iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
ပို့သပေးပါတယ်။
Unicode Version
ဘဝရဲ့ကျန်ရှိနေတဲ့နေ့ရက်တွေကို အတူဖြတ်သန်းဖို့အတွက် ရုပ်ရည်ချောမောခြင်းထက် စမတ်ကျတဲ့ အမျိုးသမီးတစ်ဦးကိုသာ ရွေးချယ်တဲ့ အမျိုးသားတွေဟာ အခြားအမျိုးသားတွေထက် ပိုပြီးအသက်ရှည်နိုင်ပါတယ်။
၁။ ဦးနှောက်ပြေးတဲ့ အမျိုးသမီးတွေက သင့်ကိုအကူအညီအများကြီးပေးနိုင်ပါတယ်။ ရုပ်ရည်ကိုဦးစားပေးရွေးချယ်ခဲ့မိတဲ့ အမျိုးသမီးက အလှအပကိုသာမက်မောနေမယ်ဆိုရင် သင့်အတွက် အကူအညီကောင်းတွေရဖို့ ခက်ပါတယ်။
၂။ စမတ်ကျတဲ့အမျိုးသမီးကို လက်ထပ်ခြင်းက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ လျော့နည်းသွားတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမက သင့်ဦးနှောက်ကို အလုပ်ပေးမယ့်မိန်းမမျိုးဖြစ်လို့ပါ။
၃။ တော်ရုံလောက်နဲ့ စိတ်ဆိုးစိတ်ကောက်တာတွေ၊ သဝန်တိုတာတွေ မလုပ်တတ်ကြလို့ စိတ်ရှုပ်ရတာနည်းပါတယ်။ ကိုယ်ပြောချင်တာကိုလည်း ပွင့်ပွင့်လင်းလင်းထုတ်ပြောတတ်ကြသူတွေပါ။
၄။ စီမံခန့်ခွဲမှုမှာ ကျွမ်းကျင်ကြလို့လည်း အလုပ်များနေချိန်မှာ အိမ်နဲ့ပတ်သက်ပြီး အာရုံမများတော့ပါဘူး။ ကိစ္စအသေးအမွှားလောက်ကိုတော့ သူမဘာသာဖြေရှင်းသွားပါလိမ့်မယ်။
၅။ အနာဂတ်ကာလမှာ ကလေးယူမယ်ဆိုရင်လည်း စမတ်ကျတဲ့အမျိုးသမီးတွေက ကလေးတွေကို အောင်မြင်ဖို့ ထိန်းကျောင်းနိုင်ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။
Credit : Duwun
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top