစား တိုက်ရိုက်ထိတွေ့မှုဟာ အရေပြားကင်ဆာတွေ ဖြစ်ပွားစေနိုင်ကြောင်း လေ့လာသိရှိပြီးသားဖြစ်ပါတယ်။

နေ့စဉ် အချိန်များစွာ ကားမောင်းနှင်နေရတဲ့ သူတွေအတွက် ကားတွေဟာ နေရောင်ဒဏ်ဘယ်လောက် ကာကွယ်ပေးနိုင်သလဲဆိုတာကို ထပ်မံလေ့လာခဲ့ကြတာဖြစ်ပါတယ်။

၁၉၉၀ နဲ့ ၂၀၁၄ ခုနှစ်ကြား ထုတ်လုပ်ထားတဲ့ ကားတွေရဲ့ ဘေးဘက်မှန်တံခါးတွေနဲ့ နောက်မှန်တံခါးတွေပေါ် ခရမ်းလွန်ရောင်ခြည် အေအမျိုးအစား ကျရောက်တဲ့နှုန်းကို Beverly Hills ရှိ Boxer Wachler Vision Institute မှ Dr. Brian Boxer Wachler က တိုင်းတာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လေ့လာချက်အရ ကားရှေ့လေကာမှန်က ခရမ်းလွန်ရောင်ခြည်ကို ပျမ်းမျှ ၆၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပေမယ့် ဘေးဘက်မှန်တံခါးတွေကတော့ ၇၁ ရာခိုင်နှုန်းသာ ကာကွယ်ပေးနိုင်ပါသတဲ့။

အားလုံးခြုံလိုက်ရင် ကားတွေဟာ ဘေးဘက်မှန်တံခါးတွေရဲ့ ခရမ်းလွန်ရောင်ခြည်ကာကွယ်နှုန်းဟာ ၁၄ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။
ဒါကြောင့် ကားမောင်းတဲ့အခါမှာလည်း နေရောင်ဒဏ်ကို အကာအကွယ်ပေးနိုင်မယ့် လိုးရှင်း၊ အဝတ်အစားများကို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ကားမောင်းသူတွေအနေနဲ့ ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်အောင် အထူးပြုလုပ်ထားတဲ့ ကားမှန်ကာ Tint အမျိုးအစားပစ္စည်းတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Credit:Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top