iMyanmarHouse.com - Best Property Website for Myanmar
×

ပိုက္ဆံအတြက္ေၾကာင့္ အမ်ိဳးသားေတြနား အမ်ိဳးသမီးေတြ ကပ္ေနရတယ္ဆုိတဲ့ ေခတ္က ကုန္ေနပါျပီ။ ခုခ်ိန္မွာ  အမ်ိဳးသမီးကလည္း ၀င္ေငြေကာင္းေကာင္းနဲ႔ ရပ္တည္လာႏိုင္ၾကျပီ မဟုတ္လား။ ကိုယ္က ၀င္ေငြေကာင္းတဲ့ အမ်ိဳးသမီး တစ္ေယာက္ ျဖစ္ေနလို႔ ကိုယ့္ခ်စ္သူက ကိုယ့္အနား ကပ္ေနတာလားဆိုတာ ဒီအခ်က္ကေလးေတြ ေျပာမျပခင္ သင့္စိတ္အာရံုကေန ခံစားၾကည့္လိုက္ပါ။ လူတုိင္းမွာ စိတ္အာရံု ခံစားမႈ ရွိေနပါတယ္။ စိတ္ထဲ ထင့္ေနတာ၊ စိတ္က အလိုလို သိိေနတာမ်ိဳး စသျဖင့္ေပါ့ေလ။ ဒီလို ခံစားလာရျပီဆုိရင္ ေသခ်ာေအာင္ ဒီအခ်က္ေလးေတြနဲ႔ တုိက္ၾကည့္လိုက္ပါ။

စစခ်ိန္းေတြ႕ခ်ိန္ေတြတုန္းကေတာ့ သူကပဲ အၿမဲပိုက္ဆံရွင္းတတ္ပါတယ္။

စိတ္ပညာရွင္ ေဒါက္တာ Diana Kirschner ေျပာၾကားခ်က္အရေတာ့ လူေတြက အစပိုင္းမွာ ကိုယ္ျဖစ္ေနတာနဲ႔ ဆန္႔က်င္ဘက္ လုပ္ေဆာင္ျပေလ့ရွိၾကပါတယ္။ ခုလညး္ ဒီသေဘာပါပဲ။ ေနာက္ပိုင္းအခ်ိန္ေတြမွာ သင့္ဆီက သူယူဖုိ႔ စဥ္းစားထားေပမယ့္ အစပိုင္းအခ်ိန္ေတြမွာေတာ့ သူကခ်ည္း ပိုက္ဆံထုတ္စိုက္ရွင္းေနပါလိမ့္မယ္။ ေနာက္ပိုင္း သင္က သူ႕ကို သေဘာက်၊ ခ်စ္ႀကိဳက္လာတဲ့အခါမွာေတာ့ ပထမပိုင္းတုန္းက အက်င့္ေတြ ေပ်ာက္ျခင္းမလွေပ်ာက္ကုန္ေတာ့ တာပါပဲ။

သူႀကိဳက္တဲ့အရာေတြက ေစ်းႀကီးေပးရတာေတြခ်ည္းပါပဲ။

သူသြားခ်င္တဲ့၊ သြားတတ္တဲ့ စားေသာက္ဆုိင္ဆုိလည္း ေစ်းႀကီး၊ သူ၀တ္တဲ့အ၀တ္အစား တံဆိပ္ေတြကလည္း ေစ်းႀကီးေပး၀ယ္ရတာေတြခ်ည္း ျဖစ္ေနတတ္ပါတယ္။ ခ်စ္ေရးခ်စ္ရာ တုိင္ပင္ခံ Nicole Johnson ကေတာ့ "သိုက္တူးသမားေတြဟာ မ်ားေသာအားျဖင့္ ေစ်း၀ယ္ရင္လည္း သင္န႔ဲအတူတူ ၀ယ္ခ်င္ပါလိမ့္မယ္။ ခရီးလည္း အတူတူသြားဖုိ႔ သင့္ကိုေျပာပါလိမ့္မယ္။ ျပီးရင္ ေစ်းႀကီးတဲ့ ေနရာေတြႀကီး သူတုိ႔က အႀကံေပးေနေတာ့မွာပါပဲ။ ဒီေတာ့ အဲ့ဒီလို လူမ်ိဳးအတြက္ဆုိ ပိုက္ဆံအိတ္ေတြ အိမ္မွာထားခဲ့ျပီးလုိသေလာက္ပဲ ယူသြားရွင္းလိုက္ပါ။ ဒါအေကာင္းဆံုးပါပဲ။ ေထာင္ေခ်ာက္ေတာ့ အမိမခံပါနဲ႔" လုိ႔ ဆုိပါတယ္။

ေငြေရးေၾကးေရး ျပသနာေတြ တက္ေနေပမယ့္ သူ႕အမွားမရွိဘူး။

ကုိယ္တြဲေနတဲ့ ကိုယ့္ခ်စ္သူမွာ ေငြေၾကးနဲ႔ ပတ္သက္ျပီး အခက္အခဲေတြ ႀကံဳေနရသလားဆုိတာ သိေအာင္လုပ္ပါ။ ဒီေတာ့ သူရဲ႕အရင္ အခ်စ္ေရး၊ ဒါမွမဟုတ္ အိမ္ေထာင္ေရးစတာေတြ ဘယ္လိုအဆံုးသတ္သြားခဲ့သလဲဆိုတာ သူနဲ႔ စကားေျပာၾကည့္ဖုိ႔ လိုပါတယ္။ သူေျပာတဲ့စကားေတြကိုနားေထာင္၊ ကိုယ့္ဘာသာကိုယ္လည္း စံုစမ္းျပီး သူဟာ အရင္ေကာင္မေလး၊ အရင္ရည္းစားကိုလည္း ေငြေၾကးအတြက္ အသံုးခ်ခဲ့သလားဆိုတာ သိေအာင္ လုပ္ဖုိ႔လိုပါတယ္။

အခ်ိန္ရွိသမွ် ေငြအေၾကာင္းေျပာျပီး ေငြသာေတာင္းေနတတ္တယ္။

ႏွစ္ဦးသားေရွ႕ေရးအတြက္ အလုပ္လုပ္မယ္ဆုိျပီးေတာ့ပဲ ျဖစ္ျဖစ္၊ အေၾကာင္းအမ်ိဳးမ်ိဳးျပျပီးေတာ့ပဲျဖစ္ျဖစ္ သင့္ဆီက ပိုက္ဆံေတာင္းဖုိ႔ကိုသာ သူစဥ္းစားေနတယ္ဆုိရင္ ေငြေၾကးအေျခအေနအားလံုးကို သူ႕ကို ရွင္းျပထားလိုက္ပါ။ျပီးေတာ့ တစ္လကို ဘယ္ေလာက္သာ သံုးမယ္ဆုိတာမ်ိဳးကိုလည္း သူ႕ကိုေျပာထားလိုက္ပါ။

အလုပ္မရွိအကိုင္မရွိ၊ အလုပ္လုပ္ဖုိ႔ မစဥ္းစားပဲ သင့္နားကပ္စားဖုိ႔သာ ေတြးေနတယ္။

မသိစိတ္က သိေနတာကို အတည္ျပဳဖုိ႔ အခ်ိန္ပါပဲ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္မရွိျဖစ္ေနတာ၊ ဒါမွမဟုတ္ အခ်ိန္ပိုင္းအလုပ္ေတြ ၀င္လုပ္ေနရတာကို သိုက္တူးတဲ့သူလုိ႔ မေျပာပါဘူး။ ဒါေပမယ့္ အလုပ္လုပ္ဖုိ႔ လံုး၀စိတ္မကူးပဲ သင့္လုပ္စာကိုပဲ ထုိင္စားဖုိ႔ ေတြးေနမယ္ဆိုရေတာ့ ဒီလိုလူမ်ိဳးကို ေ၀းေ၀းသာ သြားခုိင္းလိုက္ပါေတာ့။ အခ်စ္ေရးတစ္ခု သာယာလာဖုိ႔ဆုိတာ ႏွစ္ဦးႏွစ္ဖက္ အတူရုန္းကန္ရတာမ်ိဳး၊ အခက္အခဲေတြကို ရင္ဆုိင္ေျဖရွင္းၾကရတာမ်ိဳးပါ။ ကိုယ့္ကိုတစ္ခ်ိန္လံုး မွီခိုျပီး ဘာလုပ္ရည္ကုိင္ရည္မွ မရွိ၊ ဘာတာ၀န္မွ မယူခ်င္တဲ့ လူကိုေတာ့ ဘယ္သူမွ ၾကာရွည္မခ်စ္ႏိုင္ပါဘူး။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပိုက်ဆံအတွက်ကြောင့် အမျိုးသားတွေနား အမျိုးသမီးတွေ ကပ်နေရတယ်ဆိုတဲ့ ခေတ်က ကုန်နေပါပြီ။ ခုချိန်မှာ  အမျိုးသမီးကလည်း ဝင်ငွေကောင်းကောင်းနဲ့ ရပ်တည်လာနိုင်ကြပြီ မဟုတ်လား။ ကိုယ်က ဝင်ငွေကောင်းတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်နေလို့ ကိုယ့်ချစ်သူက ကိုယ့်အနား ကပ်နေတာလားဆိုတာ ဒီအချက်ကလေးတွေ ပြောမပြခင် သင့်စိတ်အာရုံကနေ ခံစားကြည့်လိုက်ပါ။ လူတိုင်းမှာ စိတ်အာရုံ ခံစားမှု ရှိနေပါတယ်။ စိတ်ထဲ ထင့်နေတာ၊ စိတ်က အလိုလို သိနေတာမျိုး စသဖြင့်ပေါ့လေ။ ဒီလို ခံစားလာရပြီဆိုရင် သေချာအောင် ဒီအချက်လေးတွေနဲ့ တိုက်ကြည့်လိုက်ပါ။

စစချိန်းတွေ့ချိန်တွေတုန်းကတော့ သူကပဲ အမြဲပိုက်ဆံရှင်းတတ်ပါတယ်။

စိတ်ပညာရှင် ဒေါက်တာ Diana Kirschner ပြောကြားချက်အရတော့ လူတွေက အစပိုင်းမှာ ကိုယ်ဖြစ်နေတာနဲ့ ဆန့်ကျင်ဘက် လုပ်ဆောင်ပြလေ့ရှိကြပါတယ်။ ခုလည်း ဒီသဘောပါပဲ။ နောက်ပိုင်းအချိန်တွေမှာ သင့်ဆီက သူယူဖို့ စဉ်းစားထားပေမယ့် အစပိုင်းအချိန်တွေမှာတော့ သူကချည်း ပိုက်ဆံထုတ်စိုက်ရှင်းနေပါလိမ့်မယ်။ နောက်ပိုင်း သင်က သူ့ကို သဘောကျ၊ ချစ်ကြိုက်လာတဲ့အခါမှာတော့ ပထမပိုင်းတုန်းက အကျင့်တွေ ပျောက်ခြင်းမလှပျောက်ကုန်တော့ တာပါပဲ။

သူကြိုက်တဲ့အရာတွေက ဈေးကြီးပေးရတာတွေချည်းပါပဲ။

သူသွားချင်တဲ့၊ သွားတတ်တဲ့ စားသောက်ဆိုင်ဆိုလည်း ဈေးကြီး၊ သူဝတ်တဲ့အဝတ်အစား တံဆိပ်တွေကလည်း ဈေးကြီးပေးဝယ်ရတာတွေချည်း ဖြစ်နေတတ်ပါတယ်။ ချစ်ရေးချစ်ရာ တိုင်ပင်ခံ Nicole Johnson ကတော့ "သိုက်တူးသမားတွေဟာ များသောအားဖြင့် ဈေးဝယ်ရင်လည်း သင်နဲ့အတူတူ ဝယ်ချင်ပါလိမ့်မယ်။ ခရီးလည်း အတူတူသွားဖို့ သင့်ကိုပြောပါလိမ့်မယ်။ ပြီးရင် ဈေးကြီးတဲ့ နေရာတွေကြီး သူတို့က အကြံပေးနေတော့မှာပါပဲ။ ဒီတော့ အဲ့ဒီလို လူမျိုးအတွက်ဆို ပိုက်ဆံအိတ်တွေ အိမ်မှာထားခဲ့ပြီးလိုသလောက်ပဲ ယူသွားရှင်းလိုက်ပါ။ ဒါအကောင်းဆုံးပါပဲ။ ထောင်ချောက်တော့ အမိမခံပါနဲ့" လို့ ဆိုပါတယ်။

ငွေရေးကြေးရေး ပြသနာတွေ တက်နေပေမယ့် သူ့အမှားမရှိဘူး။

ကိုယ်တွဲနေတဲ့ ကိုယ့်ချစ်သူမှာ ငွေကြေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ကြုံနေရသလားဆိုတာ သိအောင်လုပ်ပါ။ ဒီတော့ သူရဲ့အရင် အချစ်ရေး၊ ဒါမှမဟုတ် အိမ်ထောင်ရေးစတာတွေ ဘယ်လိုအဆုံးသတ်သွားခဲ့သလဲဆိုတာ သူနဲ့ စကားပြောကြည့်ဖို့ လိုပါတယ်။ သူပြောတဲ့စကားတွေကိုနားထောင်၊ ကိုယ့်ဘာသာကိုယ်လည်း စုံစမ်းပြီး သူဟာ အရင်ကောင်မလေး၊ အရင်ရည်းစားကိုလည်း ငွေကြေးအတွက် အသုံးချခဲ့သလားဆိုတာ သိအောင် လုပ်ဖို့လိုပါတယ်။

အချိန်ရှိသမျှ ငွေအကြောင်းပြောပြီး ငွေသာတောင်းနေတတ်တယ်။

နှစ်ဦးသားရှေ့ရေးအတွက် အလုပ်လုပ်မယ်ဆိုပြီးတော့ပဲ ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးပြပြီးတော့ပဲဖြစ်ဖြစ် သင့်ဆီက ပိုက်ဆံတောင်းဖို့ကိုသာ သူစဉ်းစားနေတယ်ဆိုရင် ငွေကြေးအခြေအနေအားလုံးကို သူ့ကို ရှင်းပြထားလိုက်ပါ။ပြီးတော့ တစ်လကို ဘယ်လောက်သာ သုံးမယ်ဆိုတာမျိုးကိုလည်း သူ့ကိုပြောထားလိုက်ပါ။

အလုပ်မရှိအကိုင်မရှိ၊ အလုပ်လုပ်ဖို့ မစဉ်းစားပဲ သင့်နားကပ်စားဖို့သာ တွေးနေတယ်။

မသိစိတ်က သိနေတာကို အတည်ပြုဖို့ အချိန်ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် အလုပ်မရှိဖြစ်နေတာ၊ ဒါမှမဟုတ် အချိန်ပိုင်းအလုပ်တွေ ဝင်လုပ်နေရတာကို သိုက်တူးတဲ့သူလို့ မပြောပါဘူး။ ဒါပေမယ့် အလုပ်လုပ်ဖို့ လုံးဝစိတ်မကူးပဲ သင့်လုပ်စာကိုပဲ ထိုင်စားဖို့ တွေးနေမယ်ဆိုရတော့ ဒီလိုလူမျိုးကို ဝေးဝေးသာ သွားခိုင်းလိုက်ပါတော့။ အချစ်ရေးတစ်ခု သာယာလာဖို့ဆိုတာ နှစ်ဦးနှစ်ဖက် အတူရုန်းကန်ရတာမျိုး၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းကြရတာမျိုးပါ။ ကိုယ့်ကိုတစ်ချိန်လုံး မှီခိုပြီး ဘာလုပ်ရည်ကိုင်ရည်မှ မရှိ၊ ဘာတာဝန်မှ မယူချင်တဲ့ လူကိုတော့ ဘယ်သူမှ ကြာရှည်မချစ်နိုင်ပါဘူး။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top