iMyanmarHouse.com - Best Property Website for Myanmar
×
၃။ အရမ်းကြာရင်
၎။ တွယ်ကပ်လွန်းရင်
၅။ သဝန်အရမ်းတိုရင်
၆။ အတင်းအရမ်းပြောရင်
၈။ လောဘကြီးရင်
Credit : Duwun
ပို့သပေးပါတယ်။
Unicode Version
တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်ကြတယ်ဆိုဆို တစ်ယောက်နဲ့ ပတ်သက်သမျှ အရာအားလုံးကိုတော့ လိုက်ပြီး နှစ်သက်ပေးမနေနိုင်တာ သဘာဝဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေ မုန်းတီးတဲ့ အမျိုးသမီးများရဲ့ အမူအကျင့် (၈) မျိုး ရှိပါတယ်။
၁။ ဟာသကို လိုက်မရယ်ပေးရင်
အမျိုးသားတွေ ဟာသတစ်ခုခု ပြောလိုက်ရင် အလိုက်သင့်လေး လိုက်ရယ်ပေးပါ။ သင်သိပြီးသား ဆိုရင်တောင်မှ သူကျေနပ်အောင် နည်းနည်းရယ်ပေးပါ။
၂။ အလွမ်းဇာတ်တွေ အရမ်းခင်းရင်
ဖြစ်သမျှ ကိစ္စတိုင်းဟာ သူတို့အတွက် ခံစားရသလို ပတ်ဝန်းကျင်ထင်အောင် ပြောနေပြီး အမျိုးသားတွေကို လူဆိုးကြီးဖြစ်အောင် လုပ်မယ်ဆိုရင်လည်း အမျိုးသားတွေ မုန်းကြပါတယ်။
၃။ အရမ်းကြာရင်
အမျိုးသားတွေမှာလည်း လုပ်စရာမရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်တွေဘာတွေသွားတဲ့အခါ အချိန်အရမ်းယူနေရင် အမျိုးသားတွေ စိတ်မရှည်ကြပါဘူး။
၄။ တွယ်ကပ်လွန်းရင်
ချစ်တာက ချစ်တာပါပဲ။ အတိုင်းအတိုင်းကို ကျော်လွန်ပြီး လွတ်လပ်ခွင့်ကို ပိတ်ပင်လောက်တဲ့အထိ အရမ်းတွယ်ကပ်နေရင်အမျိုးသားတွေ မုန်းကြပါတယ်။ ဥပမာ ဘယ်သွားသွား လိုက်မယ်ဆိုတာမျိုးတွေပါ။
၅။ သဝန်အရမ်းတိုရင်
သဝန်တိုတာ မိန်းကလေးတွေသဘာဝပါ။ သဘာဝကျကျ သဝန်တိုမယ်ဆိုရင် အမျိုးသားတွေက ကြိတ်ပြီးသဘောကျပေမဲ့ အလွန်အကျွံဖြစ်လာရင် မုန်းကြပါတယ်။
၆။ အတင်းအရမ်းပြောရင်
ဝါသနာပါတယ်ဆိုရင် သူငယ်ချင်းတွေနဲ့ပဲပြောပါ။ သူများတွေရဲ့ အကြောင်းက အမျိုးသားတွေ သိပ်စိတ်မဝင်စားကြပါဘူး။
၇။ ရည်းစားဟောင်းအကြောင်း
သဘောထားကြီးတယ်ဆိုပေမဲ့ ရည်းစားဟောင်းအကြောင်း ခဏခဏ ပြောနေရင်လည်း အမျိုသားတွေ စိတ်ကုန်သွားပါလိမ့်မယ်။
၈။ လောဘကြီးရင်
သာမန်လူတိုင်းမှာ လောဘက အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။ ဒါပေမဲ့ သင်က ငွေကို သာမန်ထက်ပိုပြီး တမ်းတမ်းစွဲ မက်နေရင် ချစ်သူတွေစိတ်ကုန်သွားတတ်ကြပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top