iMyanmarHouse.com - Best Property Website for Myanmar
×

အရပ္မရွည္၊ ႐ုပ္မေခ်ာေသာ အမ်ဳိးသားမ်ား ပံုေျပာေကာင္းေအာင္ ေလ့က်င့္ပါဟု အႀကံျပဳလိုက္ပါသည္။

          ပံုေျပာေကာင္းေသာ အမ်ဳိးသားမ်ားကို အမ်ဳိးသမီးမ်ားက ဆဲြေဆာင္မႈရွိသူမ်ား အျဖစ္ သတ္မွတ္ေလ့ ရွိေၾကာင္း ေလ့လာမႈ တစ္ခုက ေဖာ္ျပလိုက္ၿပီ ျဖစ္သည္။ ထုိ႔ျပင္ အမ်ဳိးသမီးမ်ားသည္ ပံုေျပာေကာင္းေသာ အမ်ဳိးသားမ်ားကုိ လူမႈေရးအရ အဆင့္ရွိသူမ်ားဟုလည္း သတ္မွတ္ေလ့ ရွိေၾကာင္း ေလ့လာမႈအရ သိရွိခဲ့ရသည္။

          ေခ်ပယ္ဟီးလ္ရွိ ေျမာက္ကာ႐ိုလုိင္းနား တကၠသိုလ္ႏွင့္ ဘက္ဖဲလို တကၠသိုလ္တို႔မွ သုေတသန ပညာရွင္မ်ားသည္ အမ်ဳိးသမီး (၅၅) ရာခုိင္ႏႈန္းပါ၀င္ေသာ ေက်ာင္းသား (၃၈၈) ဦး တုိ႔အား အြန္လုိင္းေအာင္သြယ္ ၀က္ဘ္ဆိုက္ပါ ေဖာ္ျပခ်က္မ်ား အေပၚ အေျခခံၿပီး ကိုယ့္ဘ၀အေဖာ္မြန္ေလာင္း၏ ဆဲြေဆာင္မႈ ရွိမရွိ အဆင့္ သတ္မွတ္ရန္ ညႊန္ၾကားခဲ့သည္။

          အေလ့လာခံမ်ားကို ကုိယ့္ၾကင္ေဖာ္ေလာင္း ျဖစ္လာမည့္သူ၏ ဓာတ္ပံု တစ္ပုံႏွင့္ ပံုေျပာႏုိင္စြမ္းရည္ အပါအ၀င္ ကိုယ္ေရးရာဇ၀င္ အက်ဥ္းကိုလည္း ေပးထားခဲ့သည္။ ကိုယ္ေရး ရာဇ၀င္တခ်ဳိ႕တြင္ အဆိုပါ ပုဂၢိဳလ္သည္ ပံုေျပာေကာင္းၿပီး ဇာတ္ေဆာင္မ်ားကိုဖန္တီးကာ တကယ္ အသက္၀င္ေအာင္ ေျပာႏုိင္သူ ျဖစ္ေၾကာင္း ေရးသားေဖာ္ျပထားသည္။

          အမ်ဳိးသားမ်ားသည္ ပံုေျပာေကာင္းေသာ အမ်ဳိးသမီးမ်ား အေပၚ အထင္အျမင္ႀကီးေလ့ မရွိေသာ္လည္း အမ်ဳိးသမီးမ်ားကမူ ပံုေျပာေကာင္းေသာ အမ်ဳိးသားမ်ားကို ႏွစ္သက္ကာ အထင္အျမင္ႀကီးေလ့ ရွိေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။ ထုိ႔ျပင္ အမ်ဳိးသမီးမ်ားသည္ ပံုေျပာေကာင္းေသာ အမ်ဳိးသားမ်ားကို လူရာ၀င္ ၿပီး ခင္ပြန္းေကာင္း ျဖစ္ႏုိင္မည့္သူမ်ား အျဖစ္ ထင္ျမင္ေလ့ရွိေၾကာင္းကိုလည္း ေတြ႕ရွိခဲ့သည္။

          ပံုေျပာျခင္း ဆိုသည္မွာ လူသားမ်ားၾကားတြင္ ေရွးအက်ဆံုး ဆက္သြယ္ေရး နည္းလမ္းတစ္ခု ျဖစ္သည္။ ေရွးေခတ္ လူသားမ်ား၏ အသိပညာႏွင့္ အေတြ႕အႀကံဳမ်ားကို မွ်ေ၀ရာတြင္ ပံုေျပာေကာင္းသူမ်ားသည္ အေရးပါေသာေနရာမွ ပါ၀င္ခဲ့ၾကသည္။    

Credit: Messenger

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version


အရပ်မရှည်၊ ရုပ်မချောသော အမျိုးသားများ ပုံပြောကောင်းအောင် လေ့ကျင့်ပါဟု အကြံပြုလိုက်ပါသည်။

          ပုံပြောကောင်းသော အမျိုးသားများကို အမျိုးသမီးများက ဆွဲဆောင်မှုရှိသူများ အဖြစ် သတ်မှတ်လေ့ ရှိကြောင်း လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။ ထို့ပြင် အမျိုးသမီးများသည် ပုံပြောကောင်းသော အမျိုးသားများကို လူမှုရေးအရ အဆင့်ရှိသူများဟုလည်း သတ်မှတ်လေ့ ရှိကြောင်း လေ့လာမှုအရ သိရှိခဲ့ရသည်။

          ချေပယ်ဟီးလ်ရှိ မြောက်ကာရိုလိုင်းနား တက္ကသိုလ်နှင့် ဘက်ဖဲလို တက္ကသိုလ်တို့မှ သုတေသန ပညာရှင်များသည် အမျိုးသမီး (၅၅) ရာခိုင်နှုန်းပါဝင်သော ကျောင်းသား (၃၈၈) ဦး တို့အား အွန်လိုင်းအောင်သွယ် ဝက်ဘ်ဆိုက်ပါ ဖော်ပြချက်များ အပေါ် အခြေခံပြီး ကိုယ့်ဘဝအဖော်မွန်လောင်း၏ ဆွဲဆောင်မှု ရှိမရှိ အဆင့် သတ်မှတ်ရန် ညွှန်ကြားခဲ့သည်။

          အလေ့လာခံများကို ကိုယ့်ကြင်ဖော်လောင်း ဖြစ်လာမည့်သူ၏ ဓာတ်ပုံ တစ်ပုံနှင့် ပုံပြောနိုင်စွမ်းရည် အပါအဝင် ကိုယ်ရေးရာဇဝင် အကျဉ်းကိုလည်း ပေးထားခဲ့သည်။ ကိုယ်ရေး ရာဇဝင်တချို့တွင် အဆိုပါ ပုဂ္ဂိုလ်သည် ပုံပြောကောင်းပြီး ဇာတ်ဆောင်များကိုဖန်တီးကာ တကယ် အသက်ဝင်အောင် ပြောနိုင်သူ ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

          အမျိုးသားများသည် ပုံပြောကောင်းသော အမျိုးသမီးများ အပေါ် အထင်အမြင်ကြီးလေ့ မရှိသော်လည်း အမျိုးသမီးများကမူ ပုံပြောကောင်းသော အမျိုးသားများကို နှစ်သက်ကာ အထင်အမြင်ကြီးလေ့ ရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ထို့ပြင် အမျိုးသမီးများသည် ပုံပြောကောင်းသော အမျိုးသားများကို လူရာဝင် ပြီး ခင်ပွန်းကောင်း ဖြစ်နိုင်မည့်သူများ အဖြစ် ထင်မြင်လေ့ရှိကြောင်းကိုလည်း တွေ့ရှိခဲ့သည်။

          ပုံပြောခြင်း ဆိုသည်မှာ လူသားများကြားတွင် ရှေးအကျဆုံး ဆက်သွယ်ရေး နည်းလမ်းတစ်ခု ဖြစ်သည်။ ရှေးခေတ် လူသားများ၏ အသိပညာနှင့် အတွေ့အကြုံများကို မျှဝေရာတွင် ပုံပြောကောင်းသူများသည် အရေးပါသောနေရာမှ ပါဝင်ခဲ့ကြသည်။     



Credit: Messenger
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top