iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Trend Myanmar



#Unicode Version

လက်ကိုင်အိတ်ကြိုးကနေ အတွင်းပါဝင်ပစ္စည်းနဲ့ အိတ်ရဲ့ အတွင်းဘက်အောက်ခြေအထိ မယုံနိုင်စရာကောင်းလောက်အောင် ညစ်ပတ်ရွံရှာဖွယ်ကောင်းပြီး ပုံမှန်သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ လက်ကိုင်အိတ် ၅ လုံးမှာ ၁ လုံးက အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါဝင်နေကြောင်း စစ်တမ်းလေ့လာမှုတစ်ခုအရ သိရပါတယ်။

ယင်းစစ်တမ်းအရ လက်ကိုင်ကြိုးတွေမှာ သာမန်အိမ်သာခွက်ထက် ဘက်တီးရီးယားပိုများပြီး ခရင်နဲ့ မိတ်ကပ်စတဲ့ အထဲက ပစ္စည်းတို့မှာ သာမန်အိမ်သာထိုင်ခုံထက် ဘက်တီးရီးယားပိုများတယ်လို့ ဆိုပါတယ်။ အိတ်ကို အမျိုးသမီးတွေ အိမ်သာကြမ်းပြင်မှာ ချထားလေ့ရှိတာကြောင့် အောက်ခြေက အညစ်ပတ်ဆုံးနေရာတွေ ဖြစ်ပါတယ်။

သားရေအိတ်အစစ်တွေဟာ အညစ်အကြေးနဲ့ ရောဂါပိုးတွေ စုပ်ယူရာမှာ ရေမြုပ်သဖွယ်ဖြစ်တာကြောင်း ဘက်တီးရီးယားအန္တရာယ် ပိုလို့တောင်များပါတယ်။ သားရေအိတ်၊ ပလတ်စတစ်အိတ်နဲ့ တခြားအိတ်အမာစားတွေအတွက် အနည်းဆုံး နေ့တိုင်း သို့မဟုတ် တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top