iMyanmarHouse.com - Best Property Website for Myanmar
×

လွေပမယ့္ မိမိေျခေထာက္နဲ႔ အဆင္မေျပတဲ့ ရွဴးဖိနပ္ေတြက ကိုယ့္ကို အျပင္းအထန္ဒုကၡေပးတဲ့ အရာတစ္ခု ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ဒါကို အမ်ားစု အာရုံမစုိက္ၾကပါဘူး။ မိမိစီးေနတဲ့ ရႈိးဖိနပ္က ကုိယ္နဲ႔တကယ္သင့္ေတာ္တဲ့ ရွဴးဖိနပ္ဟုတ္မဟုတ္ သိသူ အရမ္းနည္းပါတယ္။ အမ်ဳိးသမီး  ၉၀ ရာခုိင္ႏႈန္းဟာ အလြန္ေသးငယ္တဲ့ ရွဴးဖိနပ္ေတြ စီးေနၾကေၾကာင္း သုေတသီေတြက ေလ့လာမႈေတြကတစ္ဆင့္ သက္ေသျပခဲ့ပါတယ္။

သင့္ေတာ္မွန္ကန္တဲ့ ရွဴးဖိနပ္ျဖစ္မျဖစ္ဘယ္လုိ သိရမလဲ

၁။ ေျခေခ်ာင္းေတြနဲ႔ ရွဴးဖိနပ္ထိပ္ ထိမိျခင္း

ေျခေခ်ာင္းနဲ႔ ရွဴးဖိနပ္ထိပ္ႏွစ္ခုၾကား အနည္းဆုံး မီလီမီတာအနည္းငယ္ ေနရာလြတ္ရိွဖုိ႔ လုိအပ္ပါတယ္။ ေျခေခ်ာင္းေတြ လႈပ္ရွားဖုိ႔ ေနရာလြတ္ ရိွရပါမယ္။

၂။ အရည္ၾကည္ဖုျဖစ္ျခင္း

ရွဴးဖိနပ္က အရည္ၾကည္ဖုေတြ ျဖစ္ေစျပီး  က်ိန္းစပ္ေစပါတယ္။ ရွဴးဖိနပ္က အေရျပားကို မာေတာင့္ေစႏုိင္ျပီး အရည္ၾကည္ဖု သုိ႔မဟုတ္ အေရျပားဆဲလ္ေသေတြ မၾကာခဏ ျဖစ္ေပၚေစပါတယ္။

၃။ တစ္ေန႔တာျပီးဆုံးခ်ိန္မွာ ေျခေထာက္ တဆစ္ဆစ္နာက်င္ကိုက္ခဲျခင္း

ရွဴးဖိနပ္ အရမ္းေသးေနျပီး ေျခေထာက္ကို ဖ်စ္ညွစ္ေနရင္ မနာဘဲ မေနပါဘူး။ ရွဴးဖိနပ္ၾကီးတာက အလားတူ အႏၱရာယ္ရိွပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေျခလွမ္းေတြ တုိေစတယ္၊ ၾကြက္သားေတြ ထြန္႔ထြန္႔လူးေစျပီး မားမားရပ္ဖုိ႔ မနည္းၾကိဳးစားရလို႔ ျဖစ္ပါတယ္။

၄။ ရွဴးဖိနပ္ျပဲျခင္း

ရွဴးဖိနပ္သိမ္းထားႏုိင္တဲ့ သက္တမ္းကို သိထားသင့္ပါတယ္။ တစ္ပတ္ ၁၅ မုိင္ႏႈန္း လမ္းေလွ်ာက္မယ္ဆုိပါက ရွဴးဖိနပ္ဟာ ၉လ ကေန ၁၂ လထိ ခံပါလိမ့္မယ္။ တစ္ပတ္ ၁၅ မုိင္ထက္ေက်ာ္ေျပးပါက ၄လ ကေန ၆လ ေလာက္ဆုိရင္ ျပတ္ပါလိမ့္မယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လှပေမယ့် မိမိခြေထောက်နဲ့ အဆင်မပြေတဲ့ ရှူးဖိနပ်တွေက ကိုယ့်ကို အပြင်းအထန်ဒုက္ခပေးတဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါကို အများစု အာရုံမစိုက်ကြပါဘူး။ မိမိစီးနေတဲ့ ရှိုးဖိနပ်က ကိုယ်နဲ့တကယ်သင့်တော်တဲ့ ရှူးဖိနပ်ဟုတ်မဟုတ် သိသူ အရမ်းနည်းပါတယ်။ အမျိုးသမီး  ၉၀ ရာခိုင်နှုန်းဟာ အလွန်သေးငယ်တဲ့ ရှူးဖိနပ်တွေ စီးနေကြကြောင်း သုတေသီတွေက လေ့လာမှုတွေကတစ်ဆင့် သက်သေပြခဲ့ပါတယ်။

သင့်တော်မှန်ကန်တဲ့ ရှူးဖိနပ်ဖြစ်မဖြစ်ဘယ်လို သိရမလဲ

၁။ ခြေချောင်းတွေနဲ့ ရှူးဖိနပ်ထိပ် ထိမိခြင်း

ခြေချောင်းနဲ့ ရှူးဖိနပ်ထိပ်နှစ်ခုကြား အနည်းဆုံး မီလီမီတာအနည်းငယ် နေရာလွတ်ရှိဖို့ လိုအပ်ပါတယ်။ ခြေချောင်းတွေ လှုပ်ရှားဖို့ နေရာလွတ် ရှိရပါမယ်။

၂။ အရည်ကြည်ဖုဖြစ်ခြင်း

ရှူးဖိနပ်က အရည်ကြည်ဖုတွေ ဖြစ်စေပြီး  ကျိန်းစပ်စေပါတယ်။ ရှူးဖိနပ်က အရေပြားကို မာတောင့်စေနိုင်ပြီး အရည်ကြည်ဖု သို့မဟုတ် အရေပြားဆဲလ်သေတွေ မကြာခဏ ဖြစ်ပေါ်စေပါတယ်။

၃။ တစ်နေ့တာပြီးဆုံးချိန်မှာ ခြေထောက် တဆစ်ဆစ်နာကျင်ကိုက်ခဲခြင်း

ရှူးဖိနပ် အရမ်းသေးနေပြီး ခြေထောက်ကို ဖျစ်ညှစ်နေရင် မနာဘဲ မနေပါဘူး။ ရှူးဖိနပ်ကြီးတာက အလားတူ အန္တရာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြေလှမ်းတွေ တိုစေတယ်၊ ကြွက်သားတွေ ထွန့်ထွန့်လူးစေပြီး မားမားရပ်ဖို့ မနည်းကြိုးစားရလို့ ဖြစ်ပါတယ်။

၄။ ရှူးဖိနပ်ပြဲခြင်း

ရှူးဖိနပ်သိမ်းထားနိုင်တဲ့ သက်တမ်းကို သိထားသင့်ပါတယ်။ တစ်ပတ် ၁၅ မိုင်နှုန်း လမ်းလျှောက်မယ်ဆိုပါက ရှူးဖိနပ်ဟာ ၉လ ကနေ ၁၂ လထိ ခံပါလိမ့်မယ်။ တစ်ပတ် ၁၅ မိုင်ထက်ကျော်ပြေးပါက ၄လ ကနေ ၆လ လောက်ဆိုရင် ပြတ်ပါလိမ့်မယ်။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top