iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အၾကိဳက္ဆုံး ညအိပ္ရာဝင္ခါနီးေသာက္ဖြယ္က ဘာလဲ။ ဝိုင္တစ္ခြက္လား။ ေကာ္ဖီေလးတစ္ခြက္လား။ ဒါမွမဟုတ္ လက္ဖက္ရည္ပူပူေလးတစ္ခြက္လား။ သင္ေရြးခ်ယ္လုိက္တဲ့ အေဖ်ာ္ယမကာဟာ သင့္က်န္းမာေရးနဲ႔ အိပ္စက္မႈပုံစံအေပၚ တုိက္ရုိက္ အက်ဳိးသက္ေရာက္မႈရွိတာကိုေရာ သင္ သိပါသလား။ ေရြးခ်ယ္ရမယ့္ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ေရြးခ်ယ္စရာတခ်ဳိ႕ကေတာ့…

Cocoa
အမ်ားစုက ဒါကုိ အေကာင္းဆုံးညအိပ္ခါနီး ေသာက္ဖြယ္လုိ႔ ယူဆၾကပါတယ္။ ေသခ်ာေလွာ္ထားတဲ့ cocoa ပဲ၊ ပြက္ပြတ္ဆူတဲ့ေရေႏြးနဲ႔ ဟင္းခတ္အေမႊးၾကိဳင္ တစ္ဆိတ္စာေလးျဖင့္ ျပဳလုပ္တဲ့ အရသာရိွေသာက္ဖြယ္တစ္ခုအျဖစ္ ျပင္ဆင္ထားတဲ့ ဒီ cocoa ကို Mayan လူမ်ဳိးမ်ားမွ ပထမဦးဆုံး သုံးေဆာင္ခဲ့ပါတယ္။ ယခုခ်ိန္ထိ ကမာၻတစ္ဝွမ္း ညအိပ္ရာဝင္ခါနီး ေသာက္ဖြယ္နဲ႔ ပတ္သက္ျပီး လူသိအမ်ားဆုံးေရြးခ်ယ္စရာ ျဖစ္ေနပါတယ္။

ႏုိ႔ပူပူေလး
ညအိပ္ခါနီး ႏုိ႔ပူပူေလးတစ္ခြက္ေသာက္တာ သိပၸံနည္းအရ ေကာင္းမြန္တဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ ႏုိ႔ထဲက အမုိင္ႏုိအက္စစ္ tryptophan က ညေအးခ်မ္းစြာ အိပ္စက္ျခင္းအတြက္ လုိအပ္တဲ့ ေဟာ္မုန္းေတြ ထုတ္လုပ္ေစပါတယ္။ ေနာက္ျပီး ႏုိ႔မွာ ကယ္လ္ဆီယမ္ဓာတ္ၾကြယ္ဝျပီး ပရိုတိန္းဓာတ္ရဲ႕ အရင္းအျမစ္ေကာင္း တစ္ခုလည္း ျဖစ္ပါတယ္။ အရုိးရွင္းဆံုးျဖစ္ေပမယ့္ အေကာင္းဆုံး ညအိပ္ခါနီးေသာက္ဖြယ္ ျဖစ္ေနေသးတာ အံ့ၾသစရာမရိွပါဘူး။

ပူစီနံရြက္က်ဳိရည္
ပူစီနံရြက္က်ဳိရည္က ခႏၶာကိုယ္ကို သဘာဝအေလ်ာက္ သက္ေတာင့္သက္သာျဖစ္ေစတဲ့ ေနာက္ ေဆးဖက္ဝင္တစ္မ်ဳိး ျဖစ္ပါတယ္။ တကယ္လုိ႔ ေနာက္တစ္ေန႔ စာေမးပြဲ ဒါမွမဟုတ္ လုပ္အင္တာဗ်ဴးတစ္ခုခု ရိွတယ္ဆုိပါစို႔ ပူစီနံရြက္စိမ္ရည္ေႏြးၾကမ္းေလး တစ္ခြက္ေသာက္ေပးဖုိ႔ အၾကံျပဳထားပါတယ္။ ဒါက အစာအိမ္ ခ်မ္းေျမ့ေစတယ္၊ မအီအသာျဖစ္မႈ ေလွ်ာ့နည္းေစျပီး စိုးရိမ္ပူပန္မႈ သက္သာေစပါလိမ့္မယ္။

ေခ်ာကလက္ရည္ပူပူေလး
Cocoa နဲ႔ မၾကာခဏ ေရာေထြးတတ္တဲ့ ေခ်ာကလက္ပူပူေလးက အပ်စ္အက်ဲအေနအထားမွာ ပုိမိုပ်စ္ခဲတဲ့ ေဖ်ာ္ရည္တစ္ခု ျဖစ္ပါတယ္။ သူ႔မွာ cocoa butter အျပင္ cocoa မႈန္႔လည္း ပါဝင္ပါတယ္။ Cocoa ထက္ ပိုသာတဲ့အခ်က္က ေခ်ာကလက္ပူပူေလးကို ႏုိ႔နဲ႔ ျပင္ဆင္ေဖ်ာ္စပ္ေလ့ရိွျပီး ကေလးငယ္ေတြအတြက္ အထူးေကာင္းမြန္တဲ့ ေရြးခ်ယ္စရာတစ္ခု ျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



#Unicode Version

သင့်အကြိုက်ဆုံး ညအိပ်ရာဝင်ခါနီးသောက်ဖွယ်က ဘာလဲ။ ဝိုင်တစ်ခွက်လား။ ကော်ဖီလေးတစ်ခွက်လား။ ဒါမှမဟုတ် လက်ဖက်ရည်ပူပူလေးတစ်ခွက်လား။ သင်ရွေးချယ်လိုက်တဲ့ အဖျော်ယမကာဟာ သင့်ကျန်းမာရေးနဲ့ အိပ်စက်မှုပုံစံအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိတာကိုရော သင် သိပါသလား။ ရွေးချယ်ရမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာတချို့ကတော့…

Cocoa
အများစုက ဒါကို အကောင်းဆုံးညအိပ်ခါနီး သောက်ဖွယ်လို့ ယူဆကြပါတယ်။ သေချာလှော်ထားတဲ့ cocoa ပဲ၊ ပွက်ပွတ်ဆူတဲ့ရေနွေးနဲ့ ဟင်းခတ်အမွှေးကြိုင် တစ်ဆိတ်စာလေးဖြင့် ပြုလုပ်တဲ့ အရသာရှိသောက်ဖွယ်တစ်ခုအဖြစ် ပြင်ဆင်ထားတဲ့ ဒီ cocoa ကို Mayan လူမျိုးများမှ ပထမဦးဆုံး သုံးဆောင်ခဲ့ပါတယ်။ ယခုချိန်ထိ ကမ္ဘာတစ်ဝှမ်း ညအိပ်ရာဝင်ခါနီး သောက်ဖွယ်နဲ့ ပတ်သက်ပြီး လူသိအများဆုံးရွေးချယ်စရာ ဖြစ်နေပါတယ်။

နို့ပူပူလေး
ညအိပ်ခါနီး နို့ပူပူလေးတစ်ခွက်သောက်တာ သိပ္ပံနည်းအရ ကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ နို့ထဲက အမိုင်နိုအက်စစ် tryptophan က ညအေးချမ်းစွာ အိပ်စက်ခြင်းအတွက် လိုအပ်တဲ့ ဟော်မုန်းတွေ ထုတ်လုပ်စေပါတယ်။ နောက်ပြီး နို့မှာ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝပြီး ပရိုတိန်းဓာတ်ရဲ့ အရင်းအမြစ်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ အရိုးရှင်းဆုံးဖြစ်ပေမယ့် အကောင်းဆုံး ညအိပ်ခါနီးသောက်ဖွယ် ဖြစ်နေသေးတာ အံ့သြစရာမရှိပါဘူး။

ပူစီနံရွက်ကျိုရည်
ပူစီနံရွက်ကျိုရည်က ခန္ဓာကိုယ်ကို သဘာဝအလျောက် သက်တောင့်သက်သာဖြစ်စေတဲ့ နောက် ဆေးဖက်ဝင်တစ်မျိုး ဖြစ်ပါတယ်။ တကယ်လို့ နောက်တစ်နေ့ စာမေးပွဲ ဒါမှမဟုတ် လုပ်အင်တာဗျူးတစ်ခုခု ရှိတယ်ဆိုပါစို့ ပူစီနံရွက်စိမ်ရည်နွေးကြမ်းလေး တစ်ခွက်သောက်ပေးဖို့ အကြံပြုထားပါတယ်။ ဒါက အစာအိမ် ချမ်းမြေ့စေတယ်၊ မအီအသာဖြစ်မှု လျှော့နည်းစေပြီး စိုးရိမ်ပူပန်မှု သက်သာစေပါလိမ့်မယ်။

ချောကလက်ရည်ပူပူလေး
Cocoa နဲ့ မကြာခဏ ရောထွေးတတ်တဲ့ ချောကလက်ပူပူလေးက အပျစ်အကျဲအနေအထားမှာ ပိုမိုပျစ်ခဲတဲ့ ဖျော်ရည်တစ်ခု ဖြစ်ပါတယ်။ သူ့မှာ cocoa butter အပြင် cocoa မှုန့်လည်း ပါဝင်ပါတယ်။ Cocoa ထက် ပိုသာတဲ့အချက်က ချောကလက်ပူပူလေးကို နို့နဲ့ ပြင်ဆင်ဖျော်စပ်လေ့ရှိပြီး ကလေးငယ်တွေအတွက် အထူးကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top