iMyanmarHouse.com - Best Property Website for Myanmar
×
ကရဝေးရွက်ကျိုရည်
Credit : trend Myanmar
#Unicode Version
ခြေမ ပထမအဆစ်မှာ ဖြစ်တတ်တဲ့ အနာစိမ်းက အမျိုးသားထက် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြသနာတစ်ရပ် ဖြစ်ပါတယ်။ အမြဲတမ်း မနာပေမယ့် တကယ် ဒုက္ခပေးနိုင်ပါတယ်။ တစ်ချက်က မျက်စိကျစရာမကောင်း ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီ့ထက်ပိုအရေးကြီးတာက သင့်တော်မယ့် ဖိနပ်တွေလိုက်ရှာရတာ အရမ်းဒုက္ခရောက်ရပါတယ်။ ခွဲစိတ်ကုသလို့ ရပေမယ့် ခွဲစိတ်ရမှာ ကြောက်တတ်သူဆိုရင် လျင်မြန်စွာနဲ့ နာကျင်မှုမရှိဘဲ ဖယ်ရှားနိုင်တဲ့ သဘာဝဆေးနည်း ရှိပါတယ်။
ကရဝေးရွက်ကျိုရည်
ရေ ၁၀ အောင်စ/ ၃၀၀မီလီလီတာထဲ ကြိတ်ခြေထားတဲ့ ကရဝေးရွက် ထမင်စားဇွန်း (၁) ဇွန်းထည့်ပါ။ ဒါကို ၅ မိနစ်ခန့်ကျို၊ ဓာတ်ဘူးထဲထည့်ပြီး တစ်ညထားရပါမယ်။ နောက်နေ့မနက် အရင်ဦးဆုံး အရည်တွေ စစ်ထုတ်ရပါမယ်။ တစ်နေ့ကုန် တောက်လျောက် နည်းနည်းချင်းသောက်ပေးပါ။ တစ်ခါတည်း ကုန်အောင်သောက်စရာမလိုပါဘူး။ အဲဒီအတိုင်း ၇ ရက်လုပ်ပါ။ အမြဲလတ်ဆတ်နေပါစေ။
ဆီးမကြာခဏ ပိုသွားချင်သလိုဖြစ်လာပါလိမ့်မယ်။ ဒါ ခန္ဓာကိုယ်ရှိ ဆားဓာတ်တွေ အရည်ပျော်ပြီး ဆီးအိတ်ကို လှုံ့ဆော်ပေးတဲ့ သဘောဖြစ်ပါတယ်။
၁၀ ရက်အတွင်း တိုးတက်မှုတွေ မြင်တွေ့နိုင်ပါတယ်။ ပိုမိုသက်သာလာမှာဖြစ်တဲ့အပြင် အဆစ်နာကျင်မှုလည်း ပျောက်သွားပါလိမ့်မယ်။ ဒီဆေးကို နှစ်လလောက်သောက်ပါက သင့် ခြေမဆစ်ပေါ်က အနာစိမ်းလုံးဝပျောက်သွားပါလိမ့်မယ်။
Credit : trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top