iMyanmarHouse.com - Best Property Website for Myanmar
×

ပင္ပန္းႏြမ္းနယ္ ေနခ်ိန္မွာ ေရစိမ္ကန္ထဲ စိမ္ခ်ဳိးတာက ပင္ပန္းမႈ ေျပေလ်ာ့ၿပီး စိတ္ကို လန္းဆန္းသြားေစပါတယ္။  ခ်ဳိးေရထဲ ေရခ်ဳိးေပါင္ဒါမႈန္႔ ဒါမွမဟုတ္ ေရခ်ဳိးဆီ ထည့္ေပးတာက စိတ္နဲ႔ခႏၶာကို အနားရေစပါတယ္။ ေဆးပညာ ကုထံုးဂ်ာနယ္ရဲ႕ ေလ့လာမႈအရ စိတ္ပူပင္ေသာက မ်ားေနသူေတြအတြက္ ေန႔စဥ္ ၾကက္သီးေႏြးေရထဲ စိမ္ၿပီးခ်ဳိးတာ ရွစ္ပတ္ၾကာတဲ့အခါ ရရွိတဲ့ အာနိသင္ဟာ ဆရာဝန္ ၫႊန္ၾကားတဲ့ ေဆးေသာက္တာထက္ ပိုမိုအာနိသင္ ရရွိႏိုင္တယ္လို႔ သိရပါတယ္။ ေရခ်ဳိးသင့္တဲ့ တျခား အေၾကာင္းရင္းေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

(၁) အေရျပား ေျခာက္ေသြ႕ ညစ္ႏြမ္းမႈကို ကင္းေဝးပါတယ္
ေရထဲကို ဂ်ဳံမႈန္႔အနည္းငယ္ထည့္ၿပီး ေရခ်ဳိးေပးတဲ့အခါ ယားယံ ေရာင္ရမ္းေနတဲ့ အေရျပားကို အနာက်က္ေစၿပီး အေရျပား ေျခာက္ေသြ႕ ညစ္ႏြမ္းမႈကို ကင္းေဝးေစပါတယ္။ ဂ်ဳံမႈန္႔ထဲမွာ ပါဝင္တဲ့ ဓာတ္ေပါင္းဟာ အနာက်က္ေစတဲ့ အာနိသင္ရွိလို႔ပါ။ ဂ်ဳံမႈန္႔ကို သန္႔ရွင္းေျခာက္ေသြ႕တဲ့ ေျခအိတ္ထဲကို ထည့္ၿပီး သားေရကြင္းနဲ႔ ခ်ည္ၿပီး ပိတ္လိုက္ပါ။ အဲဒီအိတ္ကို ေရေႏြး ဒါမွမဟုတ္ ေရေအးထည့္ထားတဲ့ ေရခ်ဳိးကန္ထဲ ထည့္လိုက္ၿပီး အခ်ိန္ ၁၅-၂၀ မိနစ္ခန္႔ စိမ္ၿပီး ခ်ဳိးေပးရမွာ ျဖစ္ပါတယ္။

(၂) ဦးေႏွာက္ကို အားျဖည့္ ေပးႏိုင္ပါတယ္
ေရခ်ဳိးကန္ထဲကို မရွိမျဖစ္ဆီ (Essential Oil) ထည့္ၿပီး ေရထဲစိမ္ခ်ဳိးေပးပါ။ ေမႊးရနံ႔ဆီေတြက မွတ္ဉာဏ္ကို တိုးတက္ ေကာင္းမြန္ေစသလို စိတ္ဖိစီးမႈကိုလည္း ေျပေလ်ာ့ သြားေစပါတယ္။

(၃) အေအးမိေဝဒနာကို တြန္းလွန္ႏိုင္ပါတယ္
ၾကက္သီးေႏြးေရ ခ်ဳိးေပးတာက ႏွာေခါင္းပိတ္တာကို သက္သာေစၿပီး ခႏၶာကိုယ္ ကိုက္ခဲနာက်င္မႈကို ေလ်ာ့ပါးေစပါတယ္။ ေရခ်ဳိးရင္း အပန္းေျဖတာက ဦးေႏွာက္ထဲက နာက်င္ကိုက္ခဲမႈ ေလ်ာ့က်ေစတဲ့ အန္ေဒၚဖင္ ေဟာ္မုန္းကို အထြက္တိုးေစလို႔ပါ။

(၄) ညဘက္ ေကာင္းေကာင္း အိပ္ေမာက်ေစပါတယ္
ညဘက္မွာ ေရခ်ဳိးလိုက္တဲ့အခါ ခႏၶာကိုယ္ အပူခ်ိန္ ေလ်ာ့က်သြားၿပီး ခႏၶာကိုယ္ကေန မယ္လတိုနင္လို႔ေခၚတဲ့ ေဟာ္မုန္း အထြက္တိုးေစပါတယ္။ အိပ္ရာမဝင္ခင္ ၾကက္သီးေႏြးေရ ခ်ဳိးေပးတာက စိတ္နဲ႔ခႏၶာကို လန္းဆန္း သြားေစတာေၾကာင့္ ေကာင္းေကာင္း အိပ္ေမာက်ေစပါတယ္။

(၅) ပင္ပန္းမႈကင္းၿပီး လန္းဆန္း သြားေစပါတယ္
တစ္ေနကုန္ ပင္ပန္းႏြမ္းနယ္ ေနခ်ိန္မွာ ေရခ်ဳိးလိုက္ရင္ ဦးေႏွာက္ထဲမွာ စိတ္ခံစားမႈ ေကာင္းၿပီး အပန္းေျပ လန္းဆန္းေစတဲ့ ေဟာ္မုန္းေတြ ထြက္လာေစပါတယ္။

Credit:Good Health


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှု ပြေလျော့ပြီး စိတ်ကို လန်းဆန်းသွားစေပါတယ်။  ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ်နဲ့ခန္ဓာကို အနားရစေပါတယ်။ ဆေးပညာ ကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ စိတ်ပူပင်သောက များနေသူတွေအတွက် နေ့စဉ် ကြက်သီးနွေးရေထဲ စိမ်ပြီးချိုးတာ ရှစ်ပတ်ကြာတဲ့အခါ ရရှိတဲ့ အာနိသင်ဟာ ဆရာဝန် ညွှန်ကြားတဲ့ ဆေးသောက်တာထက် ပိုမိုအာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြား အကြောင်းရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးပါတယ်
ရေထဲကို ဂျုံမှုန့်အနည်းငယ်ထည့်ပြီး ရေချိုးပေးတဲ့အခါ ယားယံ ရောင်ရမ်းနေတဲ့ အရေပြားကို အနာကျက်စေပြီး အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးစေပါတယ်။ ဂျုံမှုန့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းဟာ အနာကျက်စေတဲ့ အာနိသင်ရှိလို့ပါ။ ဂျုံမှုန့်ကို သန့်ရှင်းခြောက်သွေ့တဲ့ ခြေအိတ်ထဲကို ထည့်ပြီး သားရေကွင်းနဲ့ ချည်ပြီး ပိတ်လိုက်ပါ။ အဲဒီအိတ်ကို ရေနွေး ဒါမှမဟုတ် ရေအေးထည့်ထားတဲ့ ရေချိုးကန်ထဲ ထည့်လိုက်ပြီး အချိန် ၁၅-၂၀ မိနစ်ခန့် စိမ်ပြီး ချိုးပေးရမှာ ဖြစ်ပါတယ်။

(၂) ဦးနှောက်ကို အားဖြည့် ပေးနိုင်ပါတယ်
ရေချိုးကန်ထဲကို မရှိမဖြစ်ဆီ (Essential Oil) ထည့်ပြီး ရေထဲစိမ်ချိုးပေးပါ။ မွှေးရနံ့ဆီတွေက မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေသလို စိတ်ဖိစီးမှုကိုလည်း ပြေလျော့ သွားစေပါတယ်။

(၃) အအေးမိဝေဒနာကို တွန်းလှန်နိုင်ပါတယ်
ကြက်သီးနွေးရေ ချိုးပေးတာက နှာခေါင်းပိတ်တာကို သက်သာစေပြီး ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှုကို လျော့ပါးစေပါတယ်။ ရေချိုးရင်း အပန်းဖြေတာက ဦးနှောက်ထဲက နာကျင်ကိုက်ခဲမှု လျော့ကျစေတဲ့ အန်ဒေါ်ဖင် ဟော်မုန်းကို အထွက်တိုးစေလို့ပါ။

(၄) ညဘက် ကောင်းကောင်း အိပ်မောကျစေပါတယ်
ညဘက်မှာ ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ် အပူချိန် လျော့ကျသွားပြီး ခန္ဓာကိုယ်ကနေ မယ်လတိုနင်လို့ခေါ်တဲ့ ဟော်မုန်း အထွက်တိုးစေပါတယ်။ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေ ချိုးပေးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်း သွားစေတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။

(၅) ပင်ပန်းမှုကင်းပြီး လန်းဆန်း သွားစေပါတယ်
တစ်နေကုန် ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေချိုးလိုက်ရင် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းပြီး အပန်းပြေ လန်းဆန်းစေတဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။


Credit:Good Health




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top