iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ သကၠရာဇ္ကို ၄ နဲ႕ေျမွာက္ ေျမာက္လို႕ရတဲ့ အေျဖကို ၇ နဲ႕ စား
အၾကြင္းကို ေအာက္မွာ ဖတ္ပါ။

[ျမန္မာေမြးသကၠရာဇ္ရွာနည္း -ေမြးႏွစ္ခရစ္ႏွစ္ထဲက(April 16 ရက္ မေက်ာ္လွ်င္)- ၆၃၉ ကိုႏွဳတ္ပါ= ေမြးေန႕ ျမန္မာသကၠရာဇ္ရမည္ ၊ ေမြးႏွစ္ ခရစ္ႏွစ္ထဲက (April 16 ရက္ေက်ာ္လွ်င္)- ၆၃၈ ႏွဳတ္ပါ = ျမန္မာသကၠရာဇ္ရမည္]

(အၾကြင္း ၇ ဆိုလွ်င္ အၾကြင္း ၀ေဟာကိန္း ႏွင့္ အတူူတူျဖစ္သည္၊
အၾကြင္း ၈ ဆိုလွ်င္ အၾကြင္း ၁ ေဟာကိန္းႏွင့္ အတူူတူျဖစ္သည္၊
အၾကြင္း ၉ ဆိုလွ်င္ အၾကြင္း ၂ ႏွင့္ အတူူတူျဖစ္သည္)

အၾကြင္း( 1 )
ရခဲ့ရင္ေတာ့လက္မ ေထာင္လုိက္ပါ။ ဖိုးကံေကာင္းေလးေပါ့။

ကိုယ္ရမဲ့မိန္းကေလးကအျပစ္ကင္းသူေလးပါ။ ကိုယ့္က်င့္ သိကၡာနဲ႔ျပည့္စံုတဲ့သူပါ။

ေအးတဲ့ ေနရာမွာေတာ့ ေရခဲက ဆရာေခၚရေအာင္ပါပဲ။

ရီးစားေတာင္ ထားရေကာင္းမွန္းမသိတဲ့သူပါ။ အလုပ္တဖက္ ပညာတစ္ဖက္နဲ႕ ဘ၀သမားေလးပါ။

ကိုယ္ပိုင္အစြမ္း အစနဲ႕ ေနႏိုင္တဲ့သူ၊ ဥာဏ္ထက္ျမက္တဲ့သူေလးပါ။ တစ္ခါတစ္ေလ ႏြဲ႕ဆိုး ဆိုးတက္ေပမဲ့

တည္တည္ၾကည္ၾကည္နဲ႕ ေနထိုင္တက္သူျဖစ္မယ္။ သြက္သြက္လက္လက္နဲ႕ မိန္းမဆန္တယ္။

ေခတ္မီေပမဲ့ ေခတ္ မဆန္ဘူး။ သ၀န္ေလးေတာ့ ေၾကာင္တက္တယ္။ သူ႕ေရွ႕မွာ မိန္းကေလးအေၾကာင္းေတာ့

ေယာင္လို႕ေတာင္ မေျပာမိေစနဲ႕ ေခ်ာ့ရတာ ေမာသြားမယ္။ သူမ်ားေတြနဲ႕က်ရင္ လူၾကီးဆန္ၿပီး ကိုယ့္အေပၚက်ေတာ့

ကေလးဆန္လြန္းေတာ့ မိဘေတြေတာ့ အျမင္မၾကည္ျဖစ္လိမ့္မယ္။ ကုိယ့္အေပၚမွာေတာ့ သစၥာရွိတဲ့သူေလးပါေနာ္။

အၾကြင္း( 2 )
ရခဲ့ရင္ေတာ့ အခ်စ္ဆိုတာ ေပးဆပ္ျခင္းလို႕သာ အဓိပၸာယ္ဖြင့္လိုက္ပါေတာ့။

ကိုယ့္ကေတာ့ အခ်စ္သူရဲေကာင္းၾကီးပါ။ ေမတၱာတရားအျပည့္နဲ႕ ခြင့္လြတ္ၾကင္နာတက္တဲ့သူေပါ့။

ကိုယ္နဲ႕ေတြ႕မဲ႕ မိန္းကေလးက အျခားသူေၾကာင့္ အသဲကြဲေ၀ဒနာခံစားေနရသူေလးပါ။

သူ႕အေၾကာင္းကို မျခြင္းမခ်န္ ရင္ဖြင့္လာမဲ့သူေပါ့။ ကိုယ္က ကရုနာအျပည့္နဲ႕ စီးၾကိဳမဲ့သူပါ။

သူကလည္း အတိတ္ကလူဆီကို စိတ္မညြတ္ပဲ သစၥာရွိမဲ့ မိန္းကေလးပါ။

အလြန္သာယာတဲ့ အိမ္ေထာင္ေရးျဖစ္လာပါလိမ့္မယ္။ အိမ္ေထာင္တာ၀န္ ေက်ပြန္တဲ့အိမ္ရွင္မတစ္ေယာက္ပါ။

အေခ်ာအလွေလးကလည္း ျဖစ္ဦးမွာ ။ရုပ္ဆင္းရူပါကေတာ့ လူတကာ ေငးရေလာက္တဲ့သူေနာ္။

အိမ္ေထာင္ထိန္းေတာ္ၿပီး ကိုယ့္မိဘအသိုင္းအ၀ိုင္းနဲ႕လည္း အဆင္ေျပလို႕ ေနာက္ဆို ကိုယ္ကသမက္လို႕ေတာင္

အထင္ခံရလိမ့္မယ္ေနာ္။

အၾကြင္း( 3 )
ရခဲ့ရင္ေတာ့ ေတာ္ေတာ္ႀကီးမဲ့သူပဲ…:D တမ်ိဳးမေတြးနဲ႕ေဆြၾကီးမ်ိဳးၾကီးထဲကျဖစ္ျဖစ္၊ ျမင္႔ျမတ္ေသာ

အမ်ိဳးအႏြယ္ ကျဖစ္ျဖစ္ ဒီလို မိန္းကေလးမ်ိဳးနဲ႔ အိမ္ေထာင္က်မွာ။ ဂုဏ္ပကာသန ၀န္းက်င္အလည္ ကေပါ႔။

ေတာ္ေတာ္မာနၾကီးမွာ။ စိတ္ၾကီး ေခါင္းမာ ပညာတတ္ ႏွလံုးသားခ်ိဳေသာလည္း ဘုဂြေျပာတတ္ျပီး ေတာ္ ရံုတန္ရံုကို

အဖက္မလုပ္တက္တဲ့သူမ်ိဳး၊ ပညာတက္ၿပီးကိုယ္ပိုင္အရည္အခ်င္းနဲ႕ရပ္တည္ႏိုင္တဲ့သူ၊

တခုေတာ႔ေျပာမယ္ ကိုယ္နဲ႕ အိမ္ေထာင္က်ၿပီးလည္း ကိုယ့္အသိုင္း၀ိုင္းထဲ ၀င္လာမဲ့သူမ်ိဳး မဟုတ္ဘူး၊

ကိုယ္ကပဲ သူ႕အသိုင္း၀ိုင္းထဲ၀င္ရလိမ့္မယ္။ အနိုင္လိုတာ မဟုတ္ေပမယ္႔ အႏိုင္က်င့္တဲ့ ၀ါသနာေတာ့ရွိတယ္။

သူနဲ႔အိမ္ ေထာင္က်ျပီးအေပါင္းအသင္း ငယ္မိတ္ေဆြေတြထဲမွ ခပ္ညံ႔ညံ႔လာလည္ရင္ေတာ္ ရန္ျဖစ္မွာ။ ။

ဒါေပမဲ့ အိမ္ေထာင္ကံေကာင္းပါတယ္ေလ။ အိမ္ေထာင္ေၾကာင္႔ဘ၀မွာ ထူးျခားတဲ႔ တိုးတက္မူေတြရရွိမွာ။

သူ႕ေၾကာင့္ပဲ တိုးတက္မႈေတြရ လာလိမ့္မယ္။ သူကလဲကိုယ္႔ကို တိုက္တိုက္တြန္းတြန္းေလး အလုပ္လုပ္ခိုင္းမွာ။

ကြယ္ရာမွ သူငယ္ခ်င္းေတြ မိန္းမေၾကာက္လို႔ ေျပာရင္ေတာ႔ ခံေပေတာ႔ ။

ဒါေပမယ္႔ ေအာင္ျမင္ တဲ့ ေယာက်ၤားတစ္ေယာက္ေနာက္မွာထက္ျမက္တဲ့ မိန္းမရွိတယ္ ဆုိတာမ်ိဳးေပါ့။

အၾကြင္း( 4 )
ရခဲ့ရင္ေတာ့ ေတာ္၀င္သူေလးပါ။

အသိုင္း၀ိုင္းၾကီးထဲကေန အခ်စ္တြက္အရာရာကို စြန္႕လြတ္ၿပီးကုိယ့္ဘ၀ထဲ ေရာက္လာမဲ့သူေလးပါ။

ေလးစားေလာက္စရာ လူမ်ိဳးျဖစ္ပါလိမ့္မယ္။

ဘ၀အေတြ႕အၾကံဳနည္းၿပီးဘ၀ကိုေအးေအးခ်မ္းခ်မ္း၊ ျပည့္ျပည့္စံုစံုနဲ႕ေနထိုင္ခဲ့တဲ့သူပါ။

သဇင္ပန္းလိုမိန္းမသားနဲ႕ အိမ္ေထာင္က်လို႕သူငယ္ခ်င္းမ်ားက မုဒိတာပြားၾကပါလိမ့္မယ္။

အလြန္သီးခံတက္၊ ခြင့္လြတ္တက္ေပမဲ့ မဟုတ္တာလုပ္ရင္ေတာ့ ေတာ္ေတာ္ကိုပြဲၾကမ္းမဲ့သူ မာနခဲမေလးပါ။

မိဘေတြနဲ႕လည္း အဆင္ေျပပါလိမ့္မယ္။ အေပးကမ္းလည္းရက္ေရာတယ္။ အရာရာကိုယ့္သေဘာပါ။

အဲ ေနာက္တေယာက္ေတာ့ စိတ္နဲ႕ေတာင္ ရႈတ္ဖို႕မစဥ္းစားနဲ႕ ကြာရွင္းစာခ်ဳပ္ လက္မွတ္ထိုးၿပီးသားပဲေနာ္။

သေဘာထားၾကိးေပမဲ့ ဒါမ်ိဳးေတာ့ ခြင့္မလြတ္တက္ဘူး၊

အျပင္အလုပ္ထြက္လုပ္ရင္ေတာင္ အိမ္ေထာင္မႈ မလစ္ဟင္းေစရတဲ့သူမ်ိဳးပါ။

မိန္းမရကံေကာင္းပါတယ္။

အၾကြင္း( 5 )
ရခဲ့ရင္ေတာ့ ဆိုရွယ္မမပဲ၊ ေခတ္ထက္ကို ေရွးကေျပးေနတဲ့ သူေလ၊ေ ဟာ့ေရွာ့လို႕ေျပာရမလား၊

အလန္းဇယားလို႕ေျပာရမလား (ရုပ္ရွင္ေၾကျငာ၀င္တာမဟုတ္ပါ) အေတာ္ကို စတိုင္မိတဲ့ မလိုင္ခဲမမေနာ္။

ျပင္ဆင္ထားပံုမ်ားကေတာ့ မားကတ္မွာ အလွျပထားတဲ့ ေကာ္ပတ္ရုပ္နဲ႕နင္လားငါလား၊ ရီးစားမ်ားတာလား

လာမေျပာနဲ႕ ရွင့္ေတာင္သနားလို႕ ယူထားတာေနာ္။

လြတ္လပ္မႈကို ျမတ္ႏုိးၿပိး ကိုယ္ပိုင္အစြမ္းအစနဲ႕ ေနခ်င္တဲ့သူ၊

သြားမ်ား မေျပာမိေစနဲ႕ ကိုယ့္ကို ျပန္တရား ေဟာသြားလိမ့္မယ္။

သူ႕ေက်းဇူးနဲ႕ ႏိုင္ငံျခားလည္း ေရာက္ဦးမယ္။

ပညာေတာ္သင္ေတာ့ မဟုတ္ဘူး၊ အလုပ္လုပ္ဖို႕ အတင္းလြတ္လိုက္တာ၊

ပစၥည္းဆိုလည္း အေကာင္းစားမွ သံုးတာ၊ အစားအေသာက္ဆိုလည္း ထမင္းခ်က္ ေကာင္းေကာင္းခန္႕ေပးထားရမယ္။

သူနဲ႕အိမ္ေထာင္က်ၿပီး သူ႕ပံုစံအတိုင္း ကိုယ္ပါေမ်ာပါသြားလို႕ သူငယ္ခ်င္းေတြ လမ္းေတြေတာင္ မမွတ္မိျဖစ္ေနလိမ့္မယ္။

အၾကြင္း( 6 )

ရခဲ့ရင္ေတာ့ ေမတၱာတရားႀကီးမားတဲ့သူပါ။

တစ္ေယာက္အေၾကာင္း တစ္ေယာက္သိတဲ့ သူငယ္ခ်င္းလို မိတ္ေဆြလိုကေန အဆင့္တက္သြားမွာပါ။

သူနဲ႕ အိမ္ေထာင္မက်ခင္ ကိုယ့္မွာ ရီးစားရွိခဲ့တာလည္း သူကသိႏွင့္ၿပီးသားပါ။

မေမွ်ာ္လင့္ပဲ သံေယာဇဥ္တြယ္ၿပိး ခ်စ္သြားၾကမွာ၊ အိမ္ေထာင္က်ၿပီး သူ႕ေမတၱာရိပ္ေအာက္မွာ ေအးေအးခ်မ္းခ်မ္းေနရမွာပါ။

ဆိုးတိုင္ပင္ ေကာင္းတိုင္ပင္ ႏွစ္ေယာက္သား အတူသြားအတူလာ ျဖစ္ လိမ့္မယ္။

သေဘာထားၾကီးၿပီး အရမ္းခ်စ္တက္တဲ့ မိန္းကေလးပါ။

နားလည္မႈရွိၿပီးကိုယ့္ပတ္၀န္းက်င္နဲ႕ အဆင္ေျပမဲ့သူပါ။

အိမ္ေထာင္က်ၿပီး ေနာက္ကိုယ့္အလုပ္ေတြကို ၀ိုင္းကူၿပီး ၾကီးပြားေရး စီးပြားေရးေတြ လုပ္ျဖစ္ပါလိမ့္မယ္။

သင့္အတြက္ အရာအားလံုး သူ႕လက္သူ႕ေျခနဲ႕ကိုယ္တိုင္လုပ္ေပးရမွ ေက်နပ္တဲ့သူမ်ိဳးပါ။

သင့္ကို သူငယ္ခ်င္းေတြ ၀ိုင္းၿပီးအားက်ေနလိမ့္မယ္။

အၾကြင္း( 0 )
ရခဲ့ရင္ေတာ့ ေတာ္ေတာ္ေလးထူးျခားတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ရပါလိမ့္မယ္။

ကိုယ့္ထက္ တစ္ခုခုႀကီးတဲ့ မိန္းကေလးမ်ိဳးနဲ႕ အိမ္ေထာင္က်လိမ့္မယ္။

အသက္တို႕ ပညာတို႕ ဂုဏ္တို႕ ကိုေျပာတာေနာ္…:D။

ဘာသာမတူတာမ်ိဳးလည္း ျဖစ္တက္တယ္။ ကုိယ့္အေပၚမွာ အလိုလိုက္လိမ့္မယ္။

အရိပ္တၾကည့္ၾကည့္နဲ႕ စိတ္မခ်ျဖစ္တက္တယ္။

သူမ်ား ပစ္သြားမလားဆိုတ့ဲ စိုးရိမ္စိတ္ေလးနဲ႕ အလွေတာ့ အေတာ္ျပင္မဲ့သူပဲ၊

ကိုယ့္အေပၚမွာမိခင္ေမတၱာမ်ိဳးနဲ႕ ခ်စ္လိမ့္မယ္။

ကိုယ္ဆိုးသမွ် အႏြံအတာခံၿပီး သူစိတ္အလိုမက်ရင္ေတာ့ မ်က္ရည္ေလး ကလယ္ကလယ္နဲ႕ ျဖစ္လိမ့္မယ္။

ဘ၀မွာ ၾကံဳေတြ႕ရမဲ့ အခက္အခက္ေတြကို လက္တြဲမျဖဳတ္ပဲ ရင္ဆိုင္ေပးမဲ့သူမ်ိဳးပါ။

ေခတ္ပညာတက္ၿပီး အစြမ္းအစရွိတဲ့သူ၊ ဆရာလုပ္ အမိန္႕ေပးႏိုင္တဲ့သူပါ။

(အၾကြင္း ၇ ဆိုလွ်င္ အၾကြင္း ၀ေဟာကိန္း ႏွင့္ အတူူတူျဖစ္သည္၊ အၾကြင္း ၈ ဆိုလွ်င္ အၾကြင္း ၁ ေဟာကိန္းႏွင့္ အတူူတူျဖစ္သည္၊ အၾကြင္း ၉ ဆိုလွ်င္ အၾကြင္း ၂ ႏွင့္ အတူူတူျဖစ္သည္)


Credit:ျမန္မာ.ရိုးရာေဗဒင္ပညာရပ္


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မြန်မာ သက္ကရာဇ်ကို ၄ နဲ့မြှောက် မြောက်လို့ရတဲ့ အဖြေကို ၇ နဲ့ စား
အကြွင်းကို အောက်မှာ ဖတ်ပါ။

[မြန်မာမွေးသက္ကရာဇ်ရှာနည်း -မွေးနှစ်ခရစ်နှစ်ထဲက(April 16 ရက် မကျော်လျှင်)- ၆၃၉ ကိုနှုတ်ပါ= မွေးနေ့ မြန်မာသက္ကရာဇ်ရမည် ၊ မွေးနှစ် ခရစ်နှစ်ထဲက (April 16 ရက်ကျော်လျှင်)- ၆၃၈ နှုတ်ပါ = မြန်မာသက္ကရာဇ်ရမည်]

(အကြွင်း ၇ ဆိုလျှင် အကြွင်း ဝဟောကိန်း နှင့် အတူူတူဖြစ်သည်၊
အကြွင်း ၈ ဆိုလျှင် အကြွင်း ၁ ဟောကိန်းနှင့် အတူူတူဖြစ်သည်၊
အကြွင်း ၉ ဆိုလျှင် အကြွင်း ၂ နှင့် အတူူတူဖြစ်သည်)

အကြွင်း( 1 )
ရခဲ့ရင်တော့လက်မ ထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။

ကိုယ်ရမဲ့မိန်းကလေးကအပြစ်ကင်းသူလေးပါ။ ကိုယ့်ကျင့် သိက္ခာနဲ့ပြည့်စုံတဲ့သူပါ။

အေးတဲ့ နေရာမှာတော့ ရေခဲက ဆရာခေါ်ရအောင်ပါပဲ။

ရီးစားတောင် ထားရကောင်းမှန်းမသိတဲ့သူပါ။ အလုပ်တဖက် ပညာတစ်ဖက်နဲ့ ဘဝသမားလေးပါ။

ကိုယ်ပိုင်အစွမ်း အစနဲ့ နေနိုင်တဲ့သူ၊ ဉာဏ်ထက်မြက်တဲ့သူလေးပါ။ တစ်ခါတစ်လေ နွဲ့ဆိုး ဆိုးတက်ပေမဲ့

တည်တည်ကြည်ကြည်နဲ့ နေထိုင်တက်သူဖြစ်မယ်။ သွက်သွက်လက်လက်နဲ့ မိန်းမဆန်တယ်။

ခေတ်မီပေမဲ့ ခေတ် မဆန်ဘူး။ သဝန်လေးတော့ ကြောင်တက်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့

ယောင်လို့တောင် မပြောမိစေနဲ့ ချော့ရတာ မောသွားမယ်။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျတော့

ကလေးဆန်လွန်းတော့ မိဘတွေတော့ အမြင်မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိတဲ့သူလေးပါနော်။

အကြွင်း( 2 )
ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပာယ်ဖွင့်လိုက်ပါတော့။

ကိုယ့်ကတော့ အချစ်သူရဲကောင်းကြီးပါ။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွတ်ကြင်နာတက်တဲ့သူပေါ့။

ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက အခြားသူကြောင့် အသဲကွဲဝေဒနာခံစားနေရသူလေးပါ။

သူ့အကြောင်းကို မခြွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်က ကရုနာအပြည့်နဲ့ စီးကြိုမဲ့သူပါ။

သူကလည်း အတိတ်ကလူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။

အလွန်သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေပွန်တဲ့အိမ်ရှင်မတစ်ယောက်ပါ။

အချောအလှလေးကလည်း ဖြစ်ဦးမှာ ။ရုပ်ဆင်းရူပါကတော့ လူတကာ ငေးရလောက်တဲ့သူနော်။

အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘအသိုင်းအဝိုင်းနဲ့လည်း အဆင်ပြေလို့ နောက်ဆို ကိုယ်ကသမက်လို့တောင်

အထင်ခံရလိမ့်မယ်နော်။

အကြွင်း( 3 )
ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ…:D တမျိုးမတွေးနဲ့ဆွေကြီးမျိုးကြီးထဲကဖြစ်ဖြစ်၊ မြင့်မြတ်သော

အမျိုးအနွယ် ကဖြစ်ဖြစ် ဒီလို မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ဝန်းကျင်အလည် ကပေါ့။

တော်တော်မာနကြီးမှာ။ စိတ်ကြီး ခေါင်းမာ ပညာတတ် နှလုံးသားချိုသောလည်း ဘုဂွပြောတတ်ပြီး တော် ရုံတန်ရုံကို

အဖက်မလုပ်တက်တဲ့သူမျိုး၊ ပညာတက်ပြီးကိုယ်ပိုင်အရည်အချင်းနဲ့ရပ်တည်နိုင်တဲ့သူ၊

တခုတော့ပြောမယ် ကိုယ်နဲ့ အိမ်ထောင်ကျပြီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ဝင်လာမဲ့သူမျိုး မဟုတ်ဘူး၊

ကိုယ်ကပဲ သူ့အသိုင်းဝိုင်းထဲဝင်ရလိမ့်မယ်။ အနိုင်လိုတာ မဟုတ်ပေမယ့် အနိုင်ကျင့်တဲ့ ဝါသနာတော့ရှိတယ်။

သူနဲ့အိမ် ထောင်ကျပြီးအပေါင်းအသင်း ငယ်မိတ်ဆွေတွေထဲမှ ခပ်ညံ့ညံ့လာလည်ရင်တော် ရန်ဖြစ်မှာ။ ။

ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်ကြောင့်ဘဝမှာ ထူးခြားတဲ့ တိုးတက်မူတွေရရှိမှာ။

သူ့ကြောင့်ပဲ တိုးတက်မှုတွေရ လာလိမ့်မယ်။ သူကလဲကိုယ့်ကို တိုက်တိုက်တွန်းတွန်းလေး အလုပ်လုပ်ခိုင်းမှာ။

ကွယ်ရာမှ သူငယ်ချင်းတွေ မိန်းမကြောက်လို့ ပြောရင်တော့ ခံပေတော့ ။

ဒါပေမယ့် အောင်မြင် တဲ့ ယောကျၤားတစ်ယောက်နောက်မှာထက်မြက်တဲ့ မိန်းမရှိတယ် ဆိုတာမျိုးပေါ့။

အကြွင်း( 4 )
ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။

အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက်အရာရာကို စွန့်လွတ်ပြီးကိုယ့်ဘဝထဲ ရောက်လာမဲ့သူလေးပါ။

လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။

ဘဝအတွေ့အကြုံနည်းပြီးဘဝကိုအေးအေးချမ်းချမ်း၊ ပြည့်ပြည့်စုံစုံနဲ့နေထိုင်ခဲ့တဲ့သူပါ။

သဇင်ပန်းလိုမိန်းမသားနဲ့ အိမ်ထောင်ကျလို့သူငယ်ချင်းများက မုဒိတာပွားကြပါလိမ့်မယ်။

အလွန်သီးခံတက်၊ ခွင့်လွတ်တက်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကိုပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။

မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့်မယ်။ အပေးကမ်းလည်းရက်ရောတယ်။ အရာရာကိုယ့်သဘောပါ။

အဲ နောက်တယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးသားပဲနော်။

သဘောထားကြိးပေမဲ့ ဒါမျိုးတော့ ခွင့်မလွတ်တက်ဘူး၊

အပြင်အလုပ်ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။

မိန်းမရကံကောင်းပါတယ်။

အကြွင်း( 5 )
ရခဲ့ရင်တော့ ဆိုရှယ်မမပဲ၊ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ၊ေ ဟာ့ရှော့လို့ပြောရမလား၊

အလန်းဇယားလို့ပြောရမလား (ရုပ်ရှင်ကြေငြာဝင်တာမဟုတ်ပါ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။

ပြင်ဆင်ထားပုံများကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့နင်လားငါလား၊ ရီးစားများတာလား

လာမပြောနဲ့ ရှင့်တောင်သနားလို့ ယူထားတာနော်။

လွတ်လပ်မှုကို မြတ်နိုးပြိး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ၊

သွားများ မပြောမိစေနဲ့ ကိုယ့်ကို ပြန်တရား ဟောသွားလိမ့်မယ်။

သူ့ကျေးဇူးနဲ့ နိုင်ငံခြားလည်း ရောက်ဦးမယ်။

ပညာတော်သင်တော့ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ အတင်းလွတ်လိုက်တာ၊

ပစ္စည်းဆိုလည်း အကောင်းစားမှ သုံးတာ၊ အစားအသောက်ဆိုလည်း ထမင်းချက် ကောင်းကောင်းခန့်ပေးထားရမယ်။

သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံအတိုင်း ကိုယ်ပါမျောပါသွားလို့ သူငယ်ချင်းတွေ လမ်းတွေတောင် မမှတ်မိဖြစ်နေလိမ့်မယ်။

အကြွင်း( 6 )

ရခဲ့ရင်တော့ မေတ္တာတရားကြီးမားတဲ့သူပါ။

တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်းလို မိတ်ဆွေလိုကနေ အဆင့်တက်သွားမှာပါ။

သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာ ရီးစားရှိခဲ့တာလည်း သူကသိနှင့်ပြီးသားပါ။

မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြိး ချစ်သွားကြမှာ၊ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက်မှာ အေးအေးချမ်းချမ်းနေရမှာပါ။

ဆိုးတိုင်ပင် ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွားအတူလာ ဖြစ် လိမ့်မယ်။

သဘောထားကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။

နားလည်မှုရှိပြီးကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမဲ့သူပါ။

အိမ်ထောင်ကျပြီး နောက်ကိုယ့်အလုပ်တွေကို ဝိုင်းကူပြီး ကြီးပွားရေး စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။

သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်တဲ့သူမျိုးပါ။

သင့်ကို သူငယ်ချင်းတွေ ဝိုင်းပြီးအားကျနေလိမ့်မယ်။

အကြွင်း( 0 )
ရခဲ့ရင်တော့ တော်တော်လေးထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။

ကိုယ့်ထက် တစ်ခုခုကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ်။

အသက်တို့ ပညာတို့ ဂုဏ်တို့ ကိုပြောတာနော်…:D။

ဘာသာမတူတာမျိုးလည်း ဖြစ်တက်တယ်။ ကိုယ့်အပေါ်မှာ အလိုလိုက်လိမ့်မယ်။

အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ်တက်တယ်။

သူများ ပစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ၊

ကိုယ့်အပေါ်မှာမိခင်မေတ္တာမျိုးနဲ့ ချစ်လိမ့်မယ်။

ကိုယ်ဆိုးသမျှ အနွံအတာခံပြီး သူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ်။

ဘဝမှာ ကြုံတွေ့ရမဲ့ အခက်အခက်တွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပါ။

ခေတ်ပညာတက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ။

(အကြွင်း ၇ ဆိုလျှင် အကြွင်း ဝဟောကိန်း နှင့် အတူူတူဖြစ်သည်၊ အကြွင်း ၈ ဆိုလျှင် အကြွင်း ၁ ဟောကိန်းနှင့် အတူူတူဖြစ်သည်၊ အကြွင်း ၉ ဆိုလျှင် အကြွင်း ၂ နှင့် အတူူတူဖြစ်သည်)


Credit:မြန်မာ.ရိုးရာဗေဒင်ပညာရပ်

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top