iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္ မိုးမိုးနဲ႕ တရားဝင္ကြာ႐ွင္းရန္ ဇနီးျဖစ္သူ မျဖဴသီမ်ဳိးလြင္ရဲ႕ တရား႐ံုးမွာ ဦးတုိက္ေလွ်ာက္ထားမႈကုိ ၾသဂုတ္လ (၂၃) ရက္ေန႕က မျဖဴသီမ်ဳိးလြင္အား အႏိုင္ဒီဂရီေပးလုိက္ၿပီး တရားဝင္ ကြာ႐ွင္းခြင့္ရရွိသြားၿပီလို႕ သိရပါတယ္။ လြန္ခဲ့တဲ့ (၃)ႏွစ္ေလာက္ကတည္းက အိမ္ေထာင္ေရးျပႆ နာေတြေၾကာင့္ တရားရံုးမွာ မိုးမိုးရဲ႕ ဇနီးသည္ဟာ ကြာရွင္းခြင့္ ေတာင္းခံခဲ့ပါတယ္။

ကြာရွင္းဖို႕ ကိစၥကို အဆင့္ဆင့္ တရားရင္ဆိုင္ခဲ့ၿပီးေနာက္ မေန႔ (ၾသဂုတ္လ ၂၃ ရက္)  က တရားရံုးက ခ်မွတ္တဲ့ အႏိုင္ဒီဂရီကို မျဖဴသီမ်ဳိးလြင္က ရ႐ွိခဲ့ေၾကာင္း သူမရဲ႕ေဖ့စ္ဘြတ္ေပၚမွာ ေရးထားပါတယ္။

"အိမ္ေထာင္ေရး ေဖာက္ျပန္ေနတဲ့ ေယာက္်ားကို ဆက္ၿပီး မေပါင္းႏိုင္ေတာ့တဲ့ အတြက္ လြန္ခဲ့တဲ့ ၃ႏွစ္က ကြာ႐ွင္းခြင့္ေတာင္းခဲ့တယ္။ ကြာ႐ွင္းမေပးတဲ့ အတြက္ အေ႐ွ႕ပိုင္းခ႐ိုင္ တရားရံုးခ်ဳပ္ကေန ကြာ႐ွင္းလိုမႈကို ဦးတိုက္ေလွ်ာက္ခဲ့ၿပီး တရားရင္ဆိုင္လာတာ ဒီေန႔ေတာ့ အမွန္တရားအတိုင္း ၿပီးဆံုးသြားခဲ့ၿပီ" လို႔ မျဖဴသီမ်ဳိးလြင္က သူမရဲ႕ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

ထိုကဲ့သို႔ေရးသားထားျခင္းအေပၚ ေတးသံရွင္ မိုးမိုးမွ သူ၏ ေဖ့စ္ဘုတ္အေကာင့္တြင္ ယခုလိုပဲျပန္လည္ေရးသားထားပါတယ္ ။

" ဒီေန႔ တရားရံုးကအမိန္႔ခ်မွတ္ပါတယ္
ကြာ႐ွင္းခြင့္ေပါ့
ကြၽန္ေတာ္ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီးတခါမွမေရးခဲ့ဖူးပါဘူး
သူ႔ဘက္က စြဲခ်က္အကုန္ ပယ္ခံရပါတယ္။စြတ္စြဲခ်က္တစ္ခုမွ မေျမာက္ပါဘူး
ဒါေပမယ့္ ဆက္ေပါင္းဖို႔ လံုးဝမျဖစ္ႏိုင္ေတာ့တဲ့အတြက္ လြန္ခဲ့တဲ့လအနည္းငယ္ကတည္းက
အမႈကို ႐ုတ္သိမ္းၿပီး လက္မွတ္ထိုးဖို႔ေတာင္းဆိုခဲ့ပါတယ္။ကေလးေတြကိုေတြ႕ခြင့္ေတာင္းခဲ့ပါတယ္။(အခုထိေတြ႔ခြင့္မေပးပါ)ဘာျပန္ေျပာလဲဆိုေတာ့
၁။ကေလးတစ္ေယာက္အတြက္ သိန္း၁ေထာင္ ႏွစ္ေယာက္အတြက္ သိန္း၂ေထာင္
ေတာင္းပါတယ္။
၂။ပိုင္ဆိုင္တဲ့ ကားကိုလဲေတာင္းပါတယ္(ကားက စုစုေပါင္း မွ ၁ စီးပဲ႐ွိတာပါ ဒါေတာင္ သူကယူသြားၿပီးေရာင္းစားၿပီးပါၿပီ)
၃။ပိုင္ဆိုင္တဲ့ေျမကြက္ ေတြ တစ္ဝက္ေတာင္းပါတယ္။(အမွန္က သားေတြအတြက္ဥထားတဲ့ ေျမကြက္တစ္ကြက္ပဲ႐ွိတာပါ)
စဥ္းစားသာၾကည့္ပါ။ေတာင္းခ်က္ေတြက..ကြၽန္ေတာ့္မွာဘယ္လိုလုပ္႐ွိမွာလဲ..
သိန္း၂ေထာင္တဲ့၊ကားကလဲသူေရာင္းစားၿပီးၿပီ
ဆက္ေပါင္းေနရင္လဲ အဆင္မေျပတဲ့အေၾကာင္းေတြကေတာ့
ကြၽန္ေတာ္က ႐ွာမေကြၽးဘူးဆိုၿပီး လိုက္ဖြတယ္။အမွန္က ရသမ်ွအကုန္အပ္ခဲ့တာပါ စာရင္းစာအုပ္အတိအက်႐ွိပါတယ္
သူ႔လက္ေရးနဲ႔မွတ္ထားတဲ့စာအုပ္ပါ တစ္လဝင္ေငြ ၁၆သိန္း မွ သိန္း၅၀ ခန္႔႐ွိပါတယ္ (တျပားမွသူ မစုမိပါ အကုန္သံုးပါတယ္ ကေလးႏွစ္ေယာက္အတြက္ ေန႔ည နတ္စ္မ ငွါးတာကိုက ၂ ႏွစ္နီးပါးပါ)
အဲဒီစာအုပ္သက္ေသျပန္ဖ်က္ေပးဖို႔ ,ဖ်က္မေပးရင္ ကြၽန္ေတာ္တို႔မိသားစု အားနည္းခ်က္ကို ျဖည္ခ်လိုက္မယ္လို႔ ၿခိမ္းေျခာက္ပါေသးတယ္။ဒါေပမယ့္ မ ဖ်က္ေပးခဲ့ပါဘူး ရေအာင္တင္ခဲ့ပါတယ္။ဒါေၾကာင့္လဲ အဲဒီစြဲခ်က္ ပယ္ခံရပါတယ္
ၿပီးေတာ့ ကြၽန္ေတာ္ကႏွိပ္စက္သတဲ့ သူခက္ရင္းနဲ႔ထိုးလိုက္လို႔ ကြၽန္ေတာ့္မ်က္လံုးတဖက္ထိခိုက္ရတာသာ႐ွိပါတယ္။
သူ႔ေဒါသနဲ႔ သူ လက္က်ိဴးတာတို႔ လက္ခ်ဳပ္ရတာကိုလဲ ကြၽန္ေတာ့္ေၾကာင့္ လို႔ေျပာပါတယ္။
ယုတ္စြအဆံုး အိမ္ေထာင္သက္တမ္းတေလ်ွာက္ လင္မယားခန္းမွာ သူက လံုးဝစိတ္မပါခဲ့ပါဘူးဆိုၿပီးလိုက္ေျပာတယ္။
႐ွာသမ်ွ ပိုက္ဆံအကုန္သံုးျဖဳန္း အိမ္ေထာင့္တာဝန္မထိန္းသိမ္းတဲ့အျပင္ ကိုယ့္လင္သားကို လူၾကားထဲအ႐ွက္တကြဲျဖစ္ေအာင္ လုပ္ေနတဲ့မိန္းမကိုလဲ ဆက္ေပါင္းဖို႔ အစီအစဥ္မ႐ွိေတာ့ပါဘူး။
ကေလးကိစၥေနာက္မွ ဆက္ေဆာင္ရြက္မယ္ဆိုၿပီး အမႈအ႐ွံုးခံဖို႔ဆံုးျဖတ္ပါတယ္။
တစ္ေယာက္တည္း ႐ွိေတာ့တဲ့ အေမကိုလဲ အိမ္ခဲြေနခိုင္းတာေတြ၊အိမ္ေပၚက အေၾကာင္းမ႐ွိအေၾကာင္း႐ွာ အႀကိမ္ႀကိမ္ဆင္းသြား တာေတြ ၊ဘာျဖစ္လို႔ဆင္းတာလဲေသခ်ာေမးေတာ့မွ အိမ္မွာ သရဲ႐ွိလို႔ မေနခ်င္လို႔ဆိုတာကပါေသးဗ် ဒါေတြဟာျဖစ္သင့္တဲ့ကိစၥေတြမဟုတ္ပါဘူး။ဒါေၾကာင့္ ကြဲဖို႔ဆံုးျဖတ္ခ်က္ခ်လိုက္တာပါ
ဒါေတာင္တရားသူႀကီးက အမိန္႔ခ်မွတ္ရာမွာ
ဇနီးသည္အားႏွိပ္စက္တယ္ဆိုတာ မခိုင္လံုသျဖင့္ ပယ္***
႐ွာမေကြၽးဘူးဆိုတာ မခိုင္လံုသျဖင့္ပယ္***
ကေလးေတြကို မေစာင့္ေ႐ွာက္ဘူးဆိုတာ မခိုင္လံုသျဖင့္ပယ္***
အေရးအႀကီးဆံုးကေတာ့ အိမ္ေထာင္ေရးေဖာက္ျပန္တယ္ဆိုတာလဲ
မခိုင္လံုသျဖင့္ ပယ္ပါတယ္။******
"တရားၿပိဳင္မွာဒီလိုရာဇဝင္မ႐ွိဘူး"လို႔ေတာင္ထည့္ေျပာပါတယ္
သို႔ေသာ္ ကြၽန္ေတာ့္ဘက္က အ႐ွံုးေပးထားသျဖင့္
သာမာန္အိမ္ေထာင္ေရးျပႆနာသာျဖစ္သျဖင့္ကြာ႐ွင္းခြင့္အားခြင့္ျပဳသည္ လို႔သာ အမိန္႔ခ်ပါတယ္။
အခ်ဳပ္အားျဖင့္ေျပာခ်င္တာက
ဆက္ေပါင္းဖို႔အစီအစဥ္မ႐ွိလို႔
ဒီမိန္းမ အခုႏိုင္သြားတာကို လက္မေထာင္ေနတာ
(တရားရံုးကေျပာၿပီးသား သူ႔ဟာသူ ဘယ္ေလာက္စြဲခ်က္တင္တင္
မွန္ေနဦးေတာ့ ကြၽန္ေတာ္ကြဲခြင့္မေပးရင္ ဘယ္လိုမွကြဲမရပါဘူး)
ေျပာခ်င္တာက ဒီေန႔ကစၿပီး
လူၾကားထဲ ေျပာခ်င္ရာေျပာဖို႔အခြင့္အေရး ကြၽန္ေတာ္သူ႔ကိုထပ္မေပးႏိုင္ပါ
အခု သူတင္ထားတဲ့postမွာ"အိမ္ေထာင္ေရးေဖာက္ျပန္သည့္ျပစ္မႈက်ဴးလြန္ေၾကာင္းသက္ေသထင္႐ွားသည္"
ဆုိသည္မွာလံုးဝလံုးဝ မဟုတ္ပါ။
ကြၽန္ေတာ္ေလ်ွာခ် လိုက္တဲ့အတြက္သာ ျဖစ္ေၾကာင္း အားလံုးကိုေျပာခ်င္ပါတယ္
ဒါေၾကာင့္ မဟုတ္မမွန္ အ႐ွက္ခြဲခဲ့တာ မ်ားပါၿပီ
ဒီတစ္ႀကိမ္ေတာ့ သည္းညဥ္း မခံႏိုင္ေတာ့ပါဘူး
Facebook ဥပေဒအရတရားစြဲဖို႔ ျပင္ဆင္ရပါေတာ့မယ္ "



Credit : Phothutaw,Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အဆိုတော် မိုးမိုးနဲ့ တရားဝင်ကွာရှင်းရန် ဇနီးဖြစ်သူ မဖြူသီမျိုးလွင်ရဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားမှုကို သြဂုတ်လ (၂၃) ရက်နေ့က မဖြူသီမျိုးလွင်အား အနိုင်ဒီဂရီပေးလိုက်ပြီး တရားဝင် ကွာရှင်းခွင့်ရရှိသွားပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက အိမ်ထောင်ရေးပြဿ နာတွေကြောင့် တရားရုံးမှာ မိုးမိုးရဲ့ ဇနီးသည်ဟာ ကွာရှင်းခွင့် တောင်းခံခဲ့ပါတယ်။

ကွာရှင်းဖို့ ကိစ္စကို အဆင့်ဆင့် တရားရင်ဆိုင်ခဲ့ပြီးနောက် မနေ့ (သြဂုတ်လ ၂၃ ရက်)  က တရားရုံးက ချမှတ်တဲ့ အနိုင်ဒီဂရီကို မဖြူသီမျိုးလွင်က ရရှိခဲ့ကြောင်း သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

"အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့ ယောက်ျားကို ဆက်ပြီး မပေါင်းနိုင်တော့တဲ့ အတွက် လွန်ခဲ့တဲ့ ၃နှစ်က ကွာရှင်းခွင့်တောင်းခဲ့တယ်။ ကွာရှင်းမပေးတဲ့ အတွက် အရှေ့ပိုင်းခရိုင် တရားရုံးချုပ်ကနေ ကွာရှင်းလိုမှုကို ဦးတိုက်လျှောက်ခဲ့ပြီး တရားရင်ဆိုင်လာတာ ဒီနေ့တော့ အမှန်တရားအတိုင်း ပြီးဆုံးသွားခဲ့ပြီ" လို့ မဖြူသီမျိုးလွင်က သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။



ထိုကဲ့သို့ရေးသားထားခြင်းအပေါ် တေးသံရှင် မိုးမိုးမှ သူ၏ ဖေ့စ်ဘုတ်အကောင့်တွင် ယခုလိုပဲပြန်လည်ရေးသားထားပါတယ် ။



" ဒီနေ့ တရားရုံးကအမိန့်ချမှတ်ပါတယ်
ကွာရှင်းခွင့်ပေါ့
ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတခါမှမရေးခဲ့ဖူးပါဘူး
သူ့ဘက်က စွဲချက်အကုန် ပယ်ခံရပါတယ်။စွတ်စွဲချက်တစ်ခုမှ မမြောက်ပါဘူး
ဒါပေမယ့် ဆက်ပေါင်းဖို့ လုံးဝမဖြစ်နိုင်တော့တဲ့အတွက် လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက
အမှုကို ရုတ်သိမ်းပြီး လက်မှတ်ထိုးဖို့တောင်းဆိုခဲ့ပါတယ်။ကလေးတွေကိုတွေ့ခွင့်တောင်းခဲ့ပါတယ်။(အခုထိတွေ့ခွင့်မပေးပါ)ဘာပြန်ပြောလဲဆိုတော့
၁။ကလေးတစ်ယောက်အတွက် သိန်း၁ထောင် နှစ်ယောက်အတွက် သိန်း၂ထောင်
တောင်းပါတယ်။
၂။ပိုင်ဆိုင်တဲ့ ကားကိုလဲတောင်းပါတယ်(ကားက စုစုပေါင်း မှ ၁ စီးပဲရှိတာပါ ဒါတောင် သူကယူသွားပြီးရောင်းစားပြီးပါပြီ)
၃။ပိုင်ဆိုင်တဲ့မြေကွက် တွေ တစ်ဝက်တောင်းပါတယ်။(အမှန်က သားတွေအတွက်ဥထားတဲ့ မြေကွက်တစ်ကွက်ပဲရှိတာပါ)
စဉ်းစားသာကြည့်ပါ။တောင်းချက်တွေက..ကျွန်တော့်မှာဘယ်လိုလုပ်ရှိမှာလဲ..
သိန်း၂ထောင်တဲ့၊ကားကလဲသူရောင်းစားပြီးပြီ
ဆက်ပေါင်းနေရင်လဲ အဆင်မပြေတဲ့အကြောင်းတွေကတော့
ကျွန်တော်က ရှာမကျွေးဘူးဆိုပြီး လိုက်ဖွတယ်။အမှန်က ရသမျှအကုန်အပ်ခဲ့တာပါ စာရင်းစာအုပ်အတိအကျရှိပါတယ်
သူ့လက်ရေးနဲ့မှတ်ထားတဲ့စာအုပ်ပါ တစ်လဝင်ငွေ ၁၆သိန်း မှ သိန်း၅၀ ခန့်ရှိပါတယ် (တပြားမှသူ မစုမိပါ အကုန်သုံးပါတယ် ကလေးနှစ်ယောက်အတွက် နေ့ည နတ်စ်မ ငှါးတာကိုက ၂ နှစ်နီးပါးပါ)
အဲဒီစာအုပ်သက်သေပြန်ဖျက်ပေးဖို့ ,ဖျက်မပေးရင် ကျွန်တော်တို့မိသားစု အားနည်းချက်ကို ဖြည်ချလိုက်မယ်လို့ ခြိမ်းခြောက်ပါသေးတယ်။ဒါပေမယ့် မ ဖျက်ပေးခဲ့ပါဘူး ရအောင်တင်ခဲ့ပါတယ်။ဒါကြောင့်လဲ အဲဒီစွဲချက် ပယ်ခံရပါတယ်
ပြီးတော့ ကျွန်တော်ကနှိပ်စက်သတဲ့ သူခက်ရင်းနဲ့ထိုးလိုက်လို့ ကျွန်တော့်မျက်လုံးတဖက်ထိခိုက်ရတာသာရှိပါတယ်။
သူ့ဒေါသနဲ့ သူ လက်ကျိူးတာတို့ လက်ချုပ်ရတာကိုလဲ ကျွန်တော့်ကြောင့် လို့ပြောပါတယ်။
ယုတ်စွအဆုံး အိမ်ထောင်သက်တမ်းတလျှောက် လင်မယားခန်းမှာ သူက လုံးဝစိတ်မပါခဲ့ပါဘူးဆိုပြီးလိုက်ပြောတယ်။
ရှာသမျှ ပိုက်ဆံအကုန်သုံးဖြုန်း အိမ်ထောင့်တာဝန်မထိန်းသိမ်းတဲ့အပြင် ကိုယ့်လင်သားကို လူကြားထဲအရှက်တကွဲဖြစ်အောင် လုပ်နေတဲ့မိန်းမကိုလဲ ဆက်ပေါင်းဖို့ အစီအစဉ်မရှိတော့ပါဘူး။
ကလေးကိစ္စနောက်မှ ဆက်ဆောင်ရွက်မယ်ဆိုပြီး အမှုအရှုံးခံဖို့ဆုံးဖြတ်ပါတယ်။
တစ်ယောက်တည်း ရှိတော့တဲ့ အမေကိုလဲ အိမ်ခွဲနေခိုင်းတာတွေ၊အိမ်ပေါ်က အကြောင်းမရှိအကြောင်းရှာ အကြိမ်ကြိမ်ဆင်းသွား တာတွေ ၊ဘာဖြစ်လို့ဆင်းတာလဲသေချာမေးတော့မှ အိမ်မှာ သရဲရှိလို့ မနေချင်လို့ဆိုတာကပါသေးဗျ ဒါတွေဟာဖြစ်သင့်တဲ့ကိစ္စတွေမဟုတ်ပါဘူး။ဒါကြောင့် ကွဲဖို့ဆုံးဖြတ်ချက်ချလိုက်တာပါ
ဒါတောင်တရားသူကြီးက အမိန့်ချမှတ်ရာမှာ
ဇနီးသည်အားနှိပ်စက်တယ်ဆိုတာ မခိုင်လုံသဖြင့် ပယ်***
ရှာမကျွေးဘူးဆိုတာ မခိုင်လုံသဖြင့်ပယ်***
ကလေးတွေကို မစောင့်ရှောက်ဘူးဆိုတာ မခိုင်လုံသဖြင့်ပယ်***
အရေးအကြီးဆုံးကတော့ အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတာလဲ
မခိုင်လုံသဖြင့် ပယ်ပါတယ်။******
"တရားပြိုင်မှာဒီလိုရာဇဝင်မရှိဘူး"လို့တောင်ထည့်ပြောပါတယ်
သို့သော် ကျွန်တော့်ဘက်က အရှံုးပေးထားသဖြင့်
သာမာန်အိမ်ထောင်ရေးပြဿနာသာဖြစ်သဖြင့်ကွာရှင်းခွင့်အားခွင့်ပြုသည် လို့သာ အမိန့်ချပါတယ်။
အချုပ်အားဖြင့်ပြောချင်တာက
ဆက်ပေါင်းဖို့အစီအစဉ်မရှိလို့
ဒီမိန်းမ အခုနိုင်သွားတာကို လက်မထောင်နေတာ
(တရားရုံးကပြောပြီးသား သူ့ဟာသူ ဘယ်လောက်စွဲချက်တင်တင်
မှန်နေဦးတော့ ကျွန်တော်ကွဲခွင့်မပေးရင် ဘယ်လိုမှကွဲမရပါဘူး)
ပြောချင်တာက ဒီနေ့ကစပြီး
လူကြားထဲ ပြောချင်ရာပြောဖို့အခွင့်အရေး ကျွန်တော်သူ့ကိုထပ်မပေးနိုင်ပါ
အခု သူတင်ထားတဲ့postမှာ"အိမ်ထောင်ရေးဖောက်ပြန်သည့်ပြစ်မှုကျူးလွန်ကြောင်းသက်သေထင်ရှားသည်"

ဆိုသည်မှာလုံးဝလုံးဝ မဟုတ်ပါ။
ကျွန်တော်လျှောချ လိုက်တဲ့အတွက်သာ ဖြစ်ကြောင်း အားလုံးကိုပြောချင်ပါတယ်
ဒါကြောင့် မဟုတ်မမှန် အရှက်ခွဲခဲ့တာ များပါပြီ
ဒီတစ်ကြိမ်တော့ သည်းညဉ်း မခံနိုင်တော့ပါဘူး
Facebook ဥပဒေအရတရားစွဲဖို့ ပြင်ဆင်ရပါတော့မယ် "

Credit : Phothutaw, Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top