iMyanmarHouse.com - Best Property Website for Myanmar
×

 ေတာင္ကိုရီးယားႏွင့္ တ႐ုတ္ႏိုင္ငံတို႔အၾကား ႏိုင္ငံေရး အဆင္မေျပမႈ သတင္းမ်ားထြက္ ေနစဥ္ ေတာင္ကိုရီးယားထိပ္တန္း သ႐ုပ္ေဆာင္ႏွစ္ဦးျဖစ္ေသာ ကင္ ဝူဘင္းႏွင့္ ဆူဇီတို႔ျပဳလုပ္မည့္ တ႐ုတ္ႏိုင္ငံ၌ ပရိသတ္ေတြ႕ဆံုပြဲ ကို ဖ်က္သိမ္းလိုက္သည္ဟု တာဝန္ရွိသူတစ္ဦးက ေျပာသည္။

Uncontrollably Fond ဒရာ မာဇာတ္လမ္းတြဲမွ အဓိကသ႐ုပ္ ေဆာင္မ်ားျဖစ္ေသာ ကင္ဝူဘင္း ႏွင့္ ဆူဇီတို႔သည္ ၾသဂုတ္ ၆ ရက္ တြင္ တ႐ုတ္ႏိုင္ငံ၌ ပရိသတ္ေတြ႕ ဆံုပြဲျပဳလုပ္ရန္ စီစဥ္ခဲ့ေသာ္လည္း ပြဲစီစဥ္သူမ်ားက မေရရာေသာ အေၾကာင္းျပခ်က္ျဖင့္ ပြဲကို ဖ်က္ သိမ္းခဲ့သည္ဟု ဇာတ္လမ္းတြဲ ထုတ္လုပ္သည့္ ကုမၸဏီ Sam-hwa Networks မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။


‘‘Youku က ပရိသတ္ေတြ႕ ဆံုပြဲကို ဖ်က္သိမ္းတယ္လို႔ အေၾကာင္းၾကားပါတယ္။ ပရိသတ္ေတြ႕ဆံုပြဲကို ႀကိဳတင္စီစဥ္ထားတာမို႔  စီစဥ္တဲ့ေနရာမွာ  ဘာ ျပႆနာမွ မရွိပါဘူး။ တိက်တဲ့ အေၾကာင္းျပခ်က္က ဘာလဲဆို တာ ေျပာဖို႔ခက္ပါတယ္’’ဟု အမည္မေဖာ္လိုေသာ တာဝန္ရွိသူကေျပာသည္။

Uncontrollably Fond ဒရာ မာဇာတ္လမ္းတြဲကို ေတာင္ကို ရီးယားႏိုင္ငံႏွင့္ တ႐ုတ္ဗီဒီဝက္ဘ္ဆိုက္ Youku ၌ ဇူလိုင္ ၆ ရက္မွ စ၍ တစ္ၿပိဳင္နက္ ျပသလ်က္ရွိ သည္။ တ႐ုတ္အစိုးရသည္ ေတာင္ကိုရီးယားႏိုင္ငံ၌ အေမရိ ကန္ ဒံုးခြင္းဒံုးစနစ္ ခ်ထားမည့္ ေတာင္ကိုရီးယားအစိုးရ၏ ဆံုး ျဖတ္ခ်က္ကို လက္တံု႔ျပန္ရန္ စီး ပြားေရးႏွင့္ အျခားေသာ နည္း လမ္းမ်ားကို အသံုးခ်ေနျခင္းျဖစ္ ႏိုင္သည္ဟု ထင္ျမင္ယူဆမႈမ်ားရွိ ေနသည္။

Credit: Korea Time

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

 တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အကြား နိုင်ငံရေး အဆင်မပြေမှု သတင်းများထွက် နေစဉ် တောင်ကိုရီးယားထိပ်တန်း သရုပ်ဆောင်နှစ်ဦးဖြစ်သော ကင် ဝူဘင်းနှင့် ဆူဇီတို့ပြုလုပ်မည့် တရုတ်နိုင်ငံ၌ ပရိသတ်တွေ့ဆုံပွဲ ကို ဖျက်သိမ်းလိုက်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

Uncontrollably Fond ဒရာ မာဇာတ်လမ်းတွဲမှ အဓိကသရုပ် ဆောင်များဖြစ်သော ကင်ဝူဘင်း နှင့် ဆူဇီတို့သည် သြဂုတ် ၆ ရက် တွင် တရုတ်နိုင်ငံ၌ ပရိသတ်တွေ့ ဆုံပွဲပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပွဲစီစဉ်သူများက မရေရာသော အကြောင်းပြချက်ဖြင့် ပွဲကို ဖျက် သိမ်းခဲ့သည်ဟု ဇာတ်လမ်းတွဲ ထုတ်လုပ်သည့် ကုမ္ပဏီ Sam-hwa Networks မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


‘‘Youku က ပရိသတ်တွေ့ ဆုံပွဲကို ဖျက်သိမ်းတယ်လို့ အကြောင်းကြားပါတယ်။ ပရိသတ်တွေ့ဆုံပွဲကို ကြိုတင်စီစဉ်ထားတာမို့  စီစဉ်တဲ့နေရာမှာ  ဘာ ပြဿနာမှ မရှိပါဘူး။ တိကျတဲ့ အကြောင်းပြချက်က ဘာလဲဆို တာ ပြောဖို့ခက်ပါတယ်’’ဟု အမည်မဖော်လိုသော တာဝန်ရှိသူကပြောသည်။

Uncontrollably Fond ဒရာ မာဇာတ်လမ်းတွဲကို တောင်ကို ရီးယားနိုင်ငံနှင့် တရုတ်ဗီဒီဝက်ဘ်ဆိုက် Youku ၌ ဇူလိုင် ၆ ရက်မှ စ၍ တစ်ပြိုင်နက် ပြသလျက်ရှိ သည်။ တရုတ်အစိုးရသည် တောင်ကိုရီးယားနိုင်ငံ၌ အမေရိ ကန် ဒုံးခွင်းဒုံးစနစ် ချထားမည့် တောင်ကိုရီးယားအစိုးရ၏ ဆုံး ဖြတ်ချက်ကို လက်တုံ့ပြန်ရန် စီး ပွားရေးနှင့် အခြားသော နည်း လမ်းများကို အသုံးချနေခြင်းဖြစ် နိုင်သည်ဟု ထင်မြင်ယူဆမှုများရှိ နေသည်။

Credit: Korea Time


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top