iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Duwun



Unicode Version

စင်ဒရဲလားနဲ့သူရဲကောင်းလေးဦး ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အန်ဂျေဟွန်းက ဇနီးဖြစ်သူ ဂိုဟေဆန်းကြောင့်  သူ့ရဲ့အနုပညာအပေါ်သက်ရောက်လာမှုကို ပြောပြခဲ့ပါတယ်။

" ကျွန်တော်လက်ထပ်ပြီးနောက် ပထမဆုံးရိုက်တဲ့ ဒရာမာဇာတ်ပါ။ ဒီကားကိုရိုက်တော့ အရမ်းကိုစိတ်သက်သက်သာသာနဲ့ ပါဝင်နိုင်ခဲ့တယ်။ အလုပ်ကိုလည်း ပိုပြီးအာရုံစိုက်နိုင်ခဲ့လို့ သူမ (ဂိုဟေဆန်း)ကို ကျေးဇူးတင်မိပါတယ်" လို့ အန်ဂျေဟွန်းက ဆိုပါတယ်။

သူ့ရဲ့ဇာတ်ကားဟာ ဂိုဟေဆန်းသရုပ်ဆောင်ခဲ့တဲ့ Boys Over Flowers (F4) ဇာတ်နဲ့ ခပ်ဆင်ဆင်တူတာကြောင့် ဘယ်လိုနေရာမှာ ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာကို ဂိုဟေဆန်းက ခင်ပွန်းသည်ကို အကြံပေးခဲ့တယ်လို့ သိရပါတယ်။ Cindrella and Four Knights ဇာတ်လမ်းကလည်း ဂိုဟေဆန်းနာမည်ကြီးခဲ့တဲ့ F4 ကားထဲကလို မိန်းကလေးတစ်ယောက်နားမှာ ယောက်ျားလေးယောက် ဝိုင်းနေကြတဲ့ဇာတ်မျိုး ဖြစ်ပါတယ်။ ဒီကားကို သြဂုတ် ၁၂ ရက်မှာ KST ရုပ်သံလိုင်းက စတင်ပြသတော့မှာဖြစ်ပါတယ်။


Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top