iMyanmarHouse.com - Myanmar's No. 1 Property Website
×




Credit : 7 Day Daily



#Unicode Version

ဗြိတိန် နာ မည်ကျော်အမျိုးသမီး အဆိုတော် အဒဲလ်က Super Bowl အမေရိ ကန်ဘောလုံးချန်ပီယံလုပွဲ ပထမ ပိုင်းပွဲအပြီး အားလပ်ချိန် ဖျော်ဖြေ ပွဲ၌ ပါဝင်ဖျော်ဖြေပေးရန် ကမ်း လှမ်းခံရသော်လည်း ငြင်းလိုက် သည်ဟု ပြောသည်။

အမေရိကန်အမျိုးသား ဘောလုံးအဖွဲ့ချုပ်က နှစ်စဉ်ပြု လုပ်သော Super Bowl အမေရိ ကန် ဘောလုံးချန်ပီယံလုပွဲသည် အမေရိကန်နိုင်ငံ၌ ကြည့်ရှုသူ အများဆုံး အားကစားပွဲတစ်ခုဖြစ် သည်။အဒဲလ်က Super Bowl ပွဲ၌ ဖျော်ဖြေပေးရန် ကမ်းလှမ်းခံရ သော်လည်း ယင်းကမ်းလှမ်းမှုကို ငြင်းခဲ့ကြောင်းနှင့် Super Bowl ဖျော်ဖြေပွဲသည် တေးဂီတနှင့် သက်ဆိုင်မှုမရှိဟု ယူဆကြောင်း သြဂုတ် ၁၃ ရက်တွင် လော့စ်အန် ဂျလိစ်မြို့၌ ပြုလုပ်သော ၎င်း၏ ဖျော်ဖြေပွဲအတွင်း ပရိသတ် များအား ပြောခဲ့သည်ဟု People နှင့် E!News သတင်းတို့က ဖော် ပြသည်။

သို့ရာတွင် Super Bowl ဖျော်ဖြေပွဲကို စီစဉ်သော အမေရိ ကန် အမျိုးသားဘောလုံးအဖွဲ့ချုပ်နှင့် ပက်ပ်စီကုမ္ပဏီတို့ကမူ အဒဲလ် သာမက မည်သည့်အဆိုတော်ကို မဆို ဖျော်ဖြေပွဲ၌ ပါဝင်ပေးရန် ကမ်းလှမ်းခဲ့ခြင်းမရှိဟု တုံ့ပြန် ပြောကြားခဲ့သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top