iMyanmarHouse.com - Best Property Website for Myanmar
×
၅။ အကောင်းမမြင်
၆။ အနာဂတ်အစီအစဉ်
၇။ မယုံကြည်ရ
၈။ အဆက်အသွယ်မလုပ်
Credit : Duwun
#Unicode Version
ကိုယ့်ရဲ့လက်တွဲဖော်နဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ရောက်လာပြီဆိုရင်တော့ အမြဲတမ်းအတွက် ရည်ရွယ်ပြီး သူဟာ သင့်တော်သူလာဆိုတာမျိုး စဉ်းစားခန်း ဝင်မိကြမှာပါ။
အထူးသဖြင့်တော့ ဒီလိုအတွေးမျိုးဟာ မိန်းကလေးတွေတွေးများကြတဲ့ အရာဖြစ်ပါတယ်။ ဒီအချက်တွေ သူ့မှာ မရှိသေးဘူး ဆိုရင်တော့ သင့်ရဲ့ ချစ်သူလို့တောင် မခေါ်ထိုက်သူမျိုး ဖြစ်ပါတယ်။
၁။ မိဘတွေနဲ့ မိတ်မဆက်ပေး
အချိန်အပိုင်းအခြားအားဖြင့် ခြောက်လ၊ တစ်နှစ်လောက်ကြာတဲ့အထိ သူ့မိဘာတွေနဲ့ သင့်ကိုမိတ်မဆက်ပေးသေးဘူးဆိုရင် သင့်အတွက် စိုးရိမ်စရာပါ။
၂။ သင့်အတွက့် အမြဲတမ်း အချိန်မပေး
ဘယ်လောက် အလုပ်ရှုပ်သူဖြစ်ပါစေ သင့်အတွက် အချိန်ဆိုတာတော့ အမြဲရှိရမှာပါ။  တစ်ခါတစ်လေတောင်မှ ရိုမန့်တစ်ဆန်တဲ့ ညစာစားပွဲမျိုး၊ ချိန်းတွေ့တာမျိုး မလုပ်ရင်တော့ သင့်အတွက်မကျေနပ်စရာပါပဲ။
၃။ သူငယ်ချင်းတွေနဲ့မိတ်ဆက်မပေး
သူ့မိတ်ဆွေ အပေါင်းအသင်းတွေက ဘယ်သူတွေ၊ ဘယ်ကလဲဆိုတာမျိုးမှ သင်မသိရင် သူနဲ့ ဘယ်လိုရှေ့ဆက်နိုင်မလဲ။
၄။ သူ့အကြောင်းဘာမှမပြောပြ
သင်မသိခဲ့တဲ့ သူ့ရဲ့အတိတ်တွေ ရှိခဲ့မှာပါ။ အားလုံးကို အသေးစိတ် သိစရာမလိုပေမယ့် သင်သိထားသင့်တဲ့ ယေဘုယျ အချက်တွေ မပြောပြဘူးဆိုရင် သူ့မှာဘာတွေ လျှို့ဝှက်ချက်ရှိလဲ သံသယ ဝင်စရာပါ။
၅။ အကောင်းမမြင်
သင်လုပ်သမျှ အတော်များများကို အကောင်းမမြင်တတ်တဲ့သူမျိုးဟာ သင့်အတွက် မထိုက်တန်ပါဘူး။ သင့်ကို အားပေးတဲ့ သူမျိုးပဲ ရှာသင့်ပါတယ်။
၆။ အနာဂတ်အစီအစဉ်
သင့်နဲ့ သူနဲ့ နှစ်ယောက်သား အနာဂတ်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတာလည်း သူ့မှာ အစီအစဉ်ရှိလား မေးကြည့်ပါ။
၇။ မယုံကြည်ရ
သူလုပ်သမျှတွေကို သင်ဘာမှ သိမနေဘူးဆိုရင် သင်ယုံကြည်ရတဲ့သူမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ယုံကြည်မှုဟာ စိတ်ချင်း ဆက်သွယ်မှုနဲ့လည်း ဆိုင်ပါတယ်။
၈။ အဆက်အသွယ်မလုပ်
အလုပ်ရှုပ်နေရင်တောင်မှ မက်ဆေ့နဲ့ဖြစ်ဖြစ်၊ဖုန်းနဲ့ ဖြစ်ဖြစ် သူဆက်သွယ်ရမှာပါ။ သင့်ဘက်လည်း ဒါမျိုး လုပ်ပေးဖို့ လိုပါတယ်။ သူက တစ်နေ့လုံးနေလို့ ဖုန်းတစ်ခါမှ မခေါ်တာမျိုး နေ့တိုင်း ဖြစ်လာရင်တော့ စဉ်းစားသင့်ပါပြီ။
Credit : Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top