iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Duwun



Unicode Version

ဆယ်လီနာဂိုးမက်စ်ဟာ သူမရဲ့ Reivial ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်နဲ့ အာရှကို လှည့်လည်ဖျော်ဖြေရာမှ ဂျပန်နိုင်ငံက Haneda လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။

လေယာဉ်ပေါ်က ဆင်းလာတဲ့ ဆယ်လီနာ့ရဲ့ပုံစံလေးဟာ ခေါင်းထိပ်မှာ ဆံပင်တွေအားလုံး သိမ်းပြီး စုစည်းလို့ နဖူးပေါ်မှာ ရှေ့ဆံပင်လေးတွေချကာ မျက်မှန်ဝိုင်းလေး တပ်ထားပုံက ဂျပန်မလေးတစ်ယောက်အလားပါပဲ။

အဖျားလေးတွေ စုတ်ဖြဲထားတဲ့ ဒီဇိုင်းနဲ့ လည်ပင်းပိတ် Crop Top လေးကို ကာကီရောင် ဘောင်းဘီရှည်လေးနဲ့ တွဲဖက်ဝတ်ဆင်လို့ အပေါ်ကနေ ဂျင်းဂျာကင်လက်ရှည်လေးထပ်ဝတ်ထားပြီး ပေါ့ပါးတဲ့စတိုင်လေးနဲ့ ချစ်စဖွယ်လေး ဖြစ်နေပါတယ်။

သီချင်းဆိုရတာ စိတ်သိပ်မပါဘူးလို့ ပြောခဲ့တဲ့ ဆယ်လီနာဟာ အခုတော့လည်း ပြုံးပြုံးရွှင်ရွှင်နဲ့ စိတ်ကြည်လင်နေပုံပါပဲ။


Credit : Duwun



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top