iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္မႈကိစၥေတြ ျပဳလုပ္ျခင္းဟာ ထင္မထားေလာက္ေအာင္ကို သင့္ရဲ႕က်န္းမာေရးအတြက္ ထိခိုက္ေစေၾကာင္း သုေတသန တစ္ခုက ေဖာ္ထုတ္လုိက္ပါတယ္။

ေနာ္ေဝမွာ ျပဳလုပ္ခဲ့တဲ့ ဒီစစ္တမ္းကို ေကာင္းမြန္သည့့္ဘဝအတြက္ လည္ေခ်ာင္းက်န္းမာေရးက႑အတြက္ ေလ့လာေနတဲ့ အဖြဲ႔က ျပဳလုပ္ခဲ့တာပါ။ စစ္တမ္းရလဒ္အရ အိမ္မႈကိစၥျပဳလုပ္သူေတြဟာ သာမန္လူေတြထက္ပိုၿပီး လည္ေခ်င္းနဲ႔ ပတ္သတ္တဲ့ ေရာဂါေတြ ခံစားရႏိုင္ေခ်ရွိေနတယ္ဆိုၿပီး ထြက္လာပါတယ္။

အေၾကာင္းကေတာ့ အိမ္မႈကိစၥျပဳလုပ္တဲ့အခါ အသံုးျပဳတဲ့ မွန္ၾကည္ေဆးရည္၊ ေလထုသန္႔စင္ေဆးရည္ စတာေတြအျပင္ ဓါတုနည္းလမ္းနဲ႔ ဖန္တီးထားတဲ့ အဲဒီေဆးရည္ေတြဟာ လည္ေခ်ာင္းက်န္းမာေရးကို ျပင္းျပင္းထန္ထန္ ထိခိုက္ေစလို႔ ျဖစ္ပါတယ္။ အသက္႐ႈရခက္ခက္တဲ့ေရာဂါေတြ ျဖစ္လာႏုိင္ေခ်ဟာ အိမ္မႈကိစၥလုပ္သူေတြမွာ မ်ားျပားေၾကာင္း ေတြ႔ရပါတယ္။ ဒါေတြတင္မဟုတ္ပဲ အမ်ိဳးမ်ိဳးေသာ ဓါတုပစၥည္းေတြနဲ႔ အညစ္အေၾကးေတြကတဆင့္ အေရျပား ေရာဂါေတြ၊ အဆုတ္ေရာဂါေတြပုိ ျဖစ္ႏုိင္ၾကပါေသးတယ္။

အသက္ ၂၀ အထက္ အမ်ိဳးသမီးေပါင္း ၅၀၀၀ ေက်ာ္ကို ေလ့လာခဲ့တာျဖစ္ၿပီး သန္႔ရွင္းေရးဝန္ထမ္းေတြက အျခားသူေတြထက္ ၁၇ ရာခိုင္ႏႈန္းေလာက္ အဲဒီေရာဂါေတြ ပိုျဖစ္ပြားၾကတာေတြ႔ရပါတယ္။

Credit : duwn

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အိမ်မှုကိစ္စတွေ ပြုလုပ်ခြင်းဟာ ထင်မထားလောက်အောင်ကို သင့်ရဲ့ကျန်းမာရေးအတွက် ထိခိုက်စေကြောင်း သုတေသန တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။

နော်ဝေမှာ ပြုလုပ်ခဲ့တဲ့ ဒီစစ်တမ်းကို ကောင်းမွန်သည့့်ဘဝအတွက် လည်ချောင်းကျန်းမာရေးကဏ္ဍအတွက် လေ့လာနေတဲ့ အဖွဲ့က ပြုလုပ်ခဲ့တာပါ။ စစ်တမ်းရလဒ်အရ အိမ်မှုကိစ္စပြုလုပ်သူတွေဟာ သာမန်လူတွေထက်ပိုပြီး လည်ချေင်းနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ခံစားရနိုင်ချေရှိနေတယ်ဆိုပြီး ထွက်လာပါတယ်။

အကြောင်းကတော့ အိမ်မှုကိစ္စပြုလုပ်တဲ့အခါ အသုံးပြုတဲ့ မှန်ကြည်ဆေးရည်၊ လေထုသန့်စင်ဆေးရည် စတာတွေအပြင် ဓါတုနည်းလမ်းနဲ့ ဖန်တီးထားတဲ့ အဲဒီဆေးရည်တွေဟာ လည်ချောင်းကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေလို့ ဖြစ်ပါတယ်။ အသက်ရှုရခက်ခက်တဲ့ရောဂါတွေ ဖြစ်လာနိုင်ချေဟာ အိမ်မှုကိစ္စလုပ်သူတွေမှာ များပြားကြောင်း တွေ့ရပါတယ်။ ဒါတွေတင်မဟုတ်ပဲ အမျိုးမျိုးသော ဓါတုပစ္စည်းတွေနဲ့ အညစ်အကြေးတွေကတဆင့် အရေပြား ရောဂါတွေ၊ အဆုတ်ရောဂါတွေပို ဖြစ်နိုင်ကြပါသေးတယ်။

အသက် ၂၀ အထက် အမျိုးသမီးပေါင်း ၅၀၀၀ ကျော်ကို လေ့လာခဲ့တာဖြစ်ပြီး သန့်ရှင်းရေးဝန်ထမ်းတွေက အခြားသူတွေထက် ၁၇ ရာခိုင်နှုန်းလောက် အဲဒီရောဂါတွေ ပိုဖြစ်ပွားကြတာတွေ့ရပါတယ်။

Credit : duwn

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top