iMyanmarHouse.com - Best Property Website for Myanmar
×

၁။ သူမရဲ႕ဆံႏြယ္ေလးေတြနဲ႔ ကစားပါ။ ဒါက ႐ႈပ္ေထြးတဲ့အလုပ္မဟုတ္ပါဘူး။ သူမရဲ႕ ဦးေခါင္းနဲ႔ ဆံႏြယ္ေလးေတြကို ပြတ္သပ္က်ီဇယ္ေပး႐ုံပါပဲ။

၂။ ႏွစ္ေယာက္စလံုးၾကိဳက္တဲ့ ႐ုပ္သံအစီအစဥ္တစ္ခုခုကို ၾကည့္ရင္း အခ်ိဳပြဲစားပါ။

၃။ ညစာကို ဘယ္မွာစားခ်င္သလဲဆိုတာကို သူမကိုေမးေနမယ့္အစား သူမႀကိဳက္တတ္တာေလးကို စဥ္းစားၿပီး ေရြးခ်ယ္ပါ။ ဒါမွမဟုတ္ သြားစားခ်င္တဲ့ ေနရာသံုးခုေျပာျပၿပီး သူမကိုေရြးခိုင္းပါ။ ႏွစ္ဦးစလံုးအတြက္ အေကာင္းဆံုးပါပဲ။

၄။ အတူအိပ္မယ္ဆိုရင္ သူမေရခ်ိဳးေနတုန္း အိပ္ရာခင္းေပးထားပါ။

၅။ အေရးႀကီးအလုပ္ကိစၥတစ္ခုလုပ္ၿပီး သူမအိမ္ျပန္လာခ်ိန္မွာ သူမႀကိဳက္တတ္တဲ့စားစရာတစ္ခုခု မွာေကၽြးတာ ဒါမွမဟုတ္ ခ်က္ေကၽြးတာမ်ိဳး လုပ္ေပးပါ။

၆။ သင့္နဲ႔အတူညဖက္အျပင္ထြက္လည္ခ်ိန္မွာ ေဒါက္ဖိနပ္အလန္းေလးစီးလာတယ္ဆိုရင္ အိမ္ျပန္ဖို႔အတြက္ တကၠစီငွားဖို႔ မေမ့ပါနဲ႔။

၇။ အလုပ္ပိတ္ရက္မွာ သူမလုပ္စရာကိစၥေတြထဲက တစ္ခုခုကို ကူလုပ္ေပးပါ။ ဟင္းခ်က္စရာသြား၀ယ္ေပးတာပဲ ျဖစ္ျဖစ္၊ အေသးအမႊားကိစၥေလးပဲျဖစ္ျဖစ္ လုပ္ေပးပါ။

၈။ သူမ ခရီးတစ္ခုခုသြားဖို႔ရွိရင္ပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ ဘာအေၾကာင္းမွမရွိပဲနဲ႔လည္း ၀တ္လို႔ေကာင္းၿပီး ခ်စ္စရာေကာင္းတဲ့ ည၀တ္အကၤီ်တစ္ထည္ေလာက္ လက္ေဆာင္ေပးလိုက္ပါ။

၉။ သူမကို အၾကင္နာေပးတဲ့အခ်ိန္တိုင္း မ်က္ႏွာေလးကို လက္ႏွစ္ဖက္နဲ႔ တယုတယကိုင္ထားပါ။

၁၀။ သူမၾကိဳက္တဲ့ပစၥည္းေလးေတြ ၀ယ္ေပးပါ။ ေစ်းႀကီးၿပီး စိတ္ကူးယဥ္ဆန္စရာမလိုပါဘူး။ လက္သည္းအေရာင္တင္ဆီပဲျဖစ္ျဖစ္၊ ဒီဇိုင္းဆန္းဆန္းနဲ႔ တီရွပ္တစ္ထည္ပဲျဖစ္ျဖစ္ သူမႀကိဳက္မယ္ထင္တဲ့ ပစၥည္းေလးေတြ ၀ယ္ေပးရင္ျဖစ္ပါတယ္။

၁၁။ အျခားသူေတြေရွ႕ ေမွ်ာ္လင့္မထားတဲ့အခ်ိန္မွာ သူမကို ၾကင္နာေၾကာင္းေဖာ္ျပတဲ့အေနနဲ႔ တယုတယေပြ႕ဖက္ပါ။

၁၂။ သူမႀကိဳက္တတ္တဲ့ ေဖ်ာ္ရည္အတြက္ လိုအပ္တာေတြ ၀ယ္ထားၿပီး အတူတူေဖ်ာ္ေသာက္ပါ။

၁၃။ ဘာအလုပ္မွမလုပ္ပဲ ႏွစ္ေယာက္အတူ အိမ္မွာ ဇာတ္လမ္းၾကည့္၊ စားေသာက္ဖြယ္ရာေတြမွာစားတာ ဒါမွမဟုတ္ အျပင္ေလွ်ာက္လည္တာမ်ိဳး တစ္ရက္ေလာက္ေတာ့ လုပ္ေဆာင္ပါ။

၁၄။ အလုပ္ပိတ္ရက္မွာ လုပ္လို႔ရတဲ့ ေပ်ာ္စရာကိစၥေတြကို စာရင္းလုပ္ထားပါ။ ေသာၾကာေန႔နံနက္မွာ သူမဆီကို Message ေပးပို႔ၿပီး တစ္ခုေရြးခိုင္းပါ။

၁၅။ တခ်ိဳ႕ကိစၥေလးေတြကအစ ဂရုစိုက္ပါ။ ႏွစ္လိုဖြယ္ရာေကာင္းတဲ့ ဂ႐ုစိုက္မႈမ်ိဳးျဖစ္သင့္ပါတယ္။ ထိန္းခ်ဳပ္တာမ်ိဳးမျဖစ္သင့္ပါဘူး။ ဥပမာ မိုးရြာခါနီး အျပင္သြားမယ္ဆိုရင္ ထီးယူသြားဖို႔ သတိေပးတာမ်ိဳး ျဖစ္ပါတယ္။

၁၆။ သူမအတြက္ ေန႔လည္စာျပင္ဆင္ေပးပါ။ အလုပ္ကို ေန႔လည္စာသြားပို႔ေပးတာမ်ိဳးလုပ္လို႔ရပါတယ္။

၁၇။ သူမအလွျပင္တာကို ကူညီေပးၾကည့္ပါ။ သင့္လုပ္တတ္စရာမလိုပါဘူး။ ႏွစ္ဦးစလံုးေပ်ာ္ရဖို႔သက္သက္ျဖစ္ပါတယ္။ ဒါမွမဟုတ္ သင့္ကိုျပင္ခိုင္းၾကည့္ပါ။

၁၈။ သူမရဲ႕ေမြးေန႔တို႔ ၊ ႏွစ္ပတ္လည္ေန႔တို႔ကို ေမ့ခ်င္ေယာင္ေဆာင္ထားၿပီး ဘာေတြစီစဥ္ထားတယ္ဆိုတာကို အခ်ိန္နီးမွ ဖြင့္ေျပာပါ။

၁၉။ ဘာအေၾကာင္းမွမရွိလည္း သူမေက်ာျပင္ကို ပြတ္သပ္ေပးပါ။

၂၀။ ႏွစ္ေယာက္စလံုး ႀကိဳက္တဲ့ ႐ုပ္သံအစီအစဥ္တစ္ခုကို ပံုမွန္အတူေစာင့္ၾကည့္ပါ။


Credit:Gentleman Magazine

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁။ သူမရဲ့ဆံနွယ်လေးတွေနဲ့ ကစားပါ။ ဒါက ရှုပ်ထွေးတဲ့အလုပ်မဟုတ်ပါဘူး။ သူမရဲ့ ဦးခေါင်းနဲ့ ဆံနွယ်လေးတွေကို ပွတ်သပ်ကျီဇယ်ပေးရုံပါပဲ။

၂။ နှစ်ယောက်စလုံးကြိုက်တဲ့ ရုပ်သံအစီအစဉ်တစ်ခုခုကို ကြည့်ရင်း အချိုပွဲစားပါ။

၃။ ညစာကို ဘယ်မှာစားချင်သလဲဆိုတာကို သူမကိုမေးနေမယ့်အစား သူမကြိုက်တတ်တာလေးကို စဉ်းစားပြီး ရွေးချယ်ပါ။ ဒါမှမဟုတ် သွားစားချင်တဲ့ နေရာသုံးခုပြောပြပြီး သူမကိုရွေးခိုင်းပါ။ နှစ်ဦးစလုံးအတွက် အကောင်းဆုံးပါပဲ။

၄။ အတူအိပ်မယ်ဆိုရင် သူမရေချိုးနေတုန်း အိပ်ရာခင်းပေးထားပါ။

၅။ အရေးကြီးအလုပ်ကိစ္စတစ်ခုလုပ်ပြီး သူမအိမ်ပြန်လာချိန်မှာ သူမကြိုက်တတ်တဲ့စားစရာတစ်ခုခု မှာကျွေးတာ ဒါမှမဟုတ် ချက်ကျွေးတာမျိုး လုပ်ပေးပါ။

၆။ သင့်နဲ့အတူညဖက်အပြင်ထွက်လည်ချိန်မှာ ဒေါက်ဖိနပ်အလန်းလေးစီးလာတယ်ဆိုရင် အိမ်ပြန်ဖို့အတွက် တက္ကစီငှားဖို့ မမေ့ပါနဲ့။

၇။ အလုပ်ပိတ်ရက်မှာ သူမလုပ်စရာကိစ္စတွေထဲက တစ်ခုခုကို ကူလုပ်ပေးပါ။ ဟင်းချက်စရာသွားဝယ်ပေးတာပဲ ဖြစ်ဖြစ်၊ အသေးအမွှားကိစ္စလေးပဲဖြစ်ဖြစ် လုပ်ပေးပါ။

၈။ သူမ ခရီးတစ်ခုခုသွားဖို့ရှိရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာအကြောင်းမှမရှိပဲနဲ့လည်း ဝတ်လို့ကောင်းပြီး ချစ်စရာကောင်းတဲ့ ညဝတ်အင်္ကျီတစ်ထည်လောက် လက်ဆောင်ပေးလိုက်ပါ။

၉။ သူမကို အကြင်နာပေးတဲ့အချိန်တိုင်း မျက်နှာလေးကို လက်နှစ်ဖက်နဲ့ တယုတယကိုင်ထားပါ။

၁၀။ သူမကြိုက်တဲ့ပစ္စည်းလေးတွေ ဝယ်ပေးပါ။ ဈေးကြီးပြီး စိတ်ကူးယဉ်ဆန်စရာမလိုပါဘူး။ လက်သည်းအရောင်တင်ဆီပဲဖြစ်ဖြစ်၊ ဒီဇိုင်းဆန်းဆန်းနဲ့ တီရှပ်တစ်ထည်ပဲဖြစ်ဖြစ် သူမကြိုက်မယ်ထင်တဲ့ ပစ္စည်းလေးတွေ ဝယ်ပေးရင်ဖြစ်ပါတယ်။

၁၁။ အခြားသူတွေရှေ့ မျှော်လင့်မထားတဲ့အချိန်မှာ သူမကို ကြင်နာကြောင်းဖော်ပြတဲ့အနေနဲ့ တယုတယပွေ့ဖက်ပါ။

၁၂။ သူမကြိုက်တတ်တဲ့ ဖျော်ရည်အတွက် လိုအပ်တာတွေ ဝယ်ထားပြီး အတူတူဖျော်သောက်ပါ။

၁၃။ ဘာအလုပ်မှမလုပ်ပဲ နှစ်ယောက်အတူ အိမ်မှာ ဇာတ်လမ်းကြည့်၊ စားသောက်ဖွယ်ရာတွေမှာစားတာ ဒါမှမဟုတ် အပြင်လျှောက်လည်တာမျိုး တစ်ရက်လောက်တော့ လုပ်ဆောင်ပါ။

၁၄။ အလုပ်ပိတ်ရက်မှာ လုပ်လို့ရတဲ့ ပျော်စရာကိစ္စတွေကို စာရင်းလုပ်ထားပါ။ သောကြာနေ့နံနက်မှာ သူမဆီကို Message ပေးပို့ပြီး တစ်ခုရွေးခိုင်းပါ။

၁၅။ တချို့ကိစ္စလေးတွေကအစ ဂရုစိုက်ပါ။ နှစ်လိုဖွယ်ရာကောင်းတဲ့ ဂရုစိုက်မှုမျိုးဖြစ်သင့်ပါတယ်။ ထိန်းချုပ်တာမျိုးမဖြစ်သင့်ပါဘူး။ ဥပမာ မိုးရွာခါနီး အပြင်သွားမယ်ဆိုရင် ထီးယူသွားဖို့ သတိပေးတာမျိုး ဖြစ်ပါတယ်။

၁၆။ သူမအတွက် နေ့လည်စာပြင်ဆင်ပေးပါ။ အလုပ်ကို နေ့လည်စာသွားပို့ပေးတာမျိုးလုပ်လို့ရပါတယ်။

၁၇။ သူမအလှပြင်တာကို ကူညီပေးကြည့်ပါ။ သင့်လုပ်တတ်စရာမလိုပါဘူး။ နှစ်ဦးစလုံးပျော်ရဖို့သက်သက်ဖြစ်ပါတယ်။ ဒါမှမဟုတ် သင့်ကိုပြင်ခိုင်းကြည့်ပါ။

၁၈။ သူမရဲ့မွေးနေ့တို့ ၊ နှစ်ပတ်လည်နေ့တို့ကို မေ့ချင်ယောင်ဆောင်ထားပြီး ဘာတွေစီစဉ်ထားတယ်ဆိုတာကို အချိန်နီးမှ ဖွင့်ပြောပါ။

၁၉။ ဘာအကြောင်းမှမရှိလည်း သူမကျောပြင်ကို ပွတ်သပ်ပေးပါ။

၂၀။ နှစ်ယောက်စလုံး ကြိုက်တဲ့ ရုပ်သံအစီအစဉ်တစ်ခုကို ပုံမှန်အတူစောင့်ကြည့်ပါ။


Credit:Gentleman Magazine



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top