iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားေကာင္းေတြက မိန္းမေတြစိတ္ႀကိဳက္ မဟုတ္ဘူးလား

မိန္းမကို အလိုလိုက္လြန္းသူေတြ ဘာေၾကာင့္ လမ္းခြဲရတာလဲ

မဟုတ္ပါဘူး။ မိန္းမေတြက ေယာက္်ားေကာင္းေတြကို မလိုခ်င္တာ မဟုတ္ပါဘူး။ ေယာက္်ားေကာင္း န

ဟန္ေဆာင္ေနတာကို မလိုခ်င္တာပါ။

ေယာက္်ားတစ္ေယာက္က ေကာင္းလြန္းေနရင္၊ ၾကင္နာလြန္းေနရင္၊ အေလ်ာ့ေပးလြန္းေနရင္ မိန္းမေတြ မႏွစ္မ်ိဳ႕တတ္ပါဘူး။ မိန္းမေတြဟာ အလြန္အကြၽံ ႏွစ္သိမ့္သူေတြေတြ၊ ေပးဆပ္လြန္းသူေတြနဲ႔ Mr. Nice Guy ေတြကုိ မႀကိဳက္ၾကပါဘူး။ အစစ္အမွန္ စိတ္သေဘာထားကိုပဲ ႀကိဳက္ၾကတာပါ။

ေယာက္်ားတစ္ေယာက္ဟာ အဲဒီ လူမ်ိဳးေတြထဲမွာ ပါဝင္ေနရင္ အစပိုင္းမွာ ေတာ့ ေပ်ာ္စရာေကာင္းပံု ရေပမယ္ ့အမွန္တကယ္က သူဟာ ကိုယ့္ဘာသာ လိမ္ညာေနသူ တစ္ေယာက္ ျဖစ္ေနလို႔ပါ။

Mr. Nice Guy ဆိုတာ အရမ္း အေလ်ာ့ေပးတတ္ၿပီး ဘယ္ေတာ့မွ ျပန္မျငင္းဆန္သူမ်ိဳးပါ။ သူ႔ကိုယ္သူ Gentleman တစ္ေယာက္ဆိုၿပီး ကိုယ့္ဘာသာ ျပန္ေလးစားေစဖို႔ သင့္ကို ေလးစားျပေနတာပါ။ အစစ္အမွန္ မဟုတ္ပါဘူး။

Mr. Nice Guy တစ္ေယာက္နဲ႔ အတူေနရျခင္းဟာ အစစ္အမွန္မဟုတ္ပဲ အျမဲ အေလ်ာ့ေပးေနလို႔ ပ်င္းစရာ ေကာင္းလွပါတယ္။ ကိုယ့္ဘာသာ ျပန္ၿပီး Date လုပ္ထားရသလိုပဲ ျပန္ျငင္းစရာ မ႐ွိပါဘူး။ အေဖာ္မပါပဲ တစ္ေယာက္ထဲ ကေနရသလိုပါပဲ။

မိန္းမေတြဟာ လူ႔ကန္႔လန္႔ေတြကို မလိုခ်င္ေပမယ့္ ကိုယ္ပိုင္ အယူအဆ ေျခေျချမစ္ျမစ္ ႐ွိတဲ့ ေယာက္်ားကို လိုခ်င္ပါတယ္။ တကယ္လို႔ လူတစ္ေယာက္ဟာ အျမဲ သေဘာတူေနမယ္ဆိုရင္ သူလိမ္ေနတာပါ။ ဘယ္ေတာ့မွ အျမဲ သေဘာမတူႏိုင္ပါဘူး။

ႏွစ္သိမ့္သူ ေတြက်ေတာ့ သင့္ကို ဂ႐ုစုိက္ၿပီး သင္ သေဘာတူတာေတြကိုပဲ လုပ္လြန္းလို႔ သူတို႔ ဘာလိုခ်င္လဲ ဘာျဖစ္ေနလဲဆိုတာ မျပၾကပါဘူး။ သူတို႔ဟာ သူတို႔ကိုယ္သူတို႔ ဘာလိုခ်င္မွန္း မသိသူေတြပါ။ ေျပာရရင္ ကိုယ့္ဘာသာ ျပန္လိမ္တတ္သူေတြပါ။

ႏွစ္သိမ့္သူေတြဟာ သူတို႔ လိုခ်င္သူတစ္ေယာက္ ဆံုး႐ွံုးမွာေၾကာက္လို႔ သူတို႔ကိုယ္ပိုင္ဆႏၵေတြနဲ႔ ခံစားခ်က္ေတြကို ခ်ိဳးႏွိမ္ၿပီး သင္ေက်နပ္ေအာင္ လုပ္ေပးသူေတြပါ။ သူတို႔ရဲ႕ စိတ္ထား ေနာက္ကြယ္က အမွန္တရားကေတာ့ သူတို႔ဟာ ေၾကာက္တတ္ၿပီး အျမဲ လိုအပ္ေနသူေတြပါ။

လိုအပ္သူေတြက်ေတာ့ သူတို႔ လိုခ်င္တာရဖို႔ သင့္စိတ္တိုင္းက်လုပ္ေပးေနတဲ့သူေတြပါ။ သူတို႔ လိုခ်င္တာက တစ္ခုပါပဲ။ သင္ပါပဲ။

အစပိုင္းမွာ ခ်စ္ျမတ္ႏိုးမႈ ပါဝင္သေယာင္ ထင္ရေပမယ့္ ၾကာလာတာနဲ႔ ခံစားလာရပါတယ္။ လိုအပ္တဲ့သူေတြဟာ သူတို႔ ခႏၶာကိုယ္ထဲက ကြက္လပ္တစ္ခုကို သင္နဲ႔ ျဖည့္ဖို႔ ႀကိဳးစားေနသူေတြပါ။ ေယာက္်ားတစ္ေယာက္က ငယ္ငယ္က မရခဲ့တဲ့ မိခင္ေမတၱာကို ရခ်င္တာေၾကာင့္ သင့္ဆီခ်ဥ္းကပ္လာသူမ်ိဳးေတြပါ။ မိန္းကေလးဆိုရင္ေတာ့ အေဖေပါ့။

မိန္းမ တစ္ေယာက္ဟာ အေမေနရာမွာထားခံလိုက္ရရင္ သူ႔ရဲ႕ လိင္ဆြဲေဆာင္မႈဟာ သုညအထိ က်သြားပါတယ္။

Mr. Nice Guy ေတြ၊ ႏွစ္သိမ့္သူေတြ၊ လိုအပ္သူေတြ အားလံုးမွာ ဘံုတူညီတာ႐ွိပါတယ္။ သူတို႔အားလံုးဟာ အလြန္အကြၽံေပးဆပ္သူေတြပါပဲ။

ခ်စ္သူကို အေလးထားတာ၊ ဦးစားေပးတာက သဘာဝက်ေပမယ့္ အလြန္အကြၽံ လုပ္တာကေတာ့ ပံုမလာပါဘူး။ ေပ်ာ့ညံ့လြန္းတဲ့ မိန္းကေလး၊ ေယာက္်ားဆန္လြန္းတဲ့ မိန္းကေလးေတြကို ေယာက်္ားေတြ မႀကိဳက္သလိုပဲ မိန္းမေတြကလဲ ကိုယ့္ဘာသာ ကိုယ္ ဂ႐ုစိုက္ႏိုင္ၿပီး ကိုယ့္စိတ္ထဲက လိုအပ္ခ်က္ေတြကို ကိုယ့္ဘာသာ ျဖည့္ဆည္းေပးႏိုင္သူေတြကိုပဲ လိုခ်င္ၾကတာပါ။

ဘဝ အစပိုင္းမွာ ခါးသီးတဲ့ အေတြ႕အၾကံဳေတြ ႐ွိခဲ့တဲ့ ေယာက္်ားေလး၊ မိန္းကေလးေတြဟာ အခ်စ္ကိုရဖို႔ ႏွစ္သိမ့္လိုၾကပါတယ္။ ေပးဆပ္လိုၾကပါတယ္။ သူတို႔ရဲ႕ ကိုယ္ပိုင္မာန၊ ကိုယ္ပိုင္ေလးစားမႈကို အလြန္အကြၽံ ေပးဆပ္ျခင္းနဲ႔ ျမႇင့္တင္ၾကပါတယ္။

ကိုယ့္လိုအပ္ခ်က္ကို ကိုယ့္ဘာသာ ျဖည့္ႏိုင္မွ က်န္းမာတဲ့ ခ်စ္ဇာတ္လမ္းတစ္ခု ထူေထာင္ႏိုင္မွာပါ။ ကိုယ့္ခ်စ္သူကို အသံုးခ်ၿပီး ျဖည့္လို႔ မရပါဘူး။

မိန္းမေတြဟာ လူေကာင္းေတြကို မႀကိဳက္ၾကတာ မဟုတ္ပါဘူး။ လူေကာင္း အစစ္အမွန္ေတြကိုပဲ လိုခ်င္ၾကတာပါ။

Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ယောက်ျားကောင်းတွေက မိန်းမတွေစိတ်ကြိုက် မဟုတ်ဘူးလား

မိန်းမကို အလိုလိုက်လွန်းသူတွေ ဘာကြောင့် လမ်းခွဲရတာလဲ

မဟုတ်ပါဘူး။ မိန်းမတွေက ယောက်ျားကောင်းတွေကို မလိုချင်တာ မဟုတ်ပါဘူး။ ယောက်ျားကောင်း န

ဟန်ဆောင်နေတာကို မလိုချင်တာပါ။

ယောက်ျားတစ်ယောက်က ကောင်းလွန်းနေရင်၊ ကြင်နာလွန်းနေရင်၊ အလျော့ပေးလွန်းနေရင် မိန်းမတွေ မနှစ်မျို့တတ်ပါဘူး။ မိန်းမတွေဟာ အလွန်အကျွံ နှစ်သိမ့်သူတွေတွေ၊ ပေးဆပ်လွန်းသူတွေနဲ့ Mr. Nice Guy တွေကို မကြိုက်ကြပါဘူး။ အစစ်အမှန် စိတ်သဘောထားကိုပဲ ကြိုက်ကြတာပါ။

ယောက်ျားတစ်ယောက်ဟာ အဲဒီ လူမျိုးတွေထဲမှာ ပါဝင်နေရင် အစပိုင်းမှာ တော့ ပျော်စရာကောင်းပုံ ရပေမယ့်အမှန်တကယ်က သူဟာ ကိုယ့်ဘာသာ လိမ်ညာနေသူ တစ်ယောက် ဖြစ်နေလို့ပါ။

Mr. Nice Guy ဆိုတာ အရမ်း အလျော့ပေးတတ်ပြီး ဘယ်တော့မှ ပြန်မငြင်းဆန်သူမျိုးပါ။ သူ့ကိုယ်သူ Gentleman တစ်ယောက်ဆိုပြီး ကိုယ့်ဘာသာ ပြန်လေးစားစေဖို့ သင့်ကို လေးစားပြနေတာပါ။ အစစ်အမှန် မဟုတ်ပါဘူး။

Mr. Nice Guy တစ်ယောက်နဲ့ အတူနေရခြင်းဟာ အစစ်အမှန်မဟုတ်ပဲ အမြဲ အလျော့ပေးနေလို့ ပျင်းစရာ ကောင်းလှပါတယ်။ ကိုယ့်ဘာသာ ပြန်ပြီး Date လုပ်ထားရသလိုပဲ ပြန်ငြင်းစရာ မရှိပါဘူး။ အဖော်မပါပဲ တစ်ယောက်ထဲ ကနေရသလိုပါပဲ။

မိန်းမတွေဟာ လူ့ကန့်လန့်တွေကို မလိုချင်ပေမယ့် ကိုယ်ပိုင် အယူအဆ ခြေခြေမြစ်မြစ် ရှိတဲ့ ယောက်ျားကို လိုချင်ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ အမြဲ သဘောတူနေမယ်ဆိုရင် သူလိမ်နေတာပါ။ ဘယ်တော့မှ အမြဲ သဘောမတူနိုင်ပါဘူး။

နှစ်သိမ့်သူ တွေကျတော့ သင့်ကို ဂရုစိုက်ပြီး သင် သဘောတူတာတွေကိုပဲ လုပ်လွန်းလို့ သူတို့ ဘာလိုချင်လဲ ဘာဖြစ်နေလဲဆိုတာ မပြကြပါဘူး။ သူတို့ဟာ သူတို့ကိုယ်သူတို့ ဘာလိုချင်မှန်း မသိသူတွေပါ။ ပြောရရင် ကိုယ့်ဘာသာ ပြန်လိမ်တတ်သူတွေပါ။

နှစ်သိမ့်သူတွေဟာ သူတို့ လိုချင်သူတစ်ယောက် ဆုံးရှုံးမှာကြောက်လို့ သူတို့ကိုယ်ပိုင်ဆန္ဒတွေနဲ့ ခံစားချက်တွေကို ချိုးနှိမ်ပြီး သင်ကျေနပ်အောင် လုပ်ပေးသူတွေပါ။ သူတို့ရဲ့ စိတ်ထား နောက်ကွယ်က အမှန်တရားကတော့ သူတို့ဟာ ကြောက်တတ်ပြီး အမြဲ လိုအပ်နေသူတွေပါ။

လိုအပ်သူတွေကျတော့ သူတို့ လိုချင်တာရဖို့ သင့်စိတ်တိုင်းကျလုပ်ပေးနေတဲ့သူတွေပါ။ သူတို့ လိုချင်တာက တစ်ခုပါပဲ။ သင်ပါပဲ။

အစပိုင်းမှာ ချစ်မြတ်နိုးမှု ပါဝင်သယောင် ထင်ရပေမယ့် ကြာလာတာနဲ့ ခံစားလာရပါတယ်။ လိုအပ်တဲ့သူတွေဟာ သူတို့ ခန္ဓာကိုယ်ထဲက ကွက်လပ်တစ်ခုကို သင်နဲ့ ဖြည့်ဖို့ ကြိုးစားနေသူတွေပါ။ ယောက်ျားတစ်ယောက်က ငယ်ငယ်က မရခဲ့တဲ့ မိခင်မေတ္တာကို ရချင်တာကြောင့် သင့်ဆီချဉ်းကပ်လာသူမျိုးတွေပါ။ မိန်းကလေးဆိုရင်တော့ အဖေပေါ့။

မိန်းမ တစ်ယောက်ဟာ အမေနေရာမှာထားခံလိုက်ရရင် သူ့ရဲ့ လိင်ဆွဲဆောင်မှုဟာ သုညအထိ ကျသွားပါတယ်။

Mr. Nice Guy တွေ၊ နှစ်သိမ့်သူတွေ၊ လိုအပ်သူတွေ အားလုံးမှာ ဘုံတူညီတာရှိပါတယ်။ သူတို့အားလုံးဟာ အလွန်အကျွံပေးဆပ်သူတွေပါပဲ။

ချစ်သူကို အလေးထားတာ၊ ဦးစားပေးတာက သဘာဝကျပေမယ့် အလွန်အကျွံ လုပ်တာကတော့ ပုံမလာပါဘူး။ ပျော့ညံ့လွန်းတဲ့ မိန်းကလေး၊ ယောက်ျားဆန်လွန်းတဲ့ မိန်းကလေးတွေကို ယောကျ်ားတွေ မကြိုက်သလိုပဲ မိန်းမတွေကလဲ ကိုယ့်ဘာသာ ကိုယ် ဂရုစိုက်နိုင်ပြီး ကိုယ့်စိတ်ထဲက လိုအပ်ချက်တွေကို ကိုယ့်ဘာသာ ဖြည့်ဆည်းပေးနိုင်သူတွေကိုပဲ လိုချင်ကြတာပါ။

ဘဝ အစပိုင်းမှာ ခါးသီးတဲ့ အတွေ့အကြုံတွေ ရှိခဲ့တဲ့ ယောက်ျားလေး၊ မိန်းကလေးတွေဟာ အချစ်ကိုရဖို့ နှစ်သိမ့်လိုကြပါတယ်။ ပေးဆပ်လိုကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်မာန၊ ကိုယ်ပိုင်လေးစားမှုကို အလွန်အကျွံ ပေးဆပ်ခြင်းနဲ့ မြှင့်တင်ကြပါတယ်။

ကိုယ့်လိုအပ်ချက်ကို ကိုယ့်ဘာသာ ဖြည့်နိုင်မှ ကျန်းမာတဲ့ ချစ်ဇာတ်လမ်းတစ်ခု ထူထောင်နိုင်မှာပါ။ ကိုယ့်ချစ်သူကို အသုံးချပြီး ဖြည့်လို့ မရပါဘူး။

မိန်းမတွေဟာ လူကောင်းတွေကို မကြိုက်ကြတာ မဟုတ်ပါဘူး။ လူကောင်း အစစ်အမှန်တွေကိုပဲ လိုချင်ကြတာပါ။

Credit:Gentleman Magazine


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top