iMyanmarHouse.com - Best Property Website for Myanmar
×

The Pirates Of The Caribbean မင္းသား ဂၽြန္နီဒပ္သည္ ကြာရွင္းျပတ္စဲမည့္ကိစၥကို ေျဖရွင္းရာတြင္ ဘ႑ာေရးဆိုင္ရာ စာရြက္စာတမ္းမ်ားကို လႊဲေျပာင္းေပးရန္ ျငင္းဆန္လ်က္ရွိေၾကာင္း အမ္မာဟာ့ဒ္က ၾသဂုတ္ ၂ ရက္က တရား႐ံုး၌ ထပ္မံတိုင္တန္းထားေသာ စာရြက္စာတမ္းမ်ားတြင္ ေျပာၾကားထားသည္။

ၿပီးခဲ့သည့္ သီတင္းပတ္က ဘ႑ာေရးဆိုင္ရာ အခ်က္အလက္မ်ားအတြက္ ဟာ့ဒ္၏ တရား၀င္ ေမတၱာရပ္ခံခ်က္ကို  ဂၽြန္နီဒပ္က ျပန္လည္တံု႕ျပန္ခဲ့သည္။

အသက္ ၅၃ ႏွစ္အရြယ္ရွိ ဂၽြန္နီဒပ္က တရား႐ံုးကို ဟာ့ဒ္ႏွင့္ပတ္သက္သည့္ ယံုၾကည္စိတ္ခ်ရေသာ သေဘာတူညီခ်က္အတြက္ ေတာင္းဆိုခဲ့ၿပီး ကြာရွင္းသည့္ ကိစၥတြင္ စာရြက္စာတမ္းမ်ား အားလံုးကို ကာကြယ္ေပးသည့္ အမိန္႔တစ္ခုကိုလည္း ေတာင္းဆိုခဲ့သည္။

ဂၽြန္နီဒပ္သည္ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသာ သေဘာတူညီခ်က္ကို သက္ေသလက္မွတ္ ေရးထိုးေသာ ကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ မ်က္ျမင္သက္ေသမ်ားကိုလည္း ေမတၱာရပ္ခံမႈမ်ားကို ျပဳလုပ္ခဲ့ၿပီး မည္သည့္ ခ်ိဳးေဖာက္မႈမ်ိဳးကိုမဆို ဟာ့ဒ္ႏွင့္ ၎၏ ေရွ႕ေနအဖြဲ႔သည္ ဥပေဒခ်ိဳးေဖာက္မႈတိုင္းအတြက္ အေမရိကန္ေဒၚလာ ၁၀၀၀၀၀ ေပးေဆာင္ရမည္ဟု ေတာင္းဆိုခဲ့သည္။

ယခုအခ်ိန္ထိ ဟာ့ဒ္သည္ ကြာရွင္းသည့္ကိစၥတြင္ ယံုၾကည္စိတ္ခ်ရမႈအတြက္ မည္သည့္ သေဘာတူညီခ်က္ကိုမဆို လက္မွတ္ေရးထိုးရန္ ျငင္းဆန္လ်က္ရွိသည္။ ဟာ့ဒ္ႏွင့္ ၎၏ ေရွ႕ေန ဆမန္သာစပက္တာတုိ႔သည္ မီဒီယာမ်ားႏွင့္ တစ္ႀကိမ္ထက္မနည္း ပါ၀င္ေဆာင္ရြက္ခဲ့ၿပီး တရား၀င္ ေပးအပ္သည့္ ဥစၥာေၾကးေငြ အေၾကာင္းၾကားခ်က္မွ ကန္႔သတ္ခ်က္မ်ားကို ေပါက္ၾကားေအာင္ လုပ္ေဆာင္ခဲ့ေၾကာင္း ဂၽြန္နီဒပ္၏ ေရွ႕ေန႔က စြပ္စြဲ ေျပာၾကားထားသည္။

ဒပ္၏ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသာ သေဘာတူညီခ်က္သည္ လက္ခံႏိုင္စရာ မရွိျခင္းေၾကာင့္ ဒဏ္ေၾကးေငြ အေမရိကန္ေဒၚလာ ၁၀၀၀၀၀ ေတာင္းဆုိမႈသည္ ေပါက္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ဟာ့ဒ္က ထပ္မံတိုင္တန္းထားေသာ စာရြက္စာတမ္းတြင္ ေျပာၾကားထားသည္။

ေမလက ဟာ့ဒ္သည္ ဂၽြန္နီဒပ္ကို အိမ္တြင္းအၾကမ္းဖက္မႈျဖင့္ တရားစြဲဆိုခဲ့ၿပီး ကြားရွင္းေပးရန္ တရား႐ံုးတြင္ အမႈဖြင့္ခဲ့သည္။

Credit : thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

The Pirates Of The Caribbean မင်းသား ဂျွန်နီဒပ်သည် ကွာရှင်းပြတ်စဲမည့်ကိစ္စကို ဖြေရှင်းရာတွင် ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများကို လွှဲပြောင်းပေးရန် ငြင်းဆန်လျက်ရှိကြောင်း အမ်မာဟာ့ဒ်က သြဂုတ် ၂ ရက်က တရားရုံး၌ ထပ်မံတိုင်တန်းထားသော စာရွက်စာတမ်းများတွင် ပြောကြားထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအတွက် ဟာ့ဒ်၏ တရားဝင် မေတ္တာရပ်ခံချက်ကို  ဂျွန်နီဒပ်က ပြန်လည်တုံ့ပြန်ခဲ့သည်။

အသက် ၅၃ နှစ်အရွယ်ရှိ ဂျွန်နီဒပ်က တရားရုံးကို ဟာ့ဒ်နှင့်ပတ်သက်သည့် ယုံကြည်စိတ်ချရသော သဘောတူညီချက်အတွက် တောင်းဆိုခဲ့ပြီး ကွာရှင်းသည့် ကိစ္စတွင် စာရွက်စာတမ်းများ အားလုံးကို ကာကွယ်ပေးသည့် အမိန့်တစ်ခုကိုလည်း တောင်းဆိုခဲ့သည်။

ဂျွန်နီဒပ်သည် ထုတ်ဖော်ပြောကြားခြင်းမရှိသော သဘောတူညီချက်ကို သက်သေလက်မှတ် ရေးထိုးသော ကျွမ်းကျင်ပညာရှင်များနှင့် မျက်မြင်သက်သေများကိုလည်း မေတ္တာရပ်ခံမှုများကို ပြုလုပ်ခဲ့ပြီး မည်သည့် ချိုးဖောက်မှုမျိုးကိုမဆို ဟာ့ဒ်နှင့် ၎င်း၏ ရှေ့နေအဖွဲ့သည် ဥပဒေချိုးဖောက်မှုတိုင်းအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ပေးဆောင်ရမည်ဟု တောင်းဆိုခဲ့သည်။

ယခုအချိန်ထိ ဟာ့ဒ်သည် ကွာရှင်းသည့်ကိစ္စတွင် ယုံကြည်စိတ်ချရမှုအတွက် မည်သည့် သဘောတူညီချက်ကိုမဆို လက်မှတ်ရေးထိုးရန် ငြင်းဆန်လျက်ရှိသည်။ ဟာ့ဒ်နှင့် ၎င်း၏ ရှေ့နေ ဆမန်သာစပက်တာတို့သည် မီဒီယာများနှင့် တစ်ကြိမ်ထက်မနည်း ပါဝင်ဆောင်ရွက်ခဲ့ပြီး တရားဝင် ပေးအပ်သည့် ဥစ္စာကြေးငွေ အကြောင်းကြားချက်မှ ကန့်သတ်ချက်များကို ပေါက်ကြားအောင် လုပ်ဆောင်ခဲ့ကြောင်း ဂျွန်နီဒပ်၏ ရှေ့နေ့က စွပ်စွဲ ပြောကြားထားသည်။

ဒပ်၏ ထုတ်ဖော်ပြောကြားခြင်းမရှိသော သဘောတူညီချက်သည် လက်ခံနိုင်စရာ မရှိခြင်းကြောင့် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ တောင်းဆိုမှုသည် ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း ဟာ့ဒ်က ထပ်မံတိုင်တန်းထားသော စာရွက်စာတမ်းတွင် ပြောကြားထားသည်။

မေလက ဟာ့ဒ်သည် ဂျွန်နီဒပ်ကို အိမ်တွင်းအကြမ်းဖက်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ကွားရှင်းပေးရန် တရားရုံးတွင် အမှုဖွင့်ခဲ့သည်။


Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top