iMyanmarHouse.com - Best Property Website for Myanmar
×

မိခင်အသံကို ၀မ်းဗိုက်ထဲမှာ နေစဉ်ကတည်း မှတ်မိနေတတ်တာမို့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ရင်သွေးငယ်ကို စာဖတ်ပြသင့်ပါတယ်။

မွေးကင်းစကလေးငယ်လေးတွေကို စာဖတ်ပြခြင်းဟာ အကြားအာရုံစနစ်ကို ပိုမိုကောင်းမွန်စေဖို့ တွန်းအားပေးတာကြောင့် ကလေးငယ် နားမလည်သေးသော်လည်း စာဖတ်ပြလို့ရနေပါပြီ။

ဘယ်အရွယ်ပဲဖြစ်ဖြစ် ပုံမှန်စာဖတ်ပြခြင်းဖြင့် စာအုပ်တွေကို ကလေးရဲ့နေ့စဉ်ဘ၀ထဲမှာ ပါဝင်နေစေဖို့ ဖန်တီးပေးသင့်ပါတယ်။

မွေးကင်းစ လတွေမှာတော့ အကြောင်းအရာတွေ ရေးသားထားတဲ့စာအုပ်ထက် ကာရန်ပါတဲ့ စာအုပ်လေးတွေ ရွေးချယ်ဖတ်ပြသင့်ပါတယ်။

ထပ်ခါထပ်ခါ ဖတ်ပြခြင်းဟာ ကလေးငယ်ရဲ့ ဘာသာစကားစွမ်းရည်ကို ပိုမိုတိုးတက်စေဖို့ အကူအညီပေးပါတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းစေဖို့အတွက် စာဖတ်ပြတဲ့အခါ အသံအနိမ့်အမြင့်နဲ့ ဖတ်ပြဖို့ လိုအပ်ပါတယ်။

ကလေးငယ်လေးတွေဟာ အရောင်စုံစုံလင်လင်နဲ့ တောက်ပတဲ့ရုပ်ပေးလေးတွေကို ကြိုက်တတ်တာမို့ ရုပ်ပြကာတွန်းစာအုပ်လေးတွေလည်း ဖတ်ပြနိုင်ပါတယ်။

ကလေးငယ်လေးတွေအတွက် သဘောအကျဆုံးကတော့ မိခင်ရဲ့အနီးကပ်နွေထွေးမှု၊ အသံနဲ့ စာအုပ်တွေက အဓိက အရေးအကြီးဆုံး အရာတွေကပဲဖြစ်ပါတယ်။


Credit:Thit Htoo Lwin

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top