iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္တင္းေႏွာတဲ့ အေၾကာင္းကို ေျပာမယ္ဆိုရင္ေတာ့ လူတိုင္းမွာ သေဘာက်တဲ့ ပံုစံအေနအထား(Position) တစ္ခုစီေတာ့ ရွိၾကမွာပါ။ ဒါေပမယ့္လည္း ဘယ္လို ပံုစံအေနအထား (Position) က သင္တို႔ကို ကိုယ္၀န္ ရဖို႔ အဆင္ေျပေစမွာလဲ?

ေခတ္သစ္ေန႔စဥ္ဘ၀ေတြရဲ႕ ဖိအားအရ အိမ္ေထာင္ရွင္ ဇနီးေမာင္ႏွံေတြဟာ မိသားစု တစ္ခုျဖစ္လာဖို႔ အစီအစဥ္ကိုတစ္ျဖည္းျဖည္း ခ်င္း အခ်ိန္ ဆြဲလာ ခဲ့ၾကပါတယ္။ ေနာက္ဆံုး ရလဒ္တစ္ခုကေတာ့ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ၂ ခု ခန္႔ဟာ မ်ိဳးပြားျခင္းဆိုင္ရာ ျပႆနာ ေတြနဲ႔ ျပည့္ႏွက္ေနခဲ့ပါတယ္။ ပ်မ္းမွ်အားျဖင့္ေတာ့ စံုတြဲ ၄ တြဲမွာ ၁ တြဲခန္႔ဟာ ကေလး မရတဲ့ ျပႆနာေတြ ႀကံဳေနရပါတယ္။

သင့္ရဲ႕ ကေလးရႏိုင္မယ့္ အခြင့္အေရးကို ပိုမိုေကာင္းမြန္လာေစဖို႔အတြက္ သင္လုပ္ႏိုင္တာေလးေတြေတာ့ရွိပါတယ္။ အစားအေသာက္ ပိုမိုစားသံုးတာမ်ိဳး ၊ အရက္ေသာက္ၿပီး ကာမဆႏၵ ရယူတာမ်ိဳး ၊ ကဖိန္းမွီ၀ဲမႈကို ေလွ်ာ့ခ်တာမ်ိဳးေတြေပါ့။

ဒါေပမယ့္လည္း မ်ိဳးပြားျခင္း ဆိုင္ရာ ကၽြမ္းက်င္သူ တစ္ေယာက္ျဖစ္တဲ့ ေဒါက္တာ Marilyn Glenville က ေျပာတာေတာ့ စံုတြဲေတြရဲ႕ ခ်စ္တင္းေႏွာတဲ့ ပံုစံအေနအထားနဲ႔ ခ်စ္တင္းေႏွာအၿပီးမွာ ရွိေနတဲ့ ပံုစံအေနအထားတို႔ဟာ ကိုယ္၀န္ရေစဖို႔အတြက္ အေထာက္အကူျဖစ္ေစတယ္ဆိုတာပါပဲ။

သူမေျပာခဲ့တဲ့အေၾကာင္းအရာကေတာ့ အမ်ိဳးသားရဲ႕ သုတ္ပိုး(Sperm) ဟာ အမ်ိဳးသမီး အဂၤါအတြင္းကေန သားအိမ္ျပြန္အတြင္း၀င္ေရာက္ႏိုင္မွ ကိုယ္၀န္ရမွာ ျဖစ္တဲ့အတြက္ အမ်ိဳးသမီးေတြ လဲေလ်ာင္းလ်က္ရွိတဲ့ ပံုစံအေနအထား ဟာ ကိုယ္၀န္ ရယူဖို႔အေကာင္းဆံုးျဖစ္ပါတယ္တဲ့။ "အမ်ိဳးသားေတြ အေပၚစီးကေနတဲ့ ပံုစံအေနအထားဟာ အမ်ိဳးသမီးတစ္ေယာက္ကိုယ္၀န္ရွိလာေစဖို႔ အေကာင္းဆံုးအခြင့္အေရးပါပဲ" လို႔ သူမက DailyMail သတင္းဌာနကို ေျပာျပခဲ့ပါတယ္။

ဒါေပမယ့္ သူမက သတိေပးေျပာျပခဲ့တာကေတာ့ ဒီ သီအိုရီ ကို သက္ေသျပႏိုင္ဖို႔ေတာ့ သိပၸံနည္းက်ေလ့လာထားမႈေတြမရွိပါဘူးတဲ့။ "အခ်ိဳးက်တြက္ခ်က္ၾကည့္မယ္ဆိုရင္ အဲဒီ ပံုစံအေနအထားဟာ အမ်ိဳးသား ရဲ႕ သုတ္ပိုးကို အမ်ိဳးသမီးရဲ႕ သားအိမ္အ၀အထိ ေရာက္သြားႏိုင္ေစပါတယ္" လို႔ ေဒါက္တာ Glenville က ဆိုပါတယ္။

အမ်ိဳးသမီက အထက္စီးကေနတဲ့ ပံုစံအေနအထားနဲ႔ အမ်ိဳးသားက အမ်ိဳးသမီးေနာက္မွာရွိေနတဲ့ ပံုစံအေနအထားတို႔ကေတာ့ အမ်ိဳးသမီးရဲ႕ သားအိမ္ျပြြန္အတြင္း သုတ္ပိုး၀င္ေရာက္ဖို႔ခဲယဥ္းေစတယ္လို႕လည္း သူမရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ဒါ့အျပင္ အိမ္ေထာင္ေရးသုခလို႔ ဆိုၾကတဲ့ အမ်ိဳးသား ေရာ အမ်ိဳးသမီးပါ ခ်စ္တင္းေႏွာျခင္းမွာ စိတ္ေက်နပ္မႈ ရရွိကာ ၿပီးေျမာက္ျခင္းဟာလည္း အေရးႀကီးတယ္လို႔ သူမကဆိုပါတယ္။

အမ်ိဳးသမီး ရဲ႕ စိတ္ေက်နပ္မႈ ရရွိျခင္းဟာ ၿပီးျပည့္စံုတဲ့ ေလဟာနယ္တစ္ခုကို ျဖစ္ေပၚေစၿပီး အမ်ိဳးသမီး အဂၤါအတြင္း ၀င္ေရာက္လာတဲ့ သုတ္ပိုးေတြကို သားအိမ္၀အထိ စုပ္ယူႏိုင္စြမ္းရွိသြားေစတယ္လို႔ ေဒါက္တာ Glenville က ထည့္သြင္းရွင္းျပခဲ့ပါတယ္။

Credit:thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချစ်တင်းနှောတဲ့ အကြောင်းကို ပြောမယ်ဆိုရင်တော့ လူတိုင်းမှာ သဘောကျတဲ့ ပုံစံအနေအထား(Position) တစ်ခုစီတော့ ရှိကြမှာပါ။ ဒါပေမယ့်လည်း ဘယ်လို ပုံစံအနေအထား (Position) က သင်တို့ကို ကိုယ်ဝန် ရဖို့ အဆင်ပြေစေမှာလဲ?

ခေတ်သစ်နေ့စဉ်ဘဝတွေရဲ့ ဖိအားအရ အိမ်ထောင်ရှင် ဇနီးမောင်နှံတွေဟာ မိသားစု တစ်ခုဖြစ်လာဖို့ အစီအစဉ်ကိုတစ်ဖြည်းဖြည်း ချင်း အချိန် ဆွဲလာ ခဲ့ကြပါတယ်။ နောက်ဆုံး ရလဒ်တစ်ခုကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ခန့်ဟာ မျိုးပွားခြင်းဆိုင်ရာ ပြဿနာ တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ပျမ်းမျှအားဖြင့်တော့ စုံတွဲ ၄ တွဲမှာ ၁ တွဲခန့်ဟာ ကလေး မရတဲ့ ပြဿနာတွေ ကြုံနေရပါတယ်။

သင့်ရဲ့ ကလေးရနိုင်မယ့် အခွင့်အရေးကို ပိုမိုကောင်းမွန်လာစေဖို့အတွက် သင်လုပ်နိုင်တာလေးတွေတော့ရှိပါတယ်။ အစားအသောက် ပိုမိုစားသုံးတာမျိုး ၊ အရက်သောက်ပြီး ကာမဆန္ဒ ရယူတာမျိုး ၊ ကဖိန်းမှီဝဲမှုကို လျှော့ချတာမျိုးတွေပေါ့။

ဒါပေမယ့်လည်း မျိုးပွားခြင်း ဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Marilyn Glenville က ပြောတာတော့ စုံတွဲတွေရဲ့ ချစ်တင်းနှောတဲ့ ပုံစံအနေအထားနဲ့ ချစ်တင်းနှောအပြီးမှာ ရှိနေတဲ့ ပုံစံအနေအထားတို့ဟာ ကိုယ်ဝန်ရစေဖို့အတွက် အထောက်အကူဖြစ်စေတယ်ဆိုတာပါပဲ။

သူမပြောခဲ့တဲ့အကြောင်းအရာကတော့ အမျိုးသားရဲ့ သုတ်ပိုး(Sperm) ဟာ အမျိုးသမီး အင်္ဂါအတွင်းကနေ သားအိမ်ပြွန်အတွင်းဝင်ရောက်နိုင်မှ ကိုယ်ဝန်ရမှာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေ လဲလျောင်းလျက်ရှိတဲ့ ပုံစံအနေအထား ဟာ ကိုယ်ဝန် ရယူဖို့အကောင်းဆုံးဖြစ်ပါတယ်တဲ့။ "အမျိုးသားတွေ အပေါ်စီးကနေတဲ့ ပုံစံအနေအထားဟာ အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ရှိလာစေဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ" လို့ သူမက DailyMail သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဒါပေမယ့် သူမက သတိပေးပြောပြခဲ့တာကတော့ ဒီ သီအိုရီ ကို သက်သေပြနိုင်ဖို့တော့ သိပ္ပံနည်းကျလေ့လာထားမှုတွေမရှိပါဘူးတဲ့။ "အချိုးကျတွက်ချက်ကြည့်မယ်ဆိုရင် အဲဒီ ပုံစံအနေအထားဟာ အမျိုးသား ရဲ့ သုတ်ပိုးကို အမျိုးသမီးရဲ့ သားအိမ်အဝအထိ ရောက်သွားနိုင်စေပါတယ်" လို့ ဒေါက်တာ Glenville က ဆိုပါတယ်။

အမျိုးသမီက အထက်စီးကနေတဲ့ ပုံစံအနေအထားနဲ့ အမျိုးသားက အမျိုးသမီးနောက်မှာရှိနေတဲ့ ပုံစံအနေအထားတို့ကတော့ အမျိုးသမီးရဲ့ သားအိမ်ပြွန်အတွင်း သုတ်ပိုးဝင်ရောက်ဖို့ခဲယဉ်းစေတယ်လို့လည်း သူမရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် အိမ်ထောင်ရေးသုခလို့ ဆိုကြတဲ့ အမျိုးသား ရော အမျိုးသမီးပါ ချစ်တင်းနှောခြင်းမှာ စိတ်ကျေနပ်မှု ရရှိကာ ပြီးမြောက်ခြင်းဟာလည်း အရေးကြီးတယ်လို့ သူမကဆိုပါတယ်။

အမျိုးသမီး ရဲ့ စိတ်ကျေနပ်မှု ရရှိခြင်းဟာ ပြီးပြည့်စုံတဲ့ လေဟာနယ်တစ်ခုကို ဖြစ်ပေါ်စေပြီး အမျိုးသမီး အင်္ဂါအတွင်း ဝင်ရောက်လာတဲ့ သုတ်ပိုးတွေကို သားအိမ်ဝအထိ စုပ်ယူနိုင်စွမ်းရှိသွားစေတယ်လို့ ဒေါက်တာ Glenville က ထည့်သွင်းရှင်းပြခဲ့ပါတယ်။

Credit:thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top